အစွဲအလမ်း..

0
126

နားလည်ပါဆိုတဲ့
အကြည့်တစ်ချက်နဲ့
ဘဝရဲ့ အစိတ်အပိုင်းလေးတစ်ခုမှာ
သဲကြီးမဲကြီး ရွာနေတဲ့
လောကကို ချောင်းချောင်းကြည့်ရတာ
စိတ်ကူးတည်ရာ ဆေးစက်ချတိုင်း
အတွေးတွေ အကျဉ်းချခံနေရတာ
ဝမ်းနည်းမှုက
အရိုင်းဆန်ချင်လာတယ်။
နားလည်ပါဆိုတဲ့
အကြည့်တစ်ချက်နဲ့
ဘဝရဲ့ အစိတ်အပိုင်းလေးတစ်ခုမှာ
မင်းသားလိုလို
ဇာတ်ရံလိုလို
ဟိုလိုလို
ဒီလိုလို လုပ်နေရတာ
ဝမ်းနည်းမှုက
အရိုင်းဆန်ချင်လာတယ်။
နားလည်ပါဆိုတဲ့
အကြည့်တစ်ချက်နဲ့
ဘဝရဲ့ အစိတ်အပိုင်းလေးတစ်ခုမှာ
နာကျင်ခြင်းဆိုတာ
မိုးမလုံတဲ့ အိမ်ခေါင်မိုးလိုလို
ဖျော်ဖြေခံရာ တေးချင်းလိုလို
ခံစားချက်အပိုင်း အစအနလေးတွေလိုလို
ဟိုလိုလို
ဒီလိုလို
ဝမ်းနည်းမှုက
အရိုင်းဆန်ချင်လာတယ်။
နားလည်ပါဆိုတဲ့
အကြည့်တစ်ချက်နဲ့
ဘဝရဲ့အစိတ်အပိုင်းလေးတစ်ခုမှာ
ဝမ်းနည်းမှုက
အရိုင်းဆန်ချင်လာတယ်။

ဝရာ (ယော)


LEAVE A REPLY

Please enter your comment!
Please enter your name here