နှင်းဆီပုံရိပ်

0
189

မနက်မှာတော့ သတင်းစာတွေ ရောက်လာလို့ ကျွန်တော်အ ပြေး အလွှား စာမျက်နှာတွေ လျှောက်လှန် တယ်။ မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၁၅ ရောက် တော့ ကျွန်တော်လိုချင်တဲ့ သတင်း ပက်ပင်းတိုးတော့တာပါပဲ။ သတင်း ပေးသူက ‘တင်လင်းအောင်’။

ခေါင်းစဉ်က ‘ရနံ့တစ်ရှိုက် ဘ ဝင်အခိုက်မှာ ငြိမ်းချမ်းမှုတွေ ယူ ဆောင်လာပါ အို . . . နန်ဂါယာ’ တဲ့။ အရုပ်နဲ့အသံကိုတော့ မြင်ပြီး ကြားပြီးခဲ့ပြီပေါ့။

အကြောင်းအရာက သတင်းစာ မျက်နှာတွေမှာ ထင်ရှားတဲ့နေရာ ပေးရတဲ့ အကြောင်းအရာပဲလေ။ ဒါကို တင်လင်းအောင်က ရသဟန် မပျက် အချက်ကျ တင်ပြလေတော့ အရသာရှိပါဘိ။ သူကဒီလိုစတယ်။

”အာဖဂန်နစ္စတန်အရှေ့ပိုင်း နှင်းဆီခင်းထဲမှာ ဝမ်းသာမှုအပြည့်နဲ့ ကျေနပ်ပီတိဖြစ်ကာ ရပ်နေသူက တော့ အသက် ၅ဝ အရွယ်ရှိ မိုဟာ မက်ဒင်စာပိုင်ပဲဖြစ်ပါတယ်။ သူဟာ နူးညံ့တဲ့ နှင်းဆီပွင့်ဖတ်ကလေးတွေ ကို ဂရုတစိုက်ခူးပြီး အဲဒီနှင်းဆီပွင့် ဖတ်လေးတွေကို နှင်းဆီအရည်နဲ့ နှင်းဆီအဆီအဖြစ် ပြောင်းလဲကာ ကမ္ဘာအနှံ့ကို တင်ပို့နေတဲ့သူလည်း ဖြစ်ပါတယ်။”

အဆုံးပိုင်းမှာတော့ ဒီလို နိဂုံး ချုပ်ပါတယ်။

”နန်ဂါယာပြည်နယ်မှာရှိတဲ့ နှင်းဆီစိုက်တောင်သူတွေကို ဒီ့ထက် ပိုကောင်းတဲ့ အခွင့်အလမ်းတွေသာ ဖန်တီးပေးနိုင်မယ်ဆိုပါက အာဖဂန် နန်ဂါဟာ ပြည်နယ်ဟာ ဘိန်းစိုက်ပျိုး မှု ချုပ်ငြိမ်းသွားပြီး ဘိန်းနဲ့ဆက်စပ် တဲ့ လူမှုဒုက္ခ၊ စစ်ပွဲအနိဋ္ဌာရုံတွေ ကင်းဝေးသွားကာ ငြိမ်းချမ်းမှုတွေ ယူဆောင်လာတော့မယ်လို့ မျှော်လင့် ရင်း။”
ဒီဆောင်းပါးအောက်မှာတော့ ကိုးကား – အေအက်ဖ်ပီ လို့ဖော်ပြ ထားတယ်။ ဘာပဲဖြစ်ဖြစ် ဘိန်းအစား ထိုး စိုက်ပျိုးရေးနဲ့ ငြိမ်းချမ်းရေးကို အထောက်အကူပြုတာကတော့ အသေအချာပါပဲ။ နှင်းဆီကတော့ အလှမပျက် လှမြဲလှလျက်ပဲလေ။

ဒီသတင်း၊ ဒီရုပ်၊ ဒီအသံကြားရ တော့ နှင်းဆီချစ်သူတွေကို သတိရမိ။

နှင်းဆီပွင့်ပေါ် အိပ်ပျော်နေခဲ့ တဲ့ တင်မိုး မှန်တင်ခုံပေါ် နှင်းဆီပွင့် တွေ ကြဲဖြန့်တတ်တဲ့ မိုးချိုသင်း ပြီး တော့ အေးအေးမွန်ရဲ့ နှင်းဆီချစ်သူ။ ဒီမှာ . . .။
နှင်းဆီချစ်သူ

၁။ ကျွန်မသေလို့ အသုဘပို့မယ် ဆိုရင် ပန်းတွေတော့ ပါမှဖြစ်မှာ နော်။ နှင်းဆီပန်းတွေ ဖြစ်ပါစေ။

၂။ စာရေးဆရာမ ကြည်အေးရဲ့ ဆောင်းပါးတစ်ပုဒ်ဖတ်ရတယ်။ ဆရာမ ရေးတဲ့အထဲမှာ ‘အင်္ဂလန်မှာ ကားမောင်းနေတုန်းပဲ’တဲ့။ ဆောင်း ပါးအဆုံးမှာ ‘ခုလောလောဆယ်တော့ မနက်ရော၊ ညရော မှောင်မိုက်တဲ့ ရာသီမှာ ကားမောင်းတုန်းပါပဲ’လို့ ရေးပါတယ်။

ဒီဆောင်းပါးကို ဖတ်ရတော့ နှင်းဆီချစ်သူအရေး ဆရာမကို သတိ ရမိရဲ့။ သတိရရုံမက သူ့ကိုလွမ်းရ တမ်းတရ၊ အောက်မေ့တသများစွာ ဖြစ်ရပေါ့။ ဖြစ်မှာပဲလေ။ သူရေးပို့လို့ ဖတ်ရတဲ့အထဲမှာ ဒီလိုပါတာကိုး။

Woman Driver တော့ တစ်ခါ တည်းပြီးအောင် ဖတ်လိုက်ပါတယ်။ ဖတ်လို့ကောင်းတယ်။

”ကျွန်မက ကားမောင်း တတ် ပေမယ့် သူများမောင်းတာစီးရရင် မြန်မြန်မောင်းမှကြိုက်တာ။ ကျွန်မ စိတ်ညစ်တဲ့အခါ ကား လျှောက် မောင်းရရင် ကောင်းမှာပဲလို့ မကြာ မကြာတွေးဖူးတယ်’တဲ့။

ဆရာမကြည်အေးရဲ့ ဆောင်း ပါးထဲမှာ …

”ကျွန်မစိတ်ကူးက စာဖတ်မယ်၊ စာရေးမယ်၊ ကမ္ဘာပေါ်က နိုင်ငံများ စွာမှာ လှည့်လည်သွားလာပြီး ကမ္ဘာ သူ ကမ္ဘာသားများနဲ့တွေ့မယ်။ ကား တစ်စင်းနဲ့ ကမ္ဘာတစ်ဝန်းမှာ ခရီး လှည့်လည်နေဖို့ အမြဲကြံရွယ်နေ တော့”လို့လည်း ပါသေးတယ်။ နှင်း ဆီချစ်သူဆရာမ ရေးပို့တဲ့စာထဲမှာ လည်း ..

”အခုတော့လည်း ဘွဲ့တစ်ခုမှ မရခဲ့တာ ကျေးဇူးတင်တယ်။ နိုင်ငံခြား သွားရင် လျော်ကြေးမပေးရ ဘူးပေါ့။ ကျွန်မက နိုင်ငံခြားသွားဖို့ အခွင့်အ ရေးကို အမြဲကြံရွယ်နေတာ။ သေရင်တော့ မြန်မာပြည်မှာပဲ သေချင်တယ်” တဲ့လေ။

ဆရာမ ကြည်အေးရဲ့ ဆောင်း ပါးထဲမှာ သူကားမောင်းနေတုန်း စိတ်အနှောင့်အယှက်ဖြစ်အောင် လိုက်လုပ်တဲ့သူနဲ့ တွေ့ကြုံရတဲ့အခါ…

”ကျွန်မတစ်ခါတလေ ဖြစ်တတ် သလို ဒေါသမီးဟုန်းခနဲ ထလာပါ တယ်”လို့ ဖတ်ရပြန်တော့ နှင်းဆီချစ် သူရဲ့ စာကို သတိရပြန်ရော။

ကြည့်လေ မီးပြတ်လို့ နှစ်ညစာ မရေးရဘူး။ ဥပုသ်လည်း တစ်ရက် မှ မစောင့်ဖြစ်ပါဘူး။ ဒီလောက် ဒေါသမောဟတွေ များနေတာ ဥပုသ်စောင့်လို့ ဘယ်ရပါ့မလဲလေ” လို့ ရေးသေးတာကိုး။

ဆရာမကြည်အေးရေးတဲ့ ဆောင်းပါးဖတ်လိုက်၊ နှင်းဆီချစ်သူ ရေးပို့တဲ့စာဖတ်လိုက်၊ ဖတ်ရင်း ဖတ် ရင်းနဲ့ သြော် . . . နှင်းဆီချစ်သူ ရယ် . . . သူက
”တစ်ခါတစ်ခါကျ ပုဂံက အာန န္ဒာ ဘုရားရိပ်မှာသွားပြီး ထိုင်နေချင် လိုက်တာ။ တစ်ခါတစ်ခါ တက္ကသိုလ် ဝင်းထဲ ရောက်သွားတဲ့အခါ ကျောင်း သားတွေက အသက်တွေ သိပ်ငယ် နေပြီး ကိုယ်နဲ့ဘာမှမဆိုင်သလို ခံစားရတာ ဝမ်းနည်းမိတယ်”တဲ့ လေ။

”ကျွန်မသေလို့ အသုဘပို့မယ် ဆိုရင် ပန်းတွေတော့ ပါမှဖြစ်မှာ နော်။ နှင်းဆီပန်းတွေ ဖြစ်ပါစေ။

၃။ ဘာမှ မကြာလိုက်ဘူး

၎။ နှင်းဆီပန်းတွေ တစ်ပွေ့ကြီး မပို့ ဖြစ်တာကိုပဲ ခုထိရင်ထဲမှာ . . .

အေးအေးမွန်
လွမ်းချင်းမှတ်စု

‘နှင်းဆီချစ်သူ’လို့ အမည်ပေး ထားတဲ့ လက်ရေးမူ၊ စာမူကလေးတွေ့ လို့ ပြန်ကြည့်မိတယ်။ နောက်ဆုံး စာမျက်နှာမှာ ရေးသူအမည်က ‘အေးအေးမွန်’တဲ့။ ပြည်ပရောက်နေ တဲ့ စာရေးဆရာမနဲ့ ပြည်တွင်းက စာရေးဆရာမတို့ စာအကြောင်း ရေးထားတဲ့စာပါ။ စာရေးဆရာမ နှစ်ဦးရေးတဲ့စာကို အခြေခံထား တယ်။ စာမူတစ်ခုလုံးရဲ့ နောက်ဆုံး မျက်နှာနောက်ကျောမှာလည်း စာမူ အပေါ် တွေ့ရှိချက်တွေကို ပြန် လည်သုံးသပ်ထားတာ တွေ့ရပါ တယ်။ ဒီလိုပါ။

ကြည်အေးရေးတဲ့ဆောင်းပါးမှာ တွေ့ရတာတွေက တချို့အချက်အ လက်တွေမှာ ပြည်တွင်းက ဆရာမ ပေးတဲ့စာထဲက အချက်အလက်တွေနဲ့ လာပြီးထပ်နေတယ်လို့တောင် ဆို နိုင်ပါရဲ့။ ဒါပေမဲ့ ဟိုက အင်္ဂလန်မှာ။ ဒီက မြန်မာပြည်မှာ။ ရေမြေအခြေ အနေ၊ လူမှုဝန်းကျင်၊ ဓလေ့စရိုက် တွေက အတော်ကြီး ခြားနားနေပေ တယ်။ ဒါကြောင့် တချို့အချက်အ လက်တွေကို ထပ်တယ်လို့ တစ်နည်း ထပ်တူကျတယ်လို့ မဆိုနိုင်ပေဘူး။ ဒီလိုတွေးရင်ရတယ်လေ။

နောက်ဆက်တွဲ ဆက်စပ်သတင်းများ
နှင်းဆီချစ်သူသတင်းတွေ ကျွန်တော်သတင်းပေး ဖော်ပြနေရာ မှာ သတင်းတွေက လျော့တယ်မရှိ၊ တိုးလို့သာ လာနေလေရဲ့။

ကျွန်တော့်မွေးနေ့အလှူပွဲလေး လုပ်တဲ့နေ့က ညီပုလေးလာတယ်။ သူ့အလုပ် စုစည်းထားတဲ့စာအုပ် ကျွန်တော့်ကို လက်ဆောင်ပေး တယ်။ သင်းလိုက်တဲ့ နာမည်လေး။ ကြည့်ပါဦးတော့။

”မွှေးပျံတဲ့ နှင်းဆီရောင်စုံ’တဲ့။

အင်း . . . သူ့အမေ (ဒေါ်ဒေါ်)သာရှိရင် ငယ်ဘဝကာလ အချိန်များက နှင်းဆီရထားပေါ် လျှောက်ခဲ့တာတွေများ ရေးလေဦးမ လား တွေးနေမိသေး။
”မနှင်းဆီ မီးရထားလေးလေ။ လွမ်စရာ။ ဟုတ်တယ်လေ။ မတ္တရာ လမ်းက အလွမ်းစာပေပဲ။”

အလွမ်းစာတွေ တွေးမိပြန် တော့ မိုးမိုးလည်း သတိရမိပြန်ရော။ ရွှေဝတ်ရည် စာမျက်နှာပေါ်က မိုးမိုး (အင်းလျား) အကြောင်းပေါ့။ မိုးမိုးြေ<ွကလွင့်သွားတော့ မောင်စွမ်းရည်က ‘အြေ<ွကစောသည် အိုနှင်းဆီ’တဲ့လေ။

ရွှေဝတ်ရည်မဂ္ဂဇင်းလှန်မိပြန် တော့ ကဗျာဆရာ မောင်သင်းဝေရဲ့ ကဗျာကိုလည်း သတိတရ ရှိလှ။ မောင်သင်းဝေက ရွှေဝတ်ရည် ဝိုင်း တော်သားပါ။ သူက မဂ္ဂဇင်းအဖွင့် စာမျက်နှာမှာ ‘င့ါရင်ထဲက မနှင်းဆီ’ တဲ့။

ရွှေဝတ်ရည်မဂ္ဂဇင်းစာမျက်နှာ တချို့လှန်ပြီးလို့မှ ဘာမှမကြာဘူး။ ဒီနေ့ထုတ်သတင်းစာတွေ ရောက် လာလို့ အမြန်အဆန် လှန်ပြန်ရော။ ကိုယ်က သတင်းဆို နောက်ကျမခံ ချင်တဲ့လူလေ။ ကမ္ဘာ့သတင်းတွေနဲ့ ဝေဝေဆာဆာ။ အဲ . . .ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် မောင်သင်းဝေ တို့ ရေးဖော် မောင်သင်းပန်ရဲ့ ကဗျာ ကလည်း မန္တလေး နေ့စဉ်သတင်းစာ မှာပါလာ။ တကယ်ပါပဲ။ တိုက်တိုက် ဆိုင်ဆိုင်ဆိုတာ ကိုယ်ကလည်း နှင်း ဆီပုံရိပ်တွေ ဖတ်နေ၊ သတိရနေ၊ ရေးနေတာလေ။ မောင်သင်းပန်ရဲ့ ကဗျာခေါင်းစဉ်လည်းကြည့်ဦး။ ‘ငြိမ်း ချမ်းရေးနှင်းဆီ’တဲ့။ ဒီနေ့ ၂၁.၉. ၂ဝ၁၈။ မနေနိုင်ဘူး။ မောင်သင်း ပန်ဆီ ချက်ချင်းဖုန်းဆက်လိုက်တယ်။ ကိုယ်လိုချင်တာရတယ်မဟုတ်လား။

မောင်သစ်လွင် (လူထု)


LEAVE A REPLY

Please enter your comment!
Please enter your name here