ကိုယ်တိုင်ရေးသီချင်းတွေကို သီဆိုမယ့်ခင်စုစုနိုင်

0
265

တေးဆို ခင်စုစုနိုင်ကနေ တေးရေး ခင်စုစုနိုင်ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုတပ်ရတော့မှာပေါ့လို့ဆိုတော့ သူက အဲဒီလောက်မဟုတ်ပါဘူးလို့ ဆိုပါတယ်။ ဘာပဲပြောပြောမိန်းကလေး တေးရေး တွေ ရှားပါးတဲ့အချိန်မှာ ကိုယ်တိုင်ရေးသီချင်းတွေ ထုတ်လာနိုင်တာ ခင်စုစုနိုင်အတွက် ဂုဏ်ယူ စရာပါ။

”အခု ကျော်ဇင်မင်းရဲ့ အခွေထဲမှာလည်း ကိုယ်တိုင်ရေးတဲ့ သီချင်းပါတယ်။ နောက်ပြီးတော့ M United Collection Volume 2 ထဲမှာ ခင်စုစုနိုင်က Happy Anniversary ဆိုတဲ့ သီချင်းလေးကို ကိုယ်တိုင်ရေး ထားတယ်။ နောက်ပိုင်း ညီမထွက်လာမယ့်သီချင်းတွေထဲမှာ လည်း ၂ ပုဒ် သို့မဟုတ် ၃ ပုဒ်ပါဖို့ရှိပါတယ်။ သီချင်းက မိစုကိုယ်တိုင်ရေးထားတယ် ဆိုပေမယ့် ဆင်တူတွေတော့ မဟုတ်ဘူး။ အဲဒီတော့ အခွေထွက်ရှိလာတဲ့အခါ ပရိသတ်တွေ နားဆင်ပေးပါ။ ဝေဖန် ပေးပါ”လို့ သူက ပြောပါတယ်။

ခင်စုစုနိုင်ရဲ့ သီချင်းရေးနည်းအကြောင်းကိုလည်း အနည်းငယ်စပ်စုကြည့်တော့…

”ကိုယ်တိုင် သီချင်းရေးတယ်ဆိုပေမယ့် မိစုက အမှန်အတိုင်း ပြောရလို့ရှိရင် စာဖတ်အားနည်းတယ်။ နောက်ပြီးကျတော့ သီချင်းတီးတဲ့ တူရိယာအပေါ်မှာ နည်းနည်းပါးပါးလောက်ပဲ တီးတတ်တော့ အခက်အခဲ နည်းနည်းဖြစ်တယ်။ ဒါပေမဲ့ တစ်ခုရှိတာက ကိုယ်တိုင်ဖီလင်ဖြစ်လာတာတို့၊ လူ တစ်ယောက်ကိုကြည့်ပြီးတော့ အဲဒီလူနေရာကနေ တအားဖီးလ်ဖြစ်လာတာတို့ဆိုရင်တော့ သီချင်း လေးတစ်ပုဒ်၊ ၂ ပုဒ် တော့ ရေးဖြစ်ပါတယ်။ အဲဒီတော့ ကိုယ့်ရဲ့သီချင်းတွေက စာသားတွေဘာတွေ ဖွဲ့ ဖွဲ့နွဲ့နွဲ့တော့မရှိဘူး။ ဒါပေမဲ့ ယေဘုယျအားဖြင့် ပရိသတ်တွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးလေးတွေကိုပဲ ခံစားပြီးတော့ ရေးဖြစ်တာပါ” လို့ သူက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here