မအောင်မြင်မှာကြောက်လို့ မလုပ်ဘူးဆိုရင် အဓိပ္ပာယ်မရှိဘူး စိုင်းစိုင်းခမ်းလှိုင်

0
267

ဂီတဘက်မှာတော့ သိတဲ့အတိုင်း စိုင်းစိုင်းလို အောင်မြင်မှုမျိုးရဖို့ဆိုတာ လွယ်တာမှမဟုတ်တာလေ။ စိုင်းစိုင်း ခမ်းလှိုင်က ရုပ်ရှင်ဇာတ်ကားတစ်ကားပါဝင်ရိုက်ကူးဖို့လည်း စီစဉ်နေတယ်။ ဘယ်လိုဝတ္တုမျိုးကို ရုပ်ရှင်ရိုက်ကူး မှာလဲဆိုတော့ ”အခုလောလောဆယ်တော့ ကျွန်တော် ၁၁ လပိုင်းနဲ့ ၁၂ လပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတစ်ကား ပါဝင်ရိုက်ကူးဖို့ စီစဉ်ထားတယ်။ ကျွန်တော် ဝတ်မှုံရွှေရည်နဲ့ ရိုက်ကူးဖို့ကို စီစဉ်နေပါတယ်။ ဆရာမ လွန်းထားထားရဲ့ ဝတ္တုတစ်အုပ် ကျွန်တော်တို့ ဝယ်ထားတယ်။ အပြောင်းအလဲလေးတချို့ ရှိနေသေး တဲ့အတွက် Confirm ဖြစ်မှပဲ ကျွန်တော် ပြန်ပြီးတော့ ပြောချင်ပါတယ်” လို့ စိုင်းစိုင်းက ဆိုပါတယ်။

ရုပ်ရှင်ပိုင်းမှာရော အဆိုတော် စိုင်းစိုင်းခမ်းလှိုင်လို နာမည်တစ်လုံးနဲ့ ဖြစ်ဖို့ဆိုရင် စိန်ခေါ်မှုက ဘယ်လိုတွေရှိလေမလဲ။ စိုင်းစိုင်းရဲ့အဖြေက…

”ကျွန်တော်ကတော့ ရုပ်ရှင်ရိုက်ကူးရင် ကိုယ်ကြိုက်တဲ့ ဇာတ်လမ်းကိုပဲ ရိုက်ကူးချင်တာ။ ဒီဝတ္တု တစ်အုပ်ဖတ်ပြီးသွားလို့ မကြိုက်ဘူးဆိုရင် မရိုက်ကူးချင် ဘူးခင်ဗျ။ ရုပ်ရှင်ရိုက်ကူးတဲ့ဇာတ်လမ်းဆိုရင်လည်း ကိုယ်ကြိုက်ပြီးတော့ ဒီကာရိုက်တာကိုလည်း ကိုယ်လုပ်နိုင် မလားပေါ့။ အဲဒီလို အဆင့်ဆင့် စဉ်းစားတယ်ပေါ့။ စိန်ခေါ်မှုကတော့ အမြဲတမ်းရှိတာပဲ။ အောင်မြင်တဲ့အခါလည်း ရှိတယ်။ မအောင်မြင်တဲ့အခါလည်း ရှိတယ်။ ဒီဇာတ်ကောင်တစ်ခုကို ကျွန်တော် သရုပ်ဆောင်တဲ့အချိန်မှာ ကိုယ် စိတ်ကျေနပ်တဲ့အခါလည်းရှိတယ်။ ကိုယ်စိတ်မကျေနပ်တဲ့အခါလည်းရှိတယ်။ ဒါပေမဲ့ မအောင်မြင်မှာကြောက်လို့ မလုပ်ဘူး ဆိုရင်တော့ အဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်ဆက်လက်ပြီးတော့လည်း ထပ်ပြီး တော့ ကြိုးစားနေဦးမယ်။ အမြဲတမ်းကြီးလည်း Perfect ဖြစ်နေမှာတော့ မဟုတ်ဘူး။ Perfect ဖြစ်အောင် ကြိုးစားမယ်။ ဒါပေမဲ့ တစ်ခါတလေ ဂွမ်းသွားတာလည်းရှိနိုင်ပါတယ်။ အဲဒီအခါကျရင်တော့ နောက်တစ်ခါ မဖြစ် အောင် သင်ခန်းစာယူပေါ့။ တစ်ခါတလေလည်း အောင်မြင်သွားတာရှိပါတယ်။ အဲဒီအခါကျလို့ရှိရင်လည်း အောင် မြင်တဲ့ သင်ခန်းစာယူပြီး ဆက်လုပ်ပေါ့။ ဒီလိုပဲ သွားရမှာပါပဲ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here