မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုရယူပေးနိုင်ခဲ့တဲ့ ကြက်တောင်အားကစားမယ် သက်ထားသူဇာ

0
506

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အောက်တိုဘာလ ၂၈ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ 2018 BWF International Series ပြိုင်ပွဲမှာ မြန်မာ နိုင်ငံကိုယ်စားပြုအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ဆုကို ရယူပေးနိုင်ခဲ့သူကတော့ သက်ထားသူဇာပဲ ဖြစ်ပါတယ်။ အသက်အရွယ်ငယ်သေးပေမယ့် အားကစားစွမ်းရည် အပြည့်အဝရှိတဲ့ သက်ထားသူဇာအနေနဲ့ ပြိုင်ပွဲမှာဆုတွေရရှိအောင် ဘယ်လိုမျိုးတွေ ကြိုးစားလေ့ကျင့်ဖြစ်လဲဆိုတာကို …

” ညီမ Training ကို နေ့တိုင်း တောက်လျှောက်လုပ်ဖြစ်တယ်။ ညီမတို့ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှာလည်း အင်ဒိုနီးရှား နည်းပြရယ်၊ မြန်မာနိုင်ငံက နည်းပြတွေရယ်နဲ့ Training နေ့တိုင်းဆင်းတယ်။ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်နေ့တိုင်း Training တွေ လုပ်ဖြစ်တယ်။ အစားအသောက် ထိန်းသိမ်းပြီးစားတယ်။ နောက်ထပ်ပြိုင်ပွဲတွေမှာလည်း ညီမဆုတွေရရှိအောင် ကြိုးစားပြီးလေ့ကျင့်နေပါတယ်။ ညီမ Decomber လရောက်ရင် နီပေါသွားရမယ်။ နီပေါ International City မှာ ပြိုင်ပွဲသွားပြိုင်ရမယ်။ မြန် မာပြည်မှာလုပ်မယ့် ပြိုင်ပွဲတစ်ခုမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိတယ်”လို့ သက်ထားသူဇာက ပြောပါတယ်။

2018 BWF International Series ပြိုင်ပွဲမှာ ဆုတွေရရှိလာတဲ့ အခါ ဘယ်လိုမျိုးခံစားရလဲဆိုတာကို သက်ထားသူဇာက ”အဲဒီပြိုင်ပွဲမှာ တုန်းက Semi Final မှာ မလေးရှားနဲ့တွေ့တယ်။ မလေးရှားကို အနိုင်ရပြီး ညီမ Final တက်တယ်။ Final မှာ တွေ့မယ့်ဘီလာရုစ်နိုင်ငံက ပြိုင်ပွဲဝင်က Semi Final မှာ Injury ဖြစ်သွားတဲ့အတွက် ဗိုလ်လုပွဲကို သူမပြိုင်လိုက်နိုင်ဘူး။ ညီမကိုအရှုံးပေးလိုက်တယ်။ ညီမအဲဒီပြိုင်ပွဲမှာ ဆုရတုန်းက မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်က ဓာတ်ပုံတင်လိုက်တဲ့အချိန်မှာ ညီမကှိုSupport လုပ်တဲ့သူများတယ်။ အဲဒီကနေစပြီး ညီမကို ပိုသတိထားမိလာပြီး အားပေးတဲ့သူ ပိုများလာတဲ့အတွက် ညီမတအားကိုဝမ်းသာပါတယ်”လို့လည်း ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း၊

ဓာတ်ပုံ – ဇေမင်း


LEAVE A REPLY

Please enter your comment!
Please enter your name here