မန်ဒီမိုးနဲ့တေလာဂိုးလ်းစမစ်တို့နှစ်ဦး ရိုးရိုးရှင်းရှင်း မင်္ဂလာပွဲကျင်းပ

0
157


‘၁၁-၁၈-၁၈’ ဆိုတာနှစ်ဦးစလုံး အတွက် တကယ့်ကိုအရေးပါတဲ့ ထာ ဝရရက်စွဲတစ်ခုပါလို့အဆိုတော် မန်ဒီမိုးက သူ့ရဲ့ Instagram က နေတစ်ဆင့်ပရိသတ်တွေကို မင်္ဂလာ သတင်းပါးလိုက်ပါတယ်။

အမေရိ ကန် ပေါ့ပ်စတားလည်းဖြစ်၊ နာမည် ကျော်တေး ရေးသူလည်းဖြစ်ရုံသာ မက နာမည်ကျော်သရုပ်ဆောင် တစ်ဦးလည်းဖြစ်တဲ့ အသက်၃၄နှစ် အရွယ် မန်ဒီမိုးနဲ့စိတ်တူ ဝါသနာတူ အဆိုတော် တေလာဂိုးလ်းစမစ်တို့ ရဲ့မင်္ဂလာသတင်းက ကမ္ဘာတစ်ဝန်း က သူတို့ပရိသတ်တွေအတွက် ပျော်ရွင်စရာသတင်းတစ်ပုဒ်ဖြစ်စေခဲ့ပါတယ်။

အစပိုင်းက ဒီလောက် မြန်ဆန်သွား လိမ့်မယ်မထင်ခဲ့ဘူး အခုတော့ မင်္ဂလာပွဲကို ရိုးရိုးရှင်းရှင်း လေးပဲ ဖြစ်ချင်တာ ထုံးစံအတိုင်းတွေ လိုက်လုပ်ရတာ စိတ်ရှုပ်စရာကောင်း တယ်။ အခုတော့ ဆုတောင်းပြည့် ပြီလို့ ဆိုပါတယ်။

မန်ဒီက ‘မင်္ဂလာပွဲက ရှေးရိုးအစဉ် အလာတွေအတိုင်း မလုပ်ချင်ဘူး၊ ဒါကြောင့် ပေါ့ပေါ့ပါးပါးဖြစ်အောင် စီစဉ်တာပါ’လို့ ရှင်းပြပါတယ်။

တ ကယ်တော့ လက်ထပ်တယ်ဆိုတာ မျှဝေခြင်း တစ်မျိုးပါ။ တစ်ယောက်ရဲ့ ကောင်းခြင်းနဲ့ ဆိုးခြင်းတွေကို အ ပြန်အလှန်မျှဝေကြတဲ့ သဘောပါလို့ လည်း အဓိပ္ပာယ်ဖွင့်ဆိုသွားခဲ့ ကြောင်းပါ။

Ref :CNN


LEAVE A REPLY

Please enter your comment!
Please enter your name here