နေထက်လင်းနဲ့ နေတိုးတို့ အားပြိုင်သရုပ်ဆောင်သွားမယ့် “ကျားနဲ့ဆင်” ရုပ်ရှင်ဇာတ်ကား

0
467

RSquare ထုတ်လုပ်ရေးရဲ့ ကိုးကားမြောက်ရုပ်ရှင်ဇာတ်ကား ဖြစ်တဲ့ ‘ကျားနဲ့ဆင်’ ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲကို နိုဝင်ဘာ ၁၈ရက်နေ့က Rose Garden ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ ထူးထူးခြားခြား ပရိသတ်တွေ အမြင်ဆန်းစေဖို့ နေထက်လင်းနဲ့ နေတိုးတို့ ဆရာတပည့်နှစ်ဦးက ကျားနဲ့ဆင်ကဲ့သို့ အပြိုင်အဆိုင် သရုပ်ဆောင်ကြမှာပါ။ ပရိသတ်တစ်ယောက် အနေနဲ့ ခံစားပြီး ပရိသတ်တွေ ကြည့်ချင်မယ့် ဇာတ်ကားတွေပဲ ရိုက်ကူးဖြစ်နေတဲ့ ဒါရိုက်တာ စတီးလ်က . . .

“ကိုယ်ကလည်း ရပ်ကွက်ထဲမှာနေတာ ပရိသတ်နဲ့ အတူတူပဲဆိုတော့ သူတို့ကြည့်ချင်တဲ့ ပုံစံမျိုး စဉ်းစားတယ်။ ဒီဇာတ်ကားကလည်း မရိုက်ဖူးတဲ့ အကြောင်းအရာတွေလဲ ပါတယ်။ ဒရာမာအက်ရှင်ထဲမှာ ဖိုက်တင်တွေ လက်သီးတွေ ထိုးတာမျိုး မဟုတ်ဘဲ စိတ်တွေနဲ့ အားပြိုင်တဲ့ ပုံစံမျိုးပေါ့။ ကိုနေထက်လင်းနဲ့ နေတိုးက ပြဒါးတစ်လမ်း သံတလမ်းပေါ့။ တွေ့တာနဲ့ ချမယ်ဆိုတာပဲ။ သူကလည်း သူ့ကို တွေ့ရင် လုပ်ချင်တယ် ဒါပေမယ့် ခွန်အားပဲရှိတယ် ကျားတစ်ကောင်လိုပဲ။ တစ်ယောက်က အင်အားတအားကြီးတဲ့ ဆင်ကြီးဖြစ်နေတယ်။ တစ်ယောက်နဲ့ တစ်ယောက် သူလစ်ရင် သူသတ်မယ် ကိုယ်လစ်ရင် ကိုယ်သတ်မယ် ချောင်းနေကျတဲ့ ပုံစံမျိုးပါ” လို့ ပြောပါတယ်။ ဒါရိုက်တာ စတီးက RSquare ထုတ်လုပ်ရေးအတွက် ရုပ်ရှင်၈ကား ရိုက်ကူးပေးခဲ့ပါတယ်။ ဒီထုတ်လုပ်ရေး အနေနဲ့ သိန်းတစ်ထောင်လောက်ရှိတဲ့ ကင်မရာတွေကို ဝယ်ယူရိုက်ကူးလျက်ရှိပြီး အနုပညာ အပေါ်မှာလည်း ပံ့ပိုးမှုတွေ အများကြီး လုပ်တဲ့အတွက် လက်တွဲရိုက်ကူးဖြစ်တယ်လို့ ပြောပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် အေးမြတ်သူကလည်း ‘အေးမြတ်သူက ဦးစတီးလ်နဲ့ ဇာတ်ကားတွေ တော်တော်များများ ရိုက်ဖြစ်ပါတယ်။ ဦးစတီးလ်က အသင်အပြ ကောင်းတယ်။ RSquare နဲ့က ပထမဦးဆုံး ရိုက်ဖြစ်တာပါ။ အက်ရှင်ဒရာမာ ဇာတ်ကားပါ။ ဦးစတီးလ်က လုပ်ကွက်ရမယ့် ဇာတ်လမ်းတွေဆိုရင် ညီမလိုမျိုး သမီးလိုမျိုး အမြဲတမ်းပေးပါတယ်။’ လို့ ပြောပါတယ်။ ဒီဇာတ်ကားမှာ နေထက်လင်း၊ နေတိုး၊ အေးမြတ်သူ၊ ရွှေသမီး၊ မင်းမော်ကွန်းသမီး လေပြေသွေးနဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

P-060၊
ဓာတ်ပုံ – အောင်ဇော်မင်း

 


LEAVE A REPLY

Please enter your comment!
Please enter your name here