ရွာဓလေ့..

0
135

မနိုင်တဲ့ ကျောက်တုံးတွေ
ဒိုင်းနမိုက်နဲ့ ခွဲပေးဖို့
တင်ပြသူလည်းရှိ
သောင်းကျန်းသူတွေ ခွာသွားတဲ့သွပ်တွေ
ပြန်ထုတ်ပေးဖို့
တင်ပြသူလည်းရှိ
ပျားအုံစဖွပ်သူဟာ
ပျားအုံ ပိုင်ရှင်ပါ
ပျားအုံကို ပုဂ္ဂလိက
ပိုင်သင့် မပိုင်သင့်
တင်ပြသူလည်းရှိ
ကတ္တရာလမ်း မဖြစ်ရင်နေပါစေ
အသားမာပြီး မာကျောတဲ့
လမ်းချောရရင် တော်ပါပြီလို့
ဆွေးနွေးသူတွေလည်းရှိ။
ခေတ်တစ်ခေတ်ကို
တစ်ပိုင်းပဲတွေ့ရပြီး
သမိုင်းကို ကျုံ့ပေးတဲ့
ငါတို့ရွာဒေသတွေ
အလေအဖိတ်တွေနဲ့
စိုက်ပျိုးရေးစနစ်လည်းရှိ။
တောလိုက်ကျွမ်းကျင်သူကို
အကြီးအကဲမြှောက်
အာဖရိက မောစ်လိုပဲ
သန်းချီတဲ့ ဒေါ်လာထက်
ဆိတ် ခုနစ်ကောင်နဲ့
မိသားစုကို ပိုမက်မောကြတယ်။

စတီဗင် (ကန်ပက်လက်)


LEAVE A REPLY

Please enter your comment!
Please enter your name here