Miss Universe 2018 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်မယ့် အလှမယ်​ နှင်းသွေးယုအောင်

0
156


Miss Universe Myanmar 2018 အဖြစ်​ ရွေးချယ်​ခံရပြီး နိုဝင်​ဘာလ ၂၉ ရက်​နေ့မှာ မြန်​မာနိုင်​ငံ ကိုယ်​စားပြုအနေနဲ့ ထိုင်းနိုင်​ငံ ဘန်​ကောက်​မြို့မှာ သွားရောက်​ယှဉ်​ပြိုင်​ရမယ့် အလှမယ်​ကတော့ နှင်းသွေး ယုအောင်​ပဲဖြစ်​ပါတယ်​။ မကြာမီ အ ချိန်​အတွင်းမှာ International ပြိုင်​ပွဲကို သွားရောက်​ယှဉ်​ပြိုင်​ရမှာ ဖြစ် တဲ့အတွက်​ ကြိုတင်​ပြင်​ဆင်​မှုတွေကို မေးမြန်းကြည့်​တဲ့အခါမှာ အလှမယ်​ နှင်းသွေးယုအောင်​က အခုလို ပြော ပါတယ်။

”အခုပွဲလည်း တအားနီးနေပြီ ဆိုတော့ နှင်းသွေးဝတ်​ရမယ့်​အဝတ်​အစားတွေ၊ National Custume အပိုင်းရယ်​၊Evening Gown အ ပိုင်းတွေ နှင်းသွေးပြင်​ဆင်​နေတယ်​။ National Custume အပိုင်းက သနပ်​ခါးနဲ့ပတ်​သက်တဲ့ဝတ်​စုံ ပုံစံမျိုး လုပ်​ဖြစ်​သွားမယ်​။ Body ပိုင်းအနေ နဲ့က နှင်းသွေး ပွဲပြီးကတည်းက Diet Plan နဲ့ လုပ်တယ်​။ Gym Trainer နဲ့သေချာ ကစားတယ်​။ Beauty ပိုင်း ကတော့ အသားအရေပိုင်းဆိုင်​ရာ အစား အသောက်​ဆင်​ခြင်​ပြီးတော့ နှင်းသွေးသေချာပြင်​ဆင်​ထားတယ်​။ Brain ပိုင်းကတော့ နှင်းသွေး Pageant Knowledge အနေနဲ့ Internet ကနေ International ပွဲ တွေ ကြည့်​ပြီးလေ့လာဖြစ်​တယ်​။ အဲဒီအ ပြင်​ General Knowledge ပိုင်း ကတော့ နှင်းသွေးစာအုပ်​များများ ဖတ်​ဖြစ်​ပါတယ်​”လို့ ပြောပြခဲ့ပါတယ်​။ ထိုင်းနိုင်​ငံမှာသွားရောက်​ယှဉ်​ပြိုင်​ရ မှာဖြစ်​တဲ့အတွက်​ ကိုယ်​တိုင်​ကလည်း ထိုင်းစကားတတ်​တဲ့အခါ ဘယ်​လို အားသာချက်​တွေရှိနိုင်​မလဲဆိုတာ ကိုလည်း…

”မြန်​မာနိုင်​ငံက အလှမယ် က ထိုင်းစကားပြောတတ်​တယ်​ဆိုပြီး ပရိသတ်​တွေက ပိုပြီးစိတ်​ဝင်​စားလာ ကြမယ်​။ မီဒီယာပိုင်းဆိုင်​ရာမှာဆို ရင်​လည်း နှင်းသွေးက ထိုင်းစကား ပြောတတ်​တဲ့အတွက်​ ပိုပြီးတော့ ထင်​ပေါ်မယ်​လို့ထင်​ပါတယ်”လို့ နှင်း သွေးယုအောင်​က ပြောပြခဲ့ပါတယ်​။

ခိုင်​ဝါဝင်း၊

ဓာတ်ပုံ – သားဒွေး


LEAVE A REPLY

Please enter your comment!
Please enter your name here