Sabrina မင်းသမီးနဲ့တူတဲ့ မေဂရေ့စ်ပယ်ရီရဲ့ Hair Style အသစ်

0
295

မေဂရေ့စ်ကိုကြည့်ရတာ နိုင်ငံခြားသူလေးလိုပါပဲ။ ဆံပင်အရှည်နဲ့ တုန်းကလည်း တစ်မျိုးလေးချစ်စရာကောင်းတယ်။ ဆံပင်အတိုနဲ့ကျတော့လည်း ဆွဲဆောင်မှုရှိနေပြန်ရော။ မေဂရေ့စ်ရဲ့ Hair Style အသစ်ကတော့…

”မေဂရေ့စ်က အရင်ကတည်းက ဆံပင်အတိုကို ပိုကြိုက်တယ်။ ဒါပေမဲ့ မေဂရေ့စ် အမေကဆံပင်အရှည်ပဲကြိုက်တယ်။ အတိုညှပ်ရင် အရမ်းဆူတာပဲ။ အဲဒါကြောင့်အရှည်နဲ့ အကြာကြီးနေပြီးမှ မထူးတော့ဘူး။ ညှပ်လိုက်တော့မယ် ဆိုပြီးတော့ ညှပ်လိုက်တာ။ တိုက်ဆိုင်တာကတော့ အခု NETFLIX မှာ Sabrina ဆိုတဲ့ကားထွက်နေတယ်လေ။ အဲဒီမင်းသမီးကလည်း ဆံပင်တိုတိုလေးနဲ့ဆိုတော့ မေဂရေ့စ်သူငယ်ချင်းတွေကစနေတယ်။ Sabrina ကြည့်ပြီး ဆံပင်ညှပ်ချလိုက်ပြီပေါ့လေ။ အဲဒီလိုစတယ်”လို့ သူက ပြောပါတယ်။ ပညာရေးကို မိဘကဦးစားပေးသလို ကိုယ်တိုင်ကလည်း ဆည်းပူးတတ် သူလေးမေဂရေ့စ်။ သူ့ရဲ့လက်ရှိပညာရေးကတော့… ”မေဂရေ့စ် အခု Master ကို အွန်လိုင်းမှာ တက်နေတာပါ။ Online Study က ဒီနှစ်မှစတက်တာ။ အစကမတက်ဖူးဘူး။ တအားခက်တာပဲ။ တချို့ဆိုရင် အဝေးသင်တွေ လုပ်တာ။ ဘယ်လိုလုပ်လဲမသိဘူး။ မေဂရေ့စ်အတွက်က တအားကို Focus လုပ်ဖို့ခက်တယ်။ ကျောင်းလည်းသွားစရာမလိုဘူးဆိုတော့ တစ်ခါတလေ မေ့မေ့သွားတယ်”လို့ သိရပါတယ်။ ညီမဖြစ်သူဂျက်ဆီကာပယ်ရီအကြောင်းကိုလည်း မေးဖြစ်တော့ …”ဂျက်စီကာက မေဂရေ့စ်သြစတြေးလျမှာ ကျောင်းတက်ခဲ့တဲ့ တက္ကသိုလ်မှာလိုက်တက်တယ်။ မေဂရေ့စ်ကို Copy လုပ်တယ်။ သူအခု Science Degree လုပ်နေတယ်။ သူလည်း ကျောင်းတစ်ဖက်နဲ့ တအား ပျော်နေတယ်ထင်တယ်”လို့ ညီမဖြစ်သူအကြောင်းကို ပြောပြပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီး မော်ဒယ်လ်ပိုင်းကို သွားဖြစ်နေပေမယ့် မေဂရေ့စ်က အခွင့်အရေးရရင် သရုပ်ဆောင်ပိုင်းကို ကြိုးစားချင်ပါသေးတယ်လို့ ဆိုပါတယ်။ အားပေးကြတဲ့ ပရိသတ်တွေအပေါ်ကိုလည်း မေဂရေ့စ်က… ”မေဂရေ့စ်နဲ့ ဂျက်စီကာကို အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ မေဂရေ့စ်လည်း အများကြီး ကြိုးစားဖို့ရှိပါတယ်။ ဂျက်စီကာလည်း နောက်လကျရင် မြန်မာပြည်ကိုပြန်လာမယ်။ သူ့ရဲ့အခွေ Noize Game 2 ထွက်တော့မယ်လေ။ အဲဒီအခါကျရင်လည်း အားပေးပါဦး”လို့ မေဂရေ့စ်ပယ်ရီကပြော ပြခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံအောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here