ကားအသုံးပြုသူတိုင်း ထိုင်ခုံခါးပတ်ပတ်ဖို့ အားလုံးပါဝင်ဆောင်ရွက်စို့

0
378


မြန်မာနိုင်ငံက ယာဉ်မတော်တဆမှုအများဆုံးဖြစ်ပွားတဲ့နိုင်ငံများစာရင်းမှာ ပါဝင်နေတာကြောင့် ယာဉ်အသုံးပြုကြသူများအနေနဲ့ အသက်အန္တရာယ်မထိခိုက်စေဖို့ ထိုင်ခုံခါးပတ်ကို မဖြစ်မနေပတ်သင့်ပါတယ်။ ဒါကြောင့် ပေါ်ပြူလာစာဖတ်သူများအတွက် ကားအသုံးပြုရင် ထိုင်ခုံခါးပတ်ပတ်ဖြစ်ကြပါသလား။ ထိုင်ခုံခါးပတ်ရဲ့အရေးပါပုံ အကြောင်းကို ‘ကားအသုံးပြုသူတိုင်း ထိုင်ခုံခါးပတ် ပတ်ဖို့ အားလုံးပါဝင်ဆောင်ရွက်စို့’ခေါင်းစဉ်နဲ့ မေးမြန်းဖော်ပြလိုက်ပါတယ်။

ကိုဝေယံနိုင်(ရန်ကုန်)

ကျွန်တော်ကတော့ ကားမောင်း ရင် ခါးပတ်အမြဲပတ်ပါတယ်။ ကိုယ့် ရဲ့အသက်အန္တရာယ်အတွက် မဖြစ် မနေ ခါးပတ်ပတ်ဖို့လည်းလိုအပ် ပါတယ်တယ်ဗျ။ ကျွန်တော်ကိုယ် တိုင်လည်း ကားနဲ့အက်ဆီးဒင့်လည်း ဖြစ်ဖူးတယ်။ ခါးပတ်ပတ်ထားတဲ့ အတွက် ရှေ့က Wind Shield မှန်နဲ့ မဆောင့်မိဘူး။ ဘာထိခိုက်မှုမှ မရှိခဲ့ ဘူး။ ခါးပတ်ပတ်ဖို့ ပညာပေးအစီ အစဉ်တွေ အများကြီးလိုအပ်နေ သေးတယ်လို့ထင်ပါတယ်။ မပတ်တဲ့ သူတွေကိုလည်းဒဏ်ကြေးပေး ဆောင်တာတွေကို ထိထိရောက် ရောက်လုပ်သင့်ပါတယ်။ လူတွေ ကလည်း ကားမောင်းသမားမှာတင် အသက်ရှိတာမဟုတ်ဘဲ ကိုယ်တိုင် စီးနင်းလိုက်ပါသူတွေကလည်း မ တော်တဆမှုဖြစ်ရင် အသက်ဆုံးရှုံး နိုင်လို့ ထိုင်ခုံခါးပတ်ကို မဖြစ်မနေ ပတ်ရမှာပါခင်ဗျာ။

အောင်သက်ဝေ(နေပြည်တော်)

ကားနဲ့တော့ အက်ဆီးဒင့် မဖြစ် ဖူးပါဘူးခင်ဗျာ။ ခါးပတ်ပတ်ထား တာနဲ့ မပတ်ထားတာနဲ့ ဘာကွာလဲ ဆိုတော့ ရှင်းပါတယ်။ ခါးပတ်ပတ် ထားမယ်ဆိုရင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့လည်း ညီတယ်။ ပြီး တော့ ယာဉ်မတော်တဆ ဖြစ်ခဲ့မယ် ဆိုရင်လည်း လူရဲ့အသက်အန္တရာယ် လည်း မစိုးရိမ်ရဘူးပေါ့။ ခါးပတ်မ ပတ်ထားဘူးဆိုရင်တော့ ယာဉ်စည်း ကမ်းလမ်းစည်းကမ်းနဲ့လည်း မကိုက် ညီဘူး။ ပြီးတော့ အသက်အန္တရာယ် လည်း ၈ဝ% လောက် စိုးရိမ်ရတယ် ထင်ပါတယ်ခင်ဗျ။ ကျွန်တော့်အ တွက်ကတော့ကားမောင်းရင်း ခါး ပတ်ပတ်ထားတာနဲ့တော့ စိတ် အနှောင့်အယှက် မဖြစ်ပါဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ ဒီခါးပတ်ပတ် တယ်ဆိုတာက မောင်းတဲ့သူရော စီးနင်းလိုက်ပါသူတွေအတွက်ရော အသက်အန္တရာယ်လုံခြုံစိတ်ချရလို့ပါ။ ဒါကြောင့်မို့လို့ ကားမောင်းရင် ခါးပတ်တော့ ပတ်ထားသင့်ပါတယ် ။နိုင်ငံတွေဟာ တိုးတက်လာတာနဲ့ အမျှ စက်ပစ္စည်းတွေကလည်း အ ဆင့်မြင့်လာကြပါတယ်။ လူတွေအ တွက် ပိုပြီးလုံခြုံစိတ်ချရအောင် လုပ် လာကြပါတယ်။ ကားတွေမှာဆိုရင် အရင်တုန်းကမရသေးခဲ့တဲ့ လေ အိတ်တွေလည်း တော်တော်များများ ကားတွေမှာ တွေ့မြင်လာရပါပြီ။ ဒါပေမဲ့ တိုးတက်လာနဲ့အမျှ မတော် တဆမှုတွေကလည်း မြင့်မားလာတာ ကို တွေ့ရပါတယ်။ မတော်တဆမှု ဆိုတာကလည်း ဖြစ်သွားရင် ရုတ်တ ရက်အတွင်းမှာ အသက်ဆုံးရှုံးရတဲ့ အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကားမောင်းရင် ခါးပတ်ကို အမြဲတမ်း ပတ်ထားသင့်ပါတယ်။ကိုယ်ကိုယ် တိုင်တော့ မကြုံဖူးပါဘူး။ ဒါပေမဲ့ တခြားသူတွေ ဒဏ်ငွေပေးဆောင် ရတာတော့ ကြုံဖူးပါတယ်။ ခါးပတ် ပတ်ဖို့ ပညာပေးအစီအစဉ်တွေလုပ် ဖို့လိုအပ်ပါတယ်။ မြို့ပြနဲ့ ကျေးလက် တွေမှာ ပညာပေးဟောပြောတာတွေ၊ ကျောင်းတွေမှာ ပညာပေးဟောပြော တာတွေလုပ်ပေးနိုင်မယ်ဆိုရင်တော့ ယာဉ်မတော်တဆ မှုတွေဟာအရင် ကထက် ပိုပြီး လျော့ကျသွားစေမယ်လို့ ထင်ပါတယ်။ ဒဏ်ကြေးပေးဆောင် စေမှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ် ပါတယ်။ ဒီလိုဒဏ်ကြေးတွေ ပြုလုပ် ထားမှလည်း အားလုံးက စည်းကမ်း ရှိရှိ မောင်းနှင်နိုင်ကြမှာပါ။ မောင်း တဲ့သူဟာ ယာဉ်စည်းကမ်း လမ်းစည်း ကမ်းနဲ့အညီ မောင်းနှင်မယ်ဆိုရင် တော့ ဒဏ်ကြေးဆိုတာ ပေးဆောင် စရာလိုမှာမဟုတ်ပါဘူး စည်းကမ်း တွေ မလိုက်နာဘူးဆိုရင်တော့ ဒဏ် ကြေးပေးဆောင်ကြရမှာ ပဲဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ ယာဉ်စည်း ကမ်း လမ်းစည်းကမ်းနဲ့အညီ မောင်း နှင်ကြပါလို့ တိုက်တွန်းလိုပါတယ်။

ကိုရန်နိုင်ဖြိုး(နေပြည်တော်)

ကားမောင်းနေစဉ် သတ်မှတ် ခါးပတ် ပတ်ဖို့ ပညာပေးတွေ များစွာ လုပ်သင့်ပါသေးတယ် များစွာလည်း လိုအပ်ပါတယ်။ ကားစီးတဲ့သူဖြစ်စေ ကားမောင်းတဲ့သူဖြစ်စေ ကားအသုံး ပြုပြီဆိုတာနဲ့ ထိုင်ခုံခါးပတ် မဖြစ်မ နေ ပတ်သင့်ပါတယ်။ ထိုင်ခုံခါးပတ် ကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာမလိုသလို အကျင့်လုပ်ပြီး ထိုင်ခုံ ခါးပတ်ကို ပတ်သင့်ပါတယ်။ ကျွန် တော်တို့နိုင်ငံမှာက ကားမောင်းနေ စဉ် သတ်မှတ်ခါးပတ် ပတ်ဖို့အား နည်းနေသေးတာကို တွေ့ရပါတယ်။ အားနည်းတဲ့အလျောက်လည်း ကားအက်ဆီးဒင့်တွေဖြစ်တဲ့အခါမှာလည်း သတ်မှတ်ခါးပတ် မပတ်ကြလို့သေ ကြရတာတွေလည်း အများကြီးဖြစ် နေရတာပါ။ ဒဏ်ကြေးသတ်မှတ် ဖို့ထက် ပညာပေးတွေကပိုပြီးလို အပ်တယ် ထင်ပါတယ်။

ကိုနေမျိုးသူရ(ယာဉ်ထိန်းအရာရှိ)

ကားမောင်းရင် ခါးပတ်အမြဲ တမ်း ပတ်ဖြစ်ပါတယ်။ ခါးပတ်ပတ်ဖို့ လိုကို လိုပါတယ်။ ကားအက်ဆီးဒင့် တော့ မဖြစ်ဖူးပါဘူး။ ခါးပတ်ပတ် တာနဲ့ မပတ်တာ တအားကွာပါတယ် ခါးပတ်ပတ်ထားခြင်းဟာ မိမိကိုယ်ကို စိတ်ချယုံကြည်မှုအပြည့်ရှိပြီး ခါးပတ် ပတ်မထားခြင်းဟာ အချိန်မရွေး အသက်အန္တရာယ် ကျရောက်နိုင်ပါ တယ်။ ခါးပတ်ပတ်ခြင်းဟာ အစပိုင်း မှာ စိတ်အနှောင့်အယှက် အနည်း ငယ်ဖြစ်စေပေမယ့် ပတ်လာတာနဲ့ အမျှ နောက်ပိုင်းမှာဘာစိတ်အ နှောင့်အယှက်မှ မဖြစ်စေတော့ပါဘူး။ ခါးပတ်ကိုပတ်သင့်ပါတယ်။ ခါးပတ် ပတ်ထားခြင်းအားဖြင့် အိပ်ငိုက်၍ သော်လည်းကောင်း၊ ယာဉ်စက် ချွတ်ယွင်း ၍သော်လည်းကောင်း ယာဉ်တိုက်မှုဖြစ်၍သော် လည်း ကောင်း၊ ရုတ်တရက် ရပ်တန့်၍ သော်လည်းကောင်း စသည်ဖြင့် အ ကြောင်းအမျိုးမျိုးကြောင့် ယာဉ် အန္တရာယ်ဖြစ်ပွားတဲ့အခါ ခါးပတ် ပတ်ထားခြင်းကြောင့် ခါးမကျိုးဘူး ဦးခေါင်းပိုင်းထိခိုက်မှုမဖြစ်ဘူး မေး ရိုး နဖူး မျက်နှာထိခိုက်မှုမဖြစ်ဘူး။ ကားအပြင်ဘက်ကို လွင့်စင်ထွက် မသွားဘူး။ ခါးပတ်မပတ်လို့ ဒဏ် ကြေးဆောင်ရတာမျိုးတော့ မကြုံ သေးပါဘူး။ ခါးပတ်အကြောင်း ပ ညာပေးတွေ မကြာမကြာပြောဆို ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ မလိုက် နာသူကို ဥပဒေနဲ့အညီအ ရေးယူမှု၊ ဒဏ်ကြေးဆောင်စေမှုတို့ ပြုလုပ်ဖို့ လိုအပ်ပါတယ်ခင်ဗျ။

မယဉ်သူဇာလွင်(မြမြင့်မိုရ်)

ကျွန်မ ကားမောင်းရင် ခါးပတ် အမြဲတမ်းပတ်ဖြစ်ပါတယ်။ ကားတွေ ကလည်း ခါးပါတ်ပတ်မထားရင် ဗူမောတွေထမြည်တော့ ခါးပတ်ပတ် ဖို့ မမေ့တော့ဘူး။မမျှော်လင့်နိုင်တဲ့ ယာဉ်မတော်တဆမှုတွေကြောင့် အချိန်မရွေး အသက်အန္တရာယ်ကျ ရောက်နိုင်တာကို ခါးပတ်ပတ်ခြင်းကှေ်န ဖြစ်စေနိုင်လို့ ထိုင်ခုံခါးပတ် ပတ်ဖို့ လုံးဝကိုလိုပါတယ်ရှင်။ ကားအက်ဆီးဒင့်တော့ မဖြစ်ဖူးပါ ဘူး။ ခါးပတ်ပတ်တာနဲ့ မပတ်တာ တအားကွာပါတယ်။ အကြောင်းအ မျိုးမျိုးကြောင့် ပြင်းထန်တဲ့ ယာဉ်မ တော်တဆမှုတွေ ဖြစ်ခဲ့မယ်ဆိုရင် တောင်မှ ထိုင်ခုံခါးပတ် ပတ်ထားခြင်း က ကားအပြင်ဘက်ကို လွင့်စင်ထွက် မသွားစေနိုင်ဘူး။ ခါးပတ်ပတ်တာက စိတ်အနှောင့်အယှက် မဖြစ်စေပါ ဘူး။ ယာဉ်မောင်းသူကော ယာဉ်ပေါ် မှာလိုက်ပါသူတွေကော ခါးပတ် ပါတ်ဖို့လိုပါတယ် ။ ကျွန်မဆို လည်း ကိုယ်တိုင်မမောင်းဘဲ ဘေးကလိုက် စီးရင်တောင် ခါးပတ်ပတ်ပါတယ်။ ကျွန်မရဲ့ကလေးတွေကိုလည်း ထိုင် ခုံခါးပတ် ပတ်တာမျိုးနဲ့ ဘြေပ ဃမှေနအေ အသုံးပြုလို့ သွားလာတတ် အောင် ငယ်စဉ်ကတည်းက လေ့ကျင့် သင်ကြားပေးထားပါတယ်။ မြန်မာ နိုင်ငံမှာ ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးနဲ့ မြို့တိုင်းရဲ့လမ်းတွေမှာ ယာဉ်မောင်းသူများအား ထိုင်ခုံခါး ပတ် ပတ်ဖို့အတွက် သတိပေးဆိုင်း ဘုတ်များ ပြုလုပ်သတိပေးထားတာ တွေလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ထိုင်ခုံခါးပတ် အသုံးပြုခြင်းရဲ့အ ကျိုးကျေးဇူး / ထိုင်ခုံခါးပါတ် အသုံး မပြုတဲ့အခါ အပြစ်ဆိုးကျိုးတွေနဲ့ အတူ ခါးပတ်အကြောင်းကို ပညာ ပေးဟောပြောမှုတွေ မကြာမကြာ ပြောဆိုပြုလုပ်ပေးဖို့ လိုအပ်ပါတယ် မလိုက်နာသူများကိုလည်း ဥပဒေနဲ့ အညီ အရေးယူမှု ဒဏ်ကြေးဆောင် စေမှုတို့ ပြုလုပ်ဖို့ လိုအပ်ပါတယ်လို့ ထင်မိပါတယ် ‘Drive Safety use seat belt’ တန်ဖိုးရှိတဲ့ အသက်တွေ မဆုံးရှုံးဖို့ ထိုင်ခုံခါးပတ်ပတ်ကြစို့’လို့ တိုက်တွန်းပါရစေ။

အောင်ပြည့်စုံ


LEAVE A REPLY

Please enter your comment!
Please enter your name here