အနုပညာမှာ အမှားအမှန်နဲ့ ပတ်သက်ရင်သူငယ်ချင်း မိတ်ဆွေဆိုတာ မရှိဘူး နေတိုး

0
165

ရန်ကုန်တိုင်းဒေသကြီးရဲ့ ကျန်းမာရေးသံတမန်တစ်ဦး ဖြစ်တဲ့ ပိုင်ဖြိုးသု ‘မီ’ ရုပ်ရှင်ဇာတ်ကားမှာ ဆေးလိပ်သောက်တာကို ဝေဖန်မှုက အတော်လေးကြီးမား ခဲ့ပါတယ်။ မြန်မာရုပ်ရှင်ကြည့်ပရိ သတ်တွေကြားမှာတော့ တော်တော်လေး ပြောစရာဖြစ်သွားခဲ့ပြီး အနုပညာရှင်တွေနဲ့ ပရိသတ်တော်တော်များများက တော့ ဒီလိုဝေဖန်မှုကို လက်မခံခဲ့ကြပါဘူး။ အခုလိုဝေဖန်မှုတွေ ကြုံရတဲ့ အတွက် အနုပညာကိုဖန်တီးပုံဖော်တဲ့အခါမှာ ဘောင်ကျဉ်းတာမျိုးတွေ ရှိနေမလားဆိုတာကိုတော့ နေတိုးက…

”အခုအချိန်ထိကို အနုပညာ ဖန်တီးရတာ လွတ်လပ်မှုက နိုင်ငံတ ကာနဲ့ ရင်ပေါင်တန်းလို့ တော့ အများကြီး မရသေးဘူး။ ဖန်တီးမှုမှာ စိတ်လွတ်လက်လွတ် ဖန်တီးနိုင်ရင် တော့ အနုပညာက ပိုပြီးပီပြင်မှု ရှိတယ်။ ဒီလိုမျိုးသာ နောက်ထပ် ဖြစ်နေမယ်ဆိုရင် ရုပ်ရှင်အတွက် စိတ်မကောင်းစရာလေးတွေ တွေ့ရ တယ်။ ဒါသည် မီ ဇာတ်ကားရိုက် လိုက်လို့ တခြားမင်းသားမင်းသမီး တွေသည် ရုပ်ရှင်ထဲမှာ အမြဲတမ်း ဆေးလိပ်သောက်ပြနေရမယ်ဆို တာ မျိုး မဟုတ်ဘူးလေ။ မီရဲ့ ဇာတ် ကောင်အရကိုက ရှိခဲ့တာကိုး။ ဆရာ မကြီးရဲ့ ပရိသတ်တွေအတွက် မီက စီးကရက်မသောက်ပြရင်လည်း မရ ဘူး။ နောက်ပြီး စီးကရက်ရဲ့ ဆိုးကျိုး တွေလည်း ပါတဲ့အတွက် ဒီလိုမျိုး ကာရိုက်တာကို ပီပြင်အောင် လုပ် နိုင်တဲ့ ဆင်ဆာမူဝါဒတော့ ရှိသင့် တယ်လို့ ထင်ပါ တယ်” လို့ ပြော ပါတယ်။ အနုပညာသမားတိုင်းက တော့ ဝေဖန်မှုတွေနဲ့ ကြုံရစမြဲပါ။ ကိုယ်တိုင် လည်းဝေဖန်တာကို ကြိုက် နှစ်သက်တဲ့ နေတိုးက…

”ကိုယ်သရုပ်ဆောင်တဲ့အချိန် မှာ လည်း ကိုယ်မမြင်တာကို သူများ က ဝေဖန်ထောက်ပြတာရှိတယ်။ မှန်ကန် တဲ့ဝေဖန်မှု တွေ အပြုသ ဘော ဆောင် တဲ့ဝေဖန်မှုတွေကိုလည်း ကိုယ်ကိုယ်တိုင် ကြိုက်နှစ်သက်တယ်။ ကျွန်တော်တို့ အငြိမ့်ကရင်လည်း အပြုသဘော နဲ့ပြောကြတာပဲ။ အကုန်လုံး ဘယ်သူ့ ကိုမှ မဟုတ်ဘူး။ မြင်ရင် မြင်တဲ့လူကို ပြောတာပဲ။ အနုပညာနဲ့ ပတ်သက် ပြီးတော့ရော အမှားအမှန်နဲ့ ပတ်သက် ရင်သူငယ် ချင်းမိတ်ဆွေ ဆိုတာ မရှိဘူး။ ထောက်ပြဝေဖန် သင့်တာကို တော့ထောက်ပြဝေဖန်ရ မယ်လို့ ကျွန်တော်မြင်ပါတယ်” လို့ ပြောပါ တယ်။

နေတိုးက 7th Sense Production အရင်ရိုက်ကူးခဲ့တဲ့ ‘ကြောက် ကြောက်ကြောက်’ ရုပ်ရှင် ဇာတ်ကားမှာတော့ သရုပ်ဆောင် ပိုင်းအပြင် သရဲမိတ်ကပ်ပိုင်းရော၊ Director of Photography ပိုင်း ကိုပါ တာဝန်ယူခဲ့ပါတယ်။ အခု လက်ရှိ ရိုက်ကူးမယ့် ‘ကြောက် ကြောက် ကြောက် ၂’ ရုပ်ရှင် ဇာတ်ကားမှာ တော့ ရိုက်ကူးမှုပိုင်းမှာ တခြားပ ရော်ဖက်ရှင်နယ်ပိုင်းတွေ ကိုပဲ ငှားထားတာဖြစ်ပြီး ကိုယ်တိုင် ကတော့သရုပ်ဆောင်ပိုင်းကိုပဲ ဦးစား ပေးသွားမှာပါ။ ဒီဇာတ်ကားက သည်း ထိတ်ရင်ဖိုစရာရော၊ ဟာသရသပါ ပေးမယ့် ရုပ်ရှင်မျိုးပါ။ အရင်ဇာတ် ကားမှာတော့ နယ်တစ်နယ်ကို အ ခြေခံကာရိုက်ကူးခဲ့တာဖြစ်ပြီး အခု ဇာတ် ကားကတော့ ဘတ်စ်ကားနဲ့ ခရီးသွား ခြင်းအပေါ်မှာ ဟာသ အနေနဲ့ ရိုက်ကူးသွား မှာဖြစ်ပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here