တေးသံရှင် မြင့်မိုရ် ၏ ‘လိုက်ခဲ့တော့နန်းရေ…’ တေးစီးရီးမိတ်ဆက်

0
305


တေးသံရှင် မြင့်မိုရ်၏ တစ် ကိုယ်တော်တေးစီးရီး ‘လိုက်ခဲ့တော့ နန်းရေ’တေးစီးရီးမိတ်ဆက်ပွဲ အ ခမ်းအနားကို နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက မန္တလေးမြို့၊ ၈၄လမ်းရှိ D &G စားသောက်ဆိုင်၌ ကျင်းပခဲ့ သည်။

‘လိုက်ခဲ့တော့နန်းရေ’တေးစီးရီး ကျွန်တော့်ရဲ့ စတုထ္တမြောက်အခွေ ဖြစ်ပါတယ်။ ဒီစီးရီးလေးက ရှမ်း ပြည်နယ်ဒေသရဲ့ သီချင်းလေးတွေ၊ ပုပ္ပားသီချင်းလေးတွေ၊ မိဘမေတ္တာ သီချင်းလေးတွေ၊ မြန်မာသံသီချင်း လေးတွေ သီချင်းအားလုံး(၁၁)ပုဒ် ပါတယ်။

စုံတွဲသီချင်းကို စိမ့်နေခြည် နဲ့ဆိုထားပါတယ်။ DVD ခွေမှာ ရုပ်ရှင်သရုပ်ဆောင် မေကဗျာက ရှမ်းမလေး နန်းအဖြစ်သရုပ်ဆောင် ထားပါတယ်’ဟု တေးသံရှင်မြင့်မိုရ် က ပြောသည်။

တေးသံရှင် မြင့်မိုရ် ၏ ‘လိုက်ခဲ့တော့နန်းရေ’တေးစီးရီး ကို ထင်းရှုးရိပ်တေးသံသွင်းမှ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင် ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here