Stable Edge Clothing ဘက်ကိုအချိန်ပေးထားတဲ့ဟစ်ဟော့ပ် အဆိုတော်ချမ်းငြိမ်းကို

0
937

Stable Edge Clothing Three Years Anniversary အထိမ်းအမှတ်အနေနဲ့ရော၊ နှစ်သစ်မှာ အသစ်ထွက်မယ့် ဒီဇိုင်းတွေအတွက်ရော ပြသပွဲပဲခေါ်ခေါ် ရောင်းချပွဲပဲခေါ်ခေါ် အမှတ်တရပွဲလေးတစ်ပွဲကို ဟစ်ဟော့ပ် အဆိုတော်ချမ်းငြိမ်းကိုက နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စီစဉ်ဖြစ်ခဲ့ပါတယ်။ ဟစ်ဟော့ပ်အဆိုတော်တွေကများသောအားဖြင့် သူတို့ဆိုင်တွေမှာသာပွဲ တွေစီစဉ်ဖြစ်ပေမယ့် ထူးခြားတာက ချမ်းငြိမ်းကို အနေနဲ့ ပွဲကို ယောမင်းကြီးလမ်းရှိ Gallery ၆၅ မှာ စီစဉ် ကျင်းပတာဖြစ်ပါတယ်။

”ကျွန်တော်တို့လုပ်နေတဲ့ Clothing က Clothing တစ်ခုထက် ပိုတယ်လို့ ခံစားမိတယ်။ အဲဒီအတွက်ကြောင့် Gallery 65 ပန်းချီတွေပြတဲ့၊ ဓာတ်ပုံတွေ ပြတဲ့နေရာမှာ ကျွန်တော် လုပ်ဖြစ်တာပါ” လို့ သူကဆိုပြီး Stable Edge ရဲ့ အသစ်ထွက်မယ့် ဒီဇိုင်းအသစ်တွေအကြောင်းကိုလည်း”၂ဝ၁၈မှာထွက်လာတာဆိုလို့ ရှိရင် Art ဘက်ကို ပိုသွားဖြစ်တယ်။ နောက်ပိုင်း ကျွန်တော်တို့လုပ်ဖြစ်တာ မိုနာလီဇာဒီဇိုင်းကို ပြန်ပြင်ပြီးလုပ်တာ တို့၊ ကဗျာစာသားတွေနဲ့ ကျောဘက်မှာ ရိုက်ထားတာတို့ အဲဒီလိုမျိုးတွေ ထုတ်ဖြစ်တယ်။ နောက်ပိုင်းတော့ Art ဘက်ကို ပိုသွားဖြစ်ပါမယ်။ အခုကတည်းက ကျွန်တော်တို့ စနေပြီ။ ၂ဝ၁၉၊ ၂ဝ၂ဝ ခုနှစ်လောက်ကျလို့ရှိရင်တော့ Artနဲ့ ပတ်သက်တဲ့ဒီဇိုင်းလေးတွေဘက် ပိုသွားဖြစ်မယ်” လို့ ချမ်းငြိမ်းကိုက ပြောပါတယ်။

ဒီဘက်နောက်ပိုင်း မြန်မာနိုင်ငံက ဟစ်ဟော့ပ်အဆိုတော်တွေထုတ်တဲ့ Clothing တွေကို ဝေဖန်မှုတွေရှိတယ်။ အဓိကကတော့ ကွာလတီပိုင်းရယ်၊ ဈေးနှုန်းပိုင်းရယ်ပေါ့။ Stable Edge ရဲ့ ကွာလတီပိုင်းကို ဘယ်လိုထိန်းလဲလို့ ဆိုတော့…

”အဓိကကတော့ ကျွန်တော်တို့က Market နဲ့ ချိန်တာပေါ့။ Market ထဲမှာ ကျွန်တော်တို့ ဝယ်လိုအားတွေက ပိုက်ဆံကို ဘယ်လောက်သုံးနိုင်လဲ။ ကျွန်တော်တို့က အကောင်းဆုံး ဘယ် လောက် ကွာလတီပေးနိုင်လဲပေါ့။ အဲဒီ ၂ခုကို ချိန်ပြီးတော့မှ ဝယ်လိုအားနဲ့ ကျွန်တော်တို့ထုတ်နိုင်တဲ့ကွာလတီ ကို လုံးဝသေသေချာချာမျှပြီးတော့ ထုတ်ရ တာပေါ့နော်။ အဓိကကတော့ Stable Edge က ဘာကို ထိန်းထားလဲဆိုတော့ ကွာလတီရယ်၊ လုပ်တဲ့ဒီဇိုင်းတွေရယ်ကို သေသေချာချာဂရုစိုက်ပြီးတော့ ထုတ် ထားပါတယ်” လို့ ချမ်းငြိမ်းကိုကပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ-မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here