အမေရိကန်နိုင်ငံ မန်ဆာ ချူးဆက်ပြည်နယ်က ဘော်စတွန် မြို့ဖွား ကမ္ဘာကျော် LFO အဖွဲ့ ရဲ့ပင်တိုင်တေးသံရှင် ဒေဗင်လီမာ ဟာ ငယ်ရွယ်သေးတဲ့အသက် အရွယ်ဖြစ်တဲ့ အသက် ၄၁ နှစ်မှာ ကင်ဆာဝေဒနာ ခံစားရင်း နိုဝင်ဘာ လ ၂၁ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒေဗင်တို့ရဲ့ LFO (Lyte Funkie Ones)လို့ခပ်ဆန်း ဆန်းအမည်ပေးထားတဲ့တေးဂီတ အဖွဲ့ဟာ အမေရိကန်နိုင်ငံတစ်ဝန်း အောင်မြင်ကျော်ကြားတဲ့အဖွဲ့တစ်ဖွဲ့ လည်းဖြစ်ပါတယ်။
အစဉ်အလာကြီး မားပြီးထိပ်တန်းသီချင်းစာရင်းတွေ မှာလည်း မကြာခဏဆိုသလိုနေရာ ယူတတ်တဲ့အဖွဲ့တစ်ဖွဲ့ဆိုလည်း မမှား ပါဘူး။ တေးအယ်လ်ဘမ်တွေ အောင်မြင်သလို ကမ္ဘာလှည့်ဖျော် ဖြေပွဲတွေလည်း အလွန်ကို အောင် မြင်တို့ဖြစ်ပါတယ်။
နံပါတ် (၁) လို့ ဂုဏ်ပြုပြောဆိုခံရတဲ LFO အဖွဲ့ ရဲ့ ဖန်တီးမှုဖြစ်တဲ ‘Summer Girl” (1999), “Girl on TV” (1999), “Every Other Time” (2001) အစရှိတဲ့တေး သီချင်းတွေက အလွန်ကို ကျော်ကြား တဲ့သီချင်းတွေအဖြစ် အသိအမှတ် ပြု ခံထားရတဲ့အဖွဲ့ လည်းဖြစ်ပါတယ်။
Ref:CNN