ပညာရေးတပိုင်းတစဖြစ်ခဲ့ရတဲ့ ရွှေသမီး

0
434


မန္တလေးသူအနုပညာရှင်တစ်ဦးဖြစ်တဲ့ ရွှေသမီးက မန္တလေးမှာ ဓာတုဗေဒမေဂျာ အထူး ပြုပထမနှစ်တက်ရောက်ခဲ့ပေမယ့် အနုပညာပျိုးခင်းက ရွေးချယ်ခံရပြီး နောက်ပိုင်းမှာ ကျောင်း ဆက်မတက်ဖြစ်တော့ပါဘူး။ ပညာရေးမှာ ဘွဲ့တခုခုရဖို့ စိတ်ကူးထားပေမယ့်လည်း အခုအချိန် မှာ အနုပညာအလုပ်တွေတစ်ဖက်နဲ့မို့ သူ့ရဲ့ စိတ်ကူးတွေကို အကောင်အထည်မဖော်နိုင်ဘဲဖြစ်နေပါ တယ်။ ဒါပေမယ့်လည်း ပညာရေးကိုဆုံးခန်းတိုင်အောင် သင်ကြားသွားမှာပါဆိုတဲ့ရွှေသမီးက..

“ညီမက ရန်ကုန်ကိုပြောင်းလာတော့ ကျောင်းကိုလဲ ရန်ကုန်ပြန်ပြောင်းပေမယ့် သွား မတက်ဖြစ်ဘူး။ စာမေးပွဲဖြေခါနီးရင် အလုပ်တွေလက်ခံထားပြီးသားဖြစ်တဲ့အတွက် သွားမ ဖြေဖြစ်တော့ဘူး။ ကျောင်းကပထမနှစ်နဲ့နားထားတာ ၄၊ ၅နှစ်ရှိပြီ။ ကိုယ်လည်း ဘွဲ့တစ်ခု လောက်တော့ ရရမယ်ဆိုတဲ့စိတ်လေးတော့ အမြဲထားထားပါတယ်။ နောက်နှစ်လောက်ပြန် တက်မယ်နဲ့ တစ်နှစ်ပြီးတစ်နှစ်ကုန်လာတာပေါ့။ ပညာရေးမှာတော့ တစ်ခုခုလုပ်ဖို့တော့ အမြဲစိတ်ကူးရှိပါတယ်။ အကောင်အထည်ဖော်နိုင်အောင်လဲ ကြိုးစားမှာပါ”လို့ပြောပါတယ်။

ပညာရေးကလဲ လူ့ဘဝအတွက်အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်နေပါတယ်။ ကိုယ်တိုင် ပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရတဲ့အတွက် နောင်လာမယ့်လူငယ်တွေ ကလေးတွေကို ပညာရေးကိုဆုံးခန်းတိုင်တဲ့ အထိလုပ်စေချင်တယ်လို့ ရွှေသမီးကဆိုပါ တယ်။ ကိုယ်တိုင်သာ ပညာရေးတစ်ပိုင်းတစ်စဖြစ်ခဲ့ရပေမယ့် သူများတွေကိုတော့ ကျောင်းဆက်တက်ဖို့ တိုက်တွန်းဖြစ်တယ်လို့ဆိုတဲ့ ရွှေသမီးက. . .

“ညီမသာပညာရေးဘက်ကိုမလှည့်နိုင်သေးတာ။ တချို့လှည့်နိုင်နေရဲ့သားနဲ့ ရပ်ထားတဲ့သူတွေရှိတယ်။ အဲဒီလိုလူတွေကို အမြဲတမ်းတိုက်တွန်းဖြစ်တယ်။ ပညာရေး ကအရေးကြီးတယ်။ ပညာကိုလုပ်လိုက်ပါဟယ်။ ကျောင်းလေးပြန်တက်လိုက်ပါဟယ်လို့တိုက်တွန်းဖြစ်တယ်။ကလေးတွေဆိုရင် ပိုဆိုးတာပေါ့။ ငယ်ရွယ်တဲ့အချိန်မှာ ပညာ ရေးကို အလေးထားမှအသက်ကြီးလာတဲ့အချိန်မှာလဲ အလေးထားမှာလေ။ မတတ် နိုင်တဲ့ ကလေးတွေကိုလည်း ဖြည့်ဆည်းပေးချင်တယ်။ ကိုယ်တွေအတွက်ကတော့ ကိုယ်ကိုယ်တိုင်ကြိုးစားမှဖြစ်တဲ့အတွက် စိတ်ထဲမှာတော့ တွန်းအားပေးထားတာလေး တွေရှိပါတယ်။ တစ်ချိန်ကျရင်ပညာရေးဘက်ကို လှည့်မယ်လို့တွန်းအားပေးထားပါတယ်။ အခုအချိန်မှာတော့ ကိုယ်ရပ်တည်နေတဲ့ လမ်းကြောင်းလေးပိုခိုင်ဖို့အတွက် ကြိုးစားနေတုန်းပါ”လို့ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here