မောင်လေး သျှင်းမြတ် ကိုအောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်စေချင်သူမေမြင့်မိုရ်

0
821

မေမြင့်မိုရ်ရဲ့ မောင်အရင်းဖြစ် သူ သျှင်းမြတ်က အနုပညာလောကထဲ ဝင်ရောက်နေပြီဖြစ်ပြီး ‘ရသမော် ကွန်း အလင်္ကာ’ ဇာတ်လမ်းတွဲမှာ မော်ကွန်းအဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ပါတယ်။ မောင်လေးရဲ့ ဇာတ်လမ်း တွဲလာတိုင်း အမြဲအားပေးဖြစ်တယ် လို့ဆိုတဲ့ မေမြင့်မိုရ်က ဒီကာရိုက်တာနဲ့ သူနဲ့ လိုက်ဖက်မှုရှိတယ်လို့ ဆိုပါ တယ်။ မောင်လေးနဲ့ ၃ နှစ်ခွဲကွာပြီး အနုပညာအလုပ်တွေကို ဝေဖန်အကြံ ပေးဖြစ်နေတဲ့ မေမြင့်မိုရ်က …

”အကြံဥာဏ်ပေးတာဆိုတာထက်ကိုယ်သိသလောက် ဝေမျှပြောပြဖြစ်တယ်။ မောင်လေးကသရုပ် ဆောင် ပိုင်းနဲ့ပတ်သက်ရင် မသိတာလေးတွေလည်း မေးတယ်။ အဲဒါတွေကိုပြောပြဖြစ်တာ လည်း ရှိတယ်။ အခုဆို သူ့ရဲ့ စီးရီးကလာနေတော့ ကြည့်ရင်းနဲ့ ဒီဇာတ်ဝင်ခန်းမှာ ဘယ်လိုလေးဆို ကောင်းတယ်။ ဒါကတော့ ကောင်းတယ်ဆိုတာမျိုး ပြောပြဖြစ်ပါတယ်”လို့ ပြောပါတယ်။ မောင်ဖြစ် သူ သျှင်းမြတ်က စိတ်ထားကောင်းပြီး အနေအေးတဲ့သူဖြစ်တာကြောင့် စကားလည်း နည်းသူပါ။ မေမြင့်မိုရ် က ရုပ်သံဇာတ်လမ်းတွဲတွေက တစ် ဆင့် အောင်မြင်မှုတွေ ရရှိခဲ့ပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့သူ ပါ။ မောင်လေးကိုလည်း အတတ်နိုင် ဆုံးလက်တွဲခေါ်သွားမှာဖြစ်ပြီး သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်စေချင်တယ်လို့ဆိုတဲ့ မေမြင့်မိုရ် က…

”မောင်လေးကို အောင်မြင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်စေချင်တယ်။ ပရိသတ်ချစ်တဲ့ အနုပညာရှင်တစ်ယောက်ပေါ့။ ကျရာ ဇာတ်ရုပ်ကို ပီပြင်ဆုံးနဲ့ ဇာတ်ကောင်ဝင်နိုင်အောင် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်စေချင်ပါတယ်”လို့ ပြောပါတယ်။ မောင်နှမနှစ်ယောက်စလုံးက အနုပညာကို ဝါသနာ ပါကြသူတွေ ဖြစ်ပြီး နှစ်ယောက်စလုံး အနုပညာ လမ်းကြောင်း ပေါ်ရောက်လာတဲ့အ တွက် တစ်ယောက်နဲ့ တစ်ယောက် လည်း တိုင်ပင်ဆွေးနွေးလို့ ရတဲ့ အတွက် ပိုအဆင် ပြေကြောင်း ပြောပြပါတယ်။ မေမြင့်မိုရ်က လတ်တ လောမှာ ဒါရိုက်တာသြရသ ရိုက်ကူး တဲ့ ‘ကြောက်ကြောက်ကြောက် ၂’ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးသွားမှာ ဖြစ်ပြီး ဒီဇာတ်ကား ထဲမှာ သူတစ်ခါမှ သရုပ်မဆောင်ဖူးတဲ့ ပုံစံမျိုးတွေ လည်း သရုပ်ဆောင်သွားဖို့ရှိတဲ့ အတွက် ရင်ခုန်မှုတွေလည်း ရှိနေတယ် လို့ ဆိုပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here