ထိုင်းနာမည်ကျော် အဆိုတော် ထုံချိုင်းရဲ့ ဖျော်ဖြေပွဲအပေါ် သူ့ရဲ့အမြင်ကို ပြောပြတဲ့ ပတ္တမြားကေခိုင်

0
216

မင်းမော်ကွန်း၊ ရဲလေး၊ ပတ္တမြားကေခိုင်တို့ မိတ်ဆွေသူငယ်ချင်းတွေ စုပေါင်းပြီး ထိုင်းနာမည်ကျော် အဆိုတော် ထုံချိုင်းရဲ့ ဂီတဖျော်ဖြေပွဲကို ထိုင်းနိုင်ငံမှာ သွားရောက် ကြည့်ရှုခဲ့ ကြပါတယ်။ အဆိုတော်ထုံချိုင်းကတော့ မြန်မာပရိသတ်တွေ အသည်းစွဲ အဆိုတော်တစ်ဦးလို့ ပြောရမှာပဲဖြစ်ပြီး သူ့ရဲ့ဖျော်ဖြေပွဲတိုင်းကို မလွတ်တမ်း သွားရောက်ကြည့်ရှုအား ပေးကြတဲ့ မြန်မာပရိသတ်တွေလည်း အများကြီး ရှိပါတယ်။ ပတ္တမြားကေခိုင်တို့ကလည်း ထုံချိုင်းကို အသည်းစွဲ အားပေးကြတဲ့ ပရိသတ်တွေထဲမှာ ပါဝင်ကြတဲ့ သူတွေပါ။ ထိုင်းနိုင်ငံရဲ့ နာမည်ကျော် ထုံချိုင်းရဲ့ စတိတ်အပြင်အဆင်ကလည်း သိပ်ကိုခမ်းနားလှတယ်လို့လည်း သိရပါတယ်။ ‘စတိတ် ပုံစံက အပြင်က ပုံစံကတော့ အကြမ်းထည်ပုံစံလိုမျိုးပဲ။ အထဲမှာတော့ တအားခမ်းနားတယ်။ အကျယ်က အစ်မတို့ဆီက သုဝဏ္ဏကွင်းလောက်ရှိတယ်။ ပရိသတ်တွေကလည်း အပြည့်ပဲ။ ထုံချိုင်းက တစ်ကွင်းလုံးကို ပတ်ပြီးဖျော်ဖြေတယ်။ ကွင်းရဲ့ အလယ်မှာ စတိတ်တစ်ခု ထပ်လုပ်ထားတယ်။ LED တွေကလည်း အပြည့်ပဲ။ Show ရဲ့ စတိတ်အပြင်အဆင်ကို LED တွေနဲ့ ပေါင်းစပ်လိုက်တော့ သိပ်ကို ကောင်းသွားတယ်။ ပြီးတော့ Sound System ကလည်း တော်တော်လေး အဆင်ပြေတယ်။ စတိတ်ပေါ်မှာ စပီကာ ကြီးတွေကို မြင်အောင်ပြ မထားဘူး။ အဲဒါက တော်တော်လေး ကောင်းတယ်”လို့ထုံချိုင်းရဲ့ စတိတ်စင်မြင့်နဲ့ ပတ်သက်လို့ ပတ္တမြားကေခိုင်က ပြောပြပါတယ်။

ထုံချိုင်းက အခုအချိန်မှာတော့ အသက်၆ဝပြည့်ပြီ ဖြစ်ပေမယ့် လူငယ်တစ်ယောက်လိုမျိုး ဖျတ်လတ်တက်ကြွ နေတုန်းပဲလို့လည်း သိရပါတယ်။ ”သူ့ဖျော်ဖြေပွဲတွေကို လူတွေက တအားကို တောင့်တကြတယ်။ သူက ပွဲတောက်လျှောက်ကို မမောတမ်း ဆိုသွားတယ်။ ပြီး တော့လည်း ဘယ်သီချင်းမှာ ဘယ်ပါဖောင်းမန့်လုပ်မယ်၊ ဘယ်သီချင်းကျရင် သူကစင်မြင့် ရဲ့ ဘယ်ထောင့်ကနေ ထွက်လာမလဲ ဆိုတာကို စောင့်မျှော်ပြီး ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရတယ်။ ပြီးတော့ ပရိသတ်တွေ အနေနဲ့ကလည်း ဟိုးနောက်ဆုံးတန်းက ပရိသတ်တွေကလည်း နေရာမကောင်းလို့ မကြည့်ဘူး ဆိုတာမျိုးတွေ မရှိဘူး။ Live Concert ရဲ့အရသာကို လိုချင်လို့ကို လာကြည့်ကြတယ်။ သူတို့ တန်ဖိုးထားတဲ့ အနုပညာရှင်ကို သူတို့လာအားပေးကြတယ်ပေါ့” လို့ ပတ္တမြားကေခိုင်က ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here