Yum Yum ပုစွန်ချဉ်စပ်နှင့် Xcite ၏ ကား ၈ စီး ကံစမ်းမဲအစီအစဉ်မှ ကျန်ရှိနေသော ကားသစ်တစ်စီးကို ကံစမ်းရွေးချယ်ပွဲ

0
240


Yum Yum ပုစွန်ချဉ်စပ်နှင့် Xcite ၏ ကား ၈ စီး ကံစမ်းမဲအစီ အစဉ်မှ ကျန်ရှိနေသော Nissan Sunny ကားသစ်တစ်စီးကို ကံစမ်းရွေးချယ်ပေးသည့် အခမ်းအနား ကို နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၂ နာရီက Park Royal ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ ကံထူးရှင်၈ ဦး ကံစမ်းပေးခဲ့ရာတွင် မန္တလေးတိုင်း ဒေသကြီးမှ ကံထူးရှင် ၄ ဦး၊ မကွေး တိုင်း ဒေသကြီးမှ ကံထူးရှင် ၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ကံထူး ရှင် ၁ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ကံထူးရှင်၁ ဦး၊ စုစုပေါင်းကံထူးရှင် ၇ ဦးသာပေါ်ထွက်ခဲ့သည်။

ယခု ၈ ဦး မြောက်ကံထူးရှင် ရွေးချယ်ပွဲကိုယခင်ကံထူးရှင်ရွေးချယ်ပွဲများနှင့် မတူဘဲ အိတ်ခွံလက်ဝယ် ရှိသူများက အောက်တိုဘာလ ၁ဝ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်နေ့အထိ စာတိုက် သေတ္တာ နံပါတ် (၇ဝ၄) သို့ ပေးပို့ ကံစမ်းလာသော အိတ်ခွံများကို တိုက်ရိုက်ရွေးချယ်ကံစမ်းပေးခဲ့ခြင်း ဖြစ်သည်။

ကံထူးရှင်အနေဖြင့် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက် နေ့ နောက်ဆုံးထားကာ ဆုမဲ လာ ရောက်ထုတ်ယူရမည်ဖြစ်သည်။

ဆုမဲ ထုတ်ယူရမည့် နောက်ဆုံးရက်ရောက် သည်အထိ လာရောက်ထုတ်ယူခြင်း မရှိပါက ကုမ္ပဏီတွင် လုံးဝ ချန်ထား မည် မဟုတ်ဘဲ စားသုံးသူများလက် သို့ ရောက်ရှိအောင် ကံစမ်းပေးသွား မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here