ရုပ်ရှင်လောက တိုးတက်ဖို့အတွက် အခြေအနေကောင်းလာပြီ နိုင်းနိုင်း

0
432

မကြာမီ ရုံတင်တော့မယ့် ‘အဆိပ်ရှိလူရိုင်း’ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် နိုင်းနိုင်းကို တခါမှ မတွေ့ဖူးတဲ့ လူဆိုးကာရိုက်တာမျိုးနဲ့ မြင်တွေ့ကြရမှာပါ။ ပရိသတ်တွေအတွက် သမားရိုးကျမဟုတ်ဘဲ ထူးခြားဆန်းပြားမယ့် ဇာတ်ကားမျိုးတွေကို ရွေးချယ်လေ့ရှိတဲ့ နိုင်းနိုင်းက ဒီဇာတ်ကားကိုလည်း အပြောင်းအလဲ တစ်ခု ဖြစ်ချင်တဲ့အတွက် ရိုက်ကူးရခြင်း ဖြစ်ကြောင်း ပြောပြပါတယ်။ ”အဲဒီဇာတ်ကားထဲမှာ နည်းနည်း ဂေါက်တောက်တောက် ပုံစံမျိုး သရုပ်ဆောင်ထားပါတယ်။ ကျန်တာကတော့ ခါရာနဲ့ ရွှေသမီးပေါ့။ ကိုစတီး ရိုက်ထားတာပါ။ အဲဒီဇာတ်ကား မတိုင်ခင် တခြားဇာတ်ကားတွေလဲ ရိုက်တယ်။ ဒီဇာတ်ကားက နောက် ထပ် ထပ်ဝင်လာတယ်။ ဒီလိုမျိုး နေရာမျိုး မလုပ်ဖူးဘူး။ လုပ်ကြည့်မယ်ဆိုပြီး ရိုက်လိုက်တာ။ ကိုစတီးက ဇာတ်လမ်းလာပြောတဲ့ အချိန်မှာ မင်းသားနေရာလည်း မလိုချင်ဘူးလို့။ အပြောင်းအလဲ တစ်ခုပေါ့။ ကျွန်တော် အမြဲတမ်း သရုပ်ဆောင်နေတဲ့ နေရာမဟုတ်တော့ဘူး။ ကျွန်တော့် ဇာတ်ကားတွေ ထွက်လာမယ့် ဇာတ်ကားတွေ အများကြီးရှိတယ်။ အဲဒီထဲမှာမှ ဒီဇာတ်ကားမှာက လူဆိုးဝင်လုပ် ပေးထားတာ။’ လို့ နိုင်းနိုင်းက ပြောပါတယ်။

အခုလက်ရှိမှာတော့ ‘မုန်းစွ’ဲ၊ ‘ကြတ်ဂူ’၊ ‘မီရုပ်ရှင် ဇာတ်ကားတွေ ရုံတင်ပြသလျက် ရှိပြီး ပရိသတ်တွေ အထူးအားပေးမှု ရရှိနေပါတယ်။ ရုပ်ရှင် ခေတ်တစ်ခေတ် ပြန်လည်ဆန်းသစ်ဖို့အတွက် ရုပ်ရှင် လောကသားတွေ အားလုံးလဲ ကြိုးစားနေကြပါတယ်။ အခုလို အချိန်မှာ ရုပ်ရှင်ဇာတ်ကားတွေ လူကြိုက်များ အောင်မြင်မှုရှိတဲ့အတွက် ဝမ်းသာဂုဏ်ယူမိတယ်လို့ဆိုတဲ့ နိုင်းနိုင်းက . . .

”အခုနောက်ပိုင်း ရုံတင်တဲ့ ဇာတ်ကားတွေ တအား ကောင်းလာကြတယ်။ တအား ဝမ်းသာတယ်။ ကျွန်တော်တို့ ရုပ်ရှင်လောက တိုးတက်ဖို့အတွက် တကယ့် အခြေအနေကောင်းတွေပဲ။ နောက်ပိုင်း ထွက်လာတဲ့ ဒါရိုက်တာတွေက လက်စွမ်း တအားထက်တယ်။ တအား မိုက်တယ်။ ကျွန်တော်လဲ ရုံမှာသွား ကြည့်ဖို့ ချိန်နေပါတယ်။ လူတွေက တအားများနေ တော့ သွားကြည့်ဖို့ အချိန်မရဘူး ဖြစ်နေတယ်။ တကယ်လဲ ဂုဏ်ယူပါတယ်။ ဝမ်းသာပါတယ်။ ဒီလိုမျိုး ဖြစ်သင့်တာ ကြာပြီ။ ကျွန်တော်တို့ရဲ့လောကမှာ လိုနေတာက ရုံတွေပဲ။ ရုပ်ရှင်ရုံတွေ များများ ရှိပြီးတော့ လောကသားတွေအတွက် အထောက်အကူ ဖြစ်မယ့် ရုံမျိုးတွေပေါ့။ အဲဒါဆို ကျွန်တော်တို့ လောကသားတွေ အလုပ်လုပ်ရတာ တအားအဆင်ပြေသွားမယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ အရပ်ရပ်မှာရှိတဲ့ ရုပ်ရှင်ချစ် ပရိသတ်တွေ အကုန်လုံးလည်း နေရာမရွေးမှာ အဝေးကြီး သွားစရာ မလိုဘဲနဲ့ ကြည့်ရမယ့် ရုံတွေ ပေါ်ပေါက်လာရင် ဇာတ်ကားကောင်းတွေလဲ ပရိသတ်တွေ အကုန်ကြည့်နိုင်မယ်လို့ ယုံကြည်တယ်။ အခုက ရုံအင်အား တအားနည်းနေတော့ သိပ်အဆင်မပြေဘူး” လို့ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here