ဇာတ်ကားတွေရုံပြိုင်ပြသနေတဲ့အတွက် ဘယ်သူ့ကိုမှ မနစ်နာစေချင်ဘူး သားညီ

0
262

လတ်တလောမှာတော့ သားညီဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ‘အမုန်းတွေခေါက်ထားလိုက်’နဲ့ သူပါဝင် သရုပ်ဆောင်ထားတဲ့ ‘မီ’ရုပ်ရှင်ဇာတ်ကားတို့ကို ရုံပြိုင်အနေနဲ့ပြသလျက်ရှိပါတယ်။ ဇာတ်ကားတစ်ကား ဒါရိုက်တာအဖြစ်နဲ့ နောက်ထပ်ဇာတ်ကားတစ်ကားမှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကြိုးစားထားတာဖြစ်တဲ့အတွက် ဇာတ်ကား နှစ်ကားစလုံးကို အနုပညာအရရော ငွေကြေးအရပါ အောင်မြင်စေချင်တယ်လို့ ဆိုပါတယ်။ အခုလိုမျိုးဇာတ်ကားတွေ ရုံပြိုင်ပြသနေတဲ့အတွက် ထုတ်လုပ်သူတွေရော၊ အနုပညာရှင်တွေပါ နစ်နာစေတယ်လို့ဆိုတဲ့ သားညီက . . .

”ဘယ်သူ့ကိုမှ ထိခိုက်မနစ် နာစေချင်ပါဘူး။ အဲဒီလိုမျိုး ဇာတ်ကားတွေ ရုံတင်ပြသချိန်တိုက်တာများရင် ထုတ်လုပ်သူတွေပဲနစ်နာတယ်။ အနုပညာသမားတွေလည်း နစ်နာပါတယ်။ ထိုက်သင့် သလောက်ရသင့်သလောက်အကျိုးအမြတ်တွေ မရကြဘူးပေါ့။ အကျိုးအမြတ်တွေကို ခွဲဝေယူရတာတွေဖြစ်လာတယ်။ အဲဒီစနစ်ကို နောက်ပြင်ဆင်နိုင်အောင် ကျွန်တော်တို့ကြိုးစားမယ်။ မပြင်နိုင်ရင် နောက်ဒီ့ထက် ပိုဆိုးလာတော့မယ်။ သတ်ကွင်းဆိုရင် ရန်သူနဲ့ ရုံပြိုင်ပြ ရမယ်။ ရန်သူဆို ဦးမီးပွားဇာတ်ကား။ မင်းသားကနေမင်း။ ကျွန်တော့်မိခင်တပ်ရင်း ရွှေစင်ဦးကရိုက်ကူးတဲ့ဇာတ်ကား။ အဲဒါနဲ့ သတ်ကွင်းနဲ့ကျကာမှ ထိပ်တိုက်ကြီးတွေ့တယ်။ ကျွန်တော်တို့လည်းပြင်ဖို့ ပြောတာကြာပါပြီ။ ဘယ်လိုမှကို ပြင်လို့မရဘူး ဖြစ်နေတယ်။ ဘာ့ကြောင့်လဲတော့ ကျွန်တော်လည်းမသိဘူး။ အကုန်လုံးက ပြင်ဆင်ဖို့ကြိုးစားနေတယ်။ ၂ဝ၁၈ နှစ်ကုန်ပိုင်းလောက်မှ ကပ်ပြီးတော့ ဇာတ်ကားတွေရုံတင်ပြသချိန်တိုက်ကုန်တယ်။ ကိုနေတိုးဆိုရင် ၃ ကားဆက်တိုက်ကြီး၊ မီရယ်၊ အမုန်းတွေ ခေါက်ထားလိုက်ရယ်၊ မုန်းစွဲရယ်၊ သတ်ကွင်းမှာလည်း ကိုနေတိုးပါသေးတယ်။ ဒါပေမဲ့ ဧည့်သည် သရုပ်ဆောင်ပဲဆိုတော့ သိပ်တော့ပြဿနာမရှိဘူး”လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here