ပရဟိတ လုပ်ဖြစ်တော့ စိတ်ထားနူးညံ့လာတယ် ခိုင်နှင်းဝေ

0
647

ပရဟိတ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ လတ်တလောမှာ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရင်း ပရဟိတ အလုပ်တွေကိုလည်း ဆက်တိုက်ဆိုသလို လုပ်ကိုင်ဖြစ်နေပါတယ်။ ပရဟိတ လုပ်ဖြစ်တဲ့ နောက်ပိုင်းမှာ စိတ်တွေ နူးညံ့လာတယ်ဆိုတဲ့ ခိုင်နှင်းဝေက . . .

“ပရဟိတ လုပ်တဲ့ အခါကျတော့ စိတ်က နားလည်တတ်လာတယ်။ ခွင့်လွှတ်တတ်လာတယ်။ ဥပမာ ဆိုရှယ်မီဒီယာရဲ့ ကွန်းမန့်တွေမှာ အစ်မကို ကောင်းတာ ပြောတဲ့သူ ရှိသလို ဆိုးတာပြောတဲ့သူလည်း ရှိတယ်။ အဲဒီ အခါကျတော့ ကိုယ်ကလေ သူလည်း တစ်ချိန်သေရမှာ၊ ကိုယ်လည်း တစ်ချိန်မှာ သေရမှာပဲဆိုတဲ့ စိတ်မျိုးလေးတွေ ဖြစ်လာတယ်။ နောက်တစ်ခုက အရင်တုန်းကဆို အစ်မတို့ မင်းသမီး၊ မင်းသားတွေ တော်တော်များများက နေပူမရှောင်၊ မိုးရွာမရှောင် အလုပ်လုပ်ရတယ်လေ။ အလုပ်လုပ်ရပေမယ့် ပိုက်ဆံရတယ်။ ဒါရှင်းရှင်းပြောတာ။ အစ်မအိမ်က ကလေးမတွေက အရင်တုန်းက ဆိုလို့ရှိရင် အစ်မ နေပူထဲသွားပြီ ဆိုတာနဲ့ ထီးနဲ့ လိုက်ပို့ပေးရတယ်။ မင်းသမီး ဆိုတော့လေ။ အဲ့ဒီ့လိုမျိုး အရင်တုန်းကတော့ ဂုဏ်တွေရှိခဲ့တယ်။ အခုတော့ အစ်မစိတ်ထားက နူးညံ့လာတယ်လို့ ကိုယ့်ကိုယ်ကိုလည်း ထင်မိတယ်” လို့ ပြောပြခဲ့ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here