နေတိုးကို အတိတ်ဘဝက ကွန်တော့်သား၊ ကွန်တော့ညီလို ခံစားရတယ် နေထက်လင်း

0
822

ကလေး၊ လူကြီးမကျန်၊ အရွယ်စုံ ကြိုက်နှစ်သက် သဘောကျပြီး ယနေ့အချိန်အထိ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်သူက သရုပ်ဆောင် နေထက်လင်းပါ။ နေထက်လင်းဟာ မကြာမီမှာ ဒါရိုက်တာ စတီးလ် ရိုက်ကူးမယ့် ကျားနဲ့ဆင် ဆိုတဲ့ ဇာတ်ကားမှာ နေတိုး၊ အေးမြတ်သူ၊ ရွှေသမီးတို့နဲ့အတူ ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။ ဆရာ တစ်ယောက် ဖြစ်တဲ့ နေထက်လင်းက တပည့်ဖြစ်သူ နေတိုးနဲ့ ပတ်သက်ပြီး . . .

“ကွန်တော် သူ့ကို စသိလိုက်ကတည်းက ကျွန်တော်နဲ့ သူနဲ့ ပဋ္ဌာန်းဆက်ပါတာပဲ။ သူ့နာမည် အရင်းက နေလင်းအောင်။ ကျွန်တော့်နာမည်က နေထက်လင်း။ သူငယ်ငယ်တုန်းက ချီခဲ့တဲ့ ကျွန်တော့်ရဲ့ သားနာမည်က ထက်လင်းအောင်။ နေတိုးက အေးတယ်။ မဟုတ်မခံ။ ကျွန်တော်ကလည်း အေးတယ်။ သူနဲ့ ကျွန်တော်နဲ့ အခုအချိန်ထိ စကးတစ်ခါမှ မများဖူးဘူး။ ကျွန်တော်ကတောင် သူ့ထက် နည်းနည်း စိတ်တိုပြီး စိတ်ဆက်သေးတယ်။ သူနဲ့ ကျွန်တော်နဲ့ ဆက်ဆံရေးကို ပြတ်အောင်လုပ်တဲ့သူတွေလည်း ရှိခဲ့ဖူးတယ်။ နေတိုးက ကျွန်တော့်အတွက် သားတစ်ယောက်ဆိုလည်း ဟုတ်တယ်။ ညီဆိုလည်း ဟုတ်တယ်။ တပည့်ဆိုလည်း ဟုတ်တယ်” လို ပြောပါတယ်။

နေတိုးနဲ့ ပတ်သက်ပြီး အမှတ်တရ ရှိခဲ့တဲ့ အကြောင်းတွေကိုလည်း နေထက်လင်းက အခုလိုမျိုး ပြောပြခဲ့ပါသေးတယ်။ “အလိုတော်ပြည့် ဆရာတော် ဘုရားကြီးက နေတိုးကို ဘုန်းကြီးဝတ်ခိုင်းရမယ်။ ဘုန်းကံတွေ တအားတက်လာပြီ။ ဘုန်းကံကို မထိန်းနိုင်တဲ့အချိန် ပေါက်ထွက်သွားရင် Accident တစ်ခုခု ဖြစ်သွားနိုင်တယ်လို့ ကျွန်တော့်ကို ပြောတယ်။ သူနဲ့ခင်နေကြတဲ့ သူတွေကို ကျွန်တော်ပြောပြတယ်။ သူတို့ကလည်း သူ့ကို မပြောရဲကြဘူး။ သူ့အမေနဲ့ အဖေကို ပြောပြတော့လည်း သူ့တိုကလည်း သူ့ကို မပြောရဲကြဘူး။ သူနာမည်ကြီးနေတဲ့ အချိန်မှာ မင်းတုံးတုံး၊ ဘုန်းကြီးဝတ်ဆို ဘယ်သူက ကြိုက်မှာလဲ။ ကျွန်တော့ကို လာပြောရင်လည်း ကျွန်တော် မကြိုက်ဘူးလေ။ ကျွန်တော်က သူ့ကို မင်းစိတ်မဆိုးနဲ့နော်။ မင်းနာမည်ကြီးနေတုန်း ဘုန်းကြီးဝတ်ခိုင်းတာ မဟုတ်ဘူး။ မင်းဘုန်းကံတွေ တအားတက်လာပြီး မထိန်းနိုင်ရင် အန္တရာယ်တစ်ခုခု တွေ့မှာစိုးလို့ မင်းကို ဘုန်းကြီးဝတ်ခိုင်းတာ။ မင်းတစ်ခုခုဖြစ်မှာ ငါမလိုလားဘူး။ အဖေတစ်ယောက်က သားကိုချော့ခိုင်းနေသလိုမျိုး။ သူလိမ္မာတယ်။ သူအလိုတော်ပြည့်ကျောင်းမှာ ဘုန်းကြီး တကယ်လာဝတ်တယ်။ ကျွန်တော် ဝမ်းသာသွားတယ်။ သူကျွန်တော့်စကားကို နားထောင်တယ်။ သူလုပ်ချင်ချင်၊ မလုပ်ချင်ချင် အလုပ်တွေကို ကျွန်တော် ခိုင်းခဲ့တာတွေ အများကြီးရှိတ်။ ဒါပေမဲ့ သူလုပ်ပေးခဲ့တယ်။ သူနဲ့ကျွန်တော်နဲ့ DNA မတူဘူး။ ဒါပေမဲ့ နာမည်ကအစ သွားဆင်နေတယ်။ နေတိုးကို အတိတ်ဘဝက ကျွန်တော့်သား၊ ကျွန်တော့်ညီလို ခံစားရတယ်” လို့ ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း၊ ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here