ရုပ်ရှင်ချစ် ပရိသိတ်တွေ အတွက် အနုပညာ လောကသားတွေ ဖန်တီးမှုအားကောင်းကောင်းနဲ့ ကြိုးစားနေကြပါတယ် အေးမြတ်သူ

0
211

သရုပ်ဆောင် အေးမြတ်သူက လက်ရှိ ရုံတင်ပြသနေတဲ့ မုန်းစွဲ၊ ကြတ်ဂူ၊ မီရုပ်ရှင်ဇာတ်ကားတွေရဲ့ အထူးပွဲတိုင်း မပျက်မကွက် သွားရောက်အားပေးလေ့ ရှိသူပါ။ ကိုယ်ပါ ဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေ မဟုတ်ပေမယ့်လဲ ရုပ်ရှင်ကို ချစ်မြတ်နိုးသူ တစ်ယောက် အနေနဲ့ အားပေးရခြင်း ဖြစ်ကြောင်းကိုတော့ အေးမြတ်သူက ”အေးမြတ်သူတအား စိတ်ဝင်စားတဲ့ ဇာတ်ကားတွေ ဖြစ်နေတဲ့အတွက် သွားပြီးအားပေး ဖြစ်ပါတယ်။ ပရိသတ်တွေ စိတ်ဝင်စားသလို အေးမြတ်သူလဲ စိတ်ဝင်စားပါတယ်။ အေးမြတ်သူကလဲ ပရိသတ်ပါပဲ။ ကိုယ်ရဲ့ အလုပ်ကသာ သရုပ်ဆောင်အလုပ် ဖြစ်ပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ဇာတ် ကားတွေကို ချစ်တဲ့ ရုပ်ရှင်ချစ်တဲ့ သူတစ်ယောက်ပါ။ ကိုယ်စိတ်ဝင်စားတဲ့ ဇာတ်ကား ကိုယ်ကြိုက်တဲ့ ဇာတ်ကားတွေဆိုရင် အပြေးအလွှား သွားကြည့်ဖြစ်ပါတယ်” လို့ ပြောပါတယ်။ အခုအချိန်မှာ ရုံတင်ပြသနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ ရုံပြည့်ရုံလျှံကို အားပေးမှုရရှိ နေကြပါတယ်။ ဒီလို ရုပ်ရှင်ဇာတ်ကား ကောင်းတွေကို ပေါ်လာတဲ့အတွက် အနုပညာ လောကသား တစ်ယောက် အနေနဲ့ ဂုဏ်ယူဝမ်းသာမိသလို နောက်ထပ်လုပ်မယ့် အနုပညာ အလုပ်တွေအတွက် ခွန်အားဖြစ်စေတယ်လို့ အေးမြတ်သူက ဆိုပါတယ်။ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် အနုပညာသမားတွေက ဖန်တီးမှု အားကောင်းကောင်းနဲ့ ကြိုးစားတင်ဆက်သွားမှာ ဖြစ်ကြောင်းကိုလဲ အေးမြတ်သူက . . .

“၃ကားစလုံးက ပြောစရာမလိုအောင် ကောင်းတဲ့ ဇာတ်ကားတွေ ဖြစ်နေတယ်။ မီဆိုရင် အချစ်၊ မုန်းစွဲဆိုရင် တရားဒေသနာနဲ့ တကယ်ကို ချစ်ခြင်း မုန်းခြင်း ကင်းရမယ်ဆိုတဲ့ အရာမျိုး၊ ကြတ်ဂူ ဆိုရင်လဲ ကိုယ်ဘာတွေပြုရင် ဘာတွေခံရမယ်ဆိုတာပြတဲ့ ဇာတ်ကားမျိုးပါ။ ဒီလို ဇာတ်ကားကောင်းတွေ ထွက်လာတယ်။ ပရိသတ်တွေလဲ တအား အားပေးကြ တယ်ဆိုတော့ ဝမ်းသာတာပေါ့။ အရင်တုန်းကဆိုရင် ဇာတ်ကားတ အားကောင်းပေမယ့် ပရိသတ်တွေ မကြည့်ကြတာတွေ ရှိတယ်။ ဒီတစ်ခေါက်က ပရိသတ်အကြိုက်နဲ့ ထုတ် လုပ်သူ အကြိုက်နဲ့ တစ်ထပ်တည်း ကျသွားတယ်။ ဘာပဲပြောပြော ဖန်တီးရသူတွေလဲအားရှိတယ်။ ကြည့်ရသူတွေလဲ အားတက်တယ်။ အားလုံးရဲ့အကြိုက်တွေ တစ်ထပ်တည်း ကျသွား တာကိုပြတာပေါ့။ နောက်နောင် ဇာတ်ကားတွေလဲ အဲဒီလိုပဲ ဖြစ်စေချင်ပါတယ်”လို့ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here