ဗီဒီယိုဈေးကွက်ကို တိုးတက်စေချင်တယ် ဇေရဲထက်

0
270

သရုပ်ဆောင်ဇေရဲထက်ဟာ အခုလက်ရှိ ရုံတင်ပြသနေတဲ့ ‘ဖရဲသီးမော်ဒယ်’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ခန့်စည်သူ၊ ဝတ်မှုန်ရွှေရည်၊ ဝါဝါအောင်၊ ခင်လှိုင်၊ ဒိန်းဒေါင် တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးရာကနေ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးလာရတာဖြစ်တဲ့ ဇေရဲထက်က ဗီဒီယိုဈေးကွက်ကို တိုး တက်စေချင်တယ်ဆိုတဲ့အကြောင်း အခုလိုဆိုပါတယ်။

”ကျွန်တော်က ဗီဒီယိုဈေးကွက်ကိုတော့ မပျက်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ရှင်မျိုးဆက်သစ်လူငယ်လေးတွေ ပေါ်ထွန်းလာစေချင်တယ်။ ကျွန်တော်က အနုပညာလောကကို ဗီဒီယိုကနေ စသိလာခဲ့တာ။ အခုအချိန်မှာ ရုပ်ရှင်တွေရိုက်နေတဲ့ မင်းသားတွေက တန်းဝင်တဲ့မင်းသားကြီးတွေရိုက်ရတာများတယ်။ မျိုးဆက်သစ် အနုပညာရှင်လေးတွေက ရိုက်ကူးဖို့ အလွန်နည်းပါးရှားသွားပြီ။ ဗီဒီယိုကနေစပြီး ပရိသတ်အရှိန်ကိုယူရတာ။ ဗီဒီယိုပြီးမှ ရုပ်ရှင်ဘက်ကို ကူးရတာဆိုတော့။ ရုတ်တရက် ဗီဒီယိုဈေးကွက် ပျက်သွားတဲ့အခါကျတော့ စိတ်မကောင်းဖြစ်မိတယ်။ ဗီဒီယိုဈေး ကွက်ကို ပြန်ကောင်းလာစေချင်တယ်။ လတ်တလောမှာ ဗီဒီယိုကို ကျွန်တော်ဆက်တိုက် ရိုက်နေတယ်။ ဗီဒီယိုကိုခေတ်ပျက်တယ်၊ ခေတ်ပျက်တယ်ပြောတာ တကယ်တော့ ခေတ်ပျက်တာမဟုတ်ဘူး။ မတိုးတက်တာ။ ရုပ်ရှင်မြှင့်တင်ရေးရှိသလို ဗီဒီယိုမြှင့်တင် ရေးလည်းရှိစေချင်တယ်။ ဗီဒီယိုဈေးကွက်ကို တိုးတက်စေချင်တယ်’လို့ ဇေရဲထက်က ပြောပါတယ်။

ဖရဲသီးမော်ဒယ်ဇာတ်ကားနဲ့ပတ်သက်ပြီး မေးမြန်းကြည့်တဲ့အခါမှာလည်း ဇေရဲထက်က…

”ဖရဲသီးမော်ဒယ်ဇာတ်ကားက တစ်ယောက်ကိုတစ်ယောက် စာနာစိတ်ရှိရမယ်။ လောကကြီးမှာ ငွေတွေ၊ အောင်မြင်ကျော်ကြားမှုတွေထက် ချစ်ခြင်းမေတ္တာလည်း အရေးကြီးတယ်၊ အရေးပါတယ်ဆိုတာကို ပြသပေး ချင်တဲ့ဇာတ်ကားပါ။ ဒီဇာတ်ကားမှာ Comedy ပါမယ်။ Romance ပါမယ်။Drama ပါမယ်။ ဒီဇာတ်ကားရိုက်ထားတာကတော့ ၃နှစ်ကျော်၊ ၄ နှစ် လောက်ရှိနေပြီ။ ဒီဇာတ်ကားထဲမှာ ကိုယ့်ရဲ့ကာရိုက်တာက မင်းသမီး ရှာနေတဲ့ထုတ်လုပ်သူတစ်ယောက်။ ရွာလေးတစ်ရွာမှာ ဖရဲသီးရောင်းနေတဲ့ မင်းသမီးရုပ်ရည်နဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့တယ်။ အနုပညာ အရည်အချင်းရှိလို့ မင်းသမီးတင်ဖို့ ဦးလေး ၂ယောက်ကို နောက်ကနေ ကြိုးကိုင်တဲ့ ကာရိုက်တာ နေရာကနေပါဝင်သရုပ်ဆောင်ထားတယ်။ ကျွန် တော်ဈေးရောင်းရတဲ့အခန်းတွေပါတယ်။ ကျွန်တော်ကလည်း အရင် တုန်းက ဈေးရောင်းခဲ့တာဆိုတော့ သရုပ်ဆောင်ရတဲ့အခါ သိပ်ပြီး အခက်အခဲမရှိဘူး’လို့ ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း၊

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here