ညီအစ်မနှစ်ယောက်ပေါင်းပြီး သီချင်းခွေထွက်ရှိဖို့ ပြင်ဆင်နေတဲ့ အိအိမွန်

0
212

မြန်မာသံစဉ်သီချင်းတွေကို ပီပြင်အောင်သီဆိုနိုင်တာ ကြောင့် ပရိသတ်တွေရဲ့အားပေးမှုကို ယနေ့အချိန်ထိရရှိနေတဲ့ အဆိုတော်ကတော့ အိအိမွန်ပါ။ လတ်တလောမှာတော့ အိ အိမွန်က ညီမဖြစ်သူ အိအိချွန်နဲ့ ညီအစ်မနှစ်ယောက်ပေါင်းပြီး သီချင်းခွေထွက်ဖို့ စီစဉ်နေတယ်လို့ပြောပြပါတယ်။ သီချင်းခွေ ထွက်ရှိဖို့ စီစဉ်ဖြစ်နေတာနဲ့ပတ်သက်ပြီး အိအိမွန်က ‘အိအိ ချွန်နဲ့ညီအစ်မနှစ်ယောက်ပေါင်းပြီး သီချင်းခွေထွက်ဖို့ အစီ အစဉ်ရှိပါတယ်။ ဒီသီချင်းခွေကို ၁၂ လပိုင်းထွက်ဖို့စီစဉ်ထားတာ အကြောင်းကိစ္စတွေ နည်းနည်းပေါ်လာတဲ့အတွက် နောက်နည်း နည်း ဆုတ်လိုက်ရတယ်။၂ဝ၁၉ ၁ လပိုင်း ၂ လပိုင်းလောက်ထွက် ဖို့စီစဉ်ထားပါတယ်။ သီချင်းတွေကတော့ဆိုပြီးနေပြီ။ မြန်မာ သံစဉ်သီချင်းဟောင်းတွေထဲက သီချင်းကောင်းတွေချည်းပဲ။ အဲဒီအခွေလေးထွက်မယ်။ နောက်ပြီး မြန်မာသံစဉ်အိအိမွန် တစ်ယောက်တည်း တစ်ကိုယ်တော်အခွေထွက်ဖို့လည်းရှိတယ်။ သီချင်းလေးတွေက ပန်းပန်ရင်နန်းဆန်တယ်တို့လိုမျိုး ချစ်ဖို့ ကောင်းတဲ့ သီချင်းလေးတွေပြန်ဆိုမယ်။ အဲဒီအခွေလည်းထွက် ဖို့ရှိပါတယ်”လို့ ပြောပါတယ်။

အနုပညာအလုပ်လုပ်ကိုင်တဲ့အခါ မိသားစုက ဘယ်လိုမျိုး ကူညီပေးဖြစ်လဲဆိုတာကိုလည်း…

”အခုလိုမျိုး အနုပညာအလုပ် တွေလုပ်ဖြစ်အောင် အစ်မရဲ့မိသားစုကတအားကို ထောက်ပံ့ပေး တယ်။ အစ်မအဖေနဲ့အမေဆိုလည်း အစ်မနယ်ပွဲတွေသွားဆို မယ်ဆို ကလေး ကိုကြည့်ပေးတယ်။ ပြီးတော့ အစ်မအမျိုးသား ဆိုလည်း အစ်မကိုအားပေးတယ်။ သူ့စီးပွားရေးကိုလည်း သူ တစ်ဖက်လုပ်ကိုင်တယ်။ အစ်မအသံသွင်းဖို့တွေ၊ ဘာတွေရှိတယ် ဆိုလည်းလိုက်ပို့ပေးတယ်။ အစ်မညီမလေး အိအိချွန်ဆိုလည်း အစ်မကို သူတတ်နိုင်သလောက်ကူ ညီပေးတယ် အဲဒီအတွက် အစ်မရဲ့ မိသားစုကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်”လို့ အိအိမွန်က ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း၊

ဓာတ်ပုံ- ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here