မင်းသွေးကို အမြဲသတိရနေဦးမယ်ဆိုတဲ့ထွန်းထွန်း

0
241

‘ကြောက်ကြောက်ကြောက် ‘ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်ထွန်းထွန်းက ကြောက် ကြောက်ကြောက် ၂ ရုပ်ရှင်ဇာတ်ကားမှာလည်းပြန်လည် ပါဝင်ဦးမှာပါ။

ဒီရုပ်ရှင်ဇာတ်ကားမှာတော့ အရင်တုန်း က အတူသရုပ်ဆောင်ခဲ့တဲ့ မင်းသွေးမပါဝင်နိုင်တော့တဲ့ အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ထွန်းထွန်းကဆို ပါတယ်။ ညီအစ်ကိုမရှိတဲ့ ထွန်းထွန်းအတွက်ကတော့ မင်းသွေးက သူငယ်ချင်းသံယောဇဉ်၊ ညီအစ်ကို သံယော ဇဉ်ထက်ကို ပိုပြီးခင်တွယ်ခဲ့ကြရသူတွေပါ။ မင်းသွေးဆုံး သွားတဲ့အချိန်မှာ အိပ်ရာထဲမှာ တစ်ပတ်နှစ်ပတ်လောက် ခွေခေါက်ကာ ပူဆွေးဝမ်းနည်းခဲ့ရတဲ့ ထွန်းထွန်းက အင်တာဗျူးတွေလည်း ဖြေကြားနိုင်ခြင်းမရှိခဲ့ပါဘူး။ မင်းသွေးအတွက် စိတ်မကောင်းဖြစ်ခဲ့ရကြောင်းကို ထွန်းထွန်းက …

”ကျွန်တော်ဆိုးနေတုန်းကဆိုရင် ခင်ဗျားဘာလုပ် မှာလဲ အလုပ်တွေပြန်လုပ်သင့်ပြီ။ သူပြောတဲ့စကားဆိုရင် ခင်ဗျားဆိုသီချင်းလည်း ရေး၊ သီချင်းလည်းဆိုနိုင်တယ်။ သရုပ်ဆောင်လည်းလုပ်နိုင်တယ်။ သီချင်းအကြမ်းလေး တွေတီး။ နောက်ဆုံးနေစရာ၊ စားစရာ၊ သွားစရာ၊ လာ စရာမရှိဘူးလား။ ကျွန်တော့်အိမ်လာနေ၊ တစ်ယောက် စာနေစရာ၊ အိပ်စရာ၊ စားစရာပေးနိုင်တယ်။ သူတ ကယ်လည်းခေါ်ထားတယ်။ အဲဒီလိုလူမျိုးလေ။ အခု လိုဖြစ်သွားတော့ စိတ်မကောင်းဘူး”လို့ ဆိုပါတယ်။

ဘုရားရှိခိုးတိုင်းလည်း မင်းသွေးအတွက် အမျှ အတန်းများပေးဝေပြီး အမြဲတမ်းလည်း သတိရနေဦးမှာ ပါလို့ ထွန်းထွန်းက ဆိုပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here