ခရီးသွားရှုခင်းများကို ကြည့်ရှုခံစားခဲ့ရသည့် 8th Travelling ပန်းချီပြပွဲ

0
235


Artistic Travellers အဖွဲ့က ကျင်းပသည့် 8th Travelling ပန်း ချီပြပွဲကို ရန်ကုန်မြို့၊ ကျောက်တံ တားမြို့နယ်၊ ၃၅ လမ်း အလယ်ဘ လောက်ရှိ Moon Art Gallery တွင်နိုဝင်ဘာလ ၂၃ ရက်နေ့မှ နိုဝင်ဘာလ ၂၆ရက်နေ့အထိ ပြု လုပ်ခဲ့သည်။ အဆိုပါ ပန်းချီပြပွဲတွင် ပန်းချီဆရာ ၁၁ ဦးက ရေးဆွဲထား သည့် ရေဆေး၊ ဆီဆေး၊ အခရိုင်း လစ်၊ ပိုစတာကာလာစသည်ဖြင့် အမျိုးအစားစုံပန်းချီကား ၇၅ကားကို ပြသခဲ့ပြီး လာရောက်ကြည့်ရှုသူများ အနေဖြင့် ခရီးသွားရှုခင်းများကို စိတ်ကြည်နူးဖွယ် ကြည့်ရှုခံစားနိုင် ခဲ့ကြောင်း သိရသည်။


‘Artistic Travellers အဖွဲ့က အားလုံး စုစုပေါင်းအဖွဲ့ဝင် ၇ဦးရှိ ပါတယ်။ ဒီအဖွဲ့ဝင် ၇ ဦးနဲ့ပဲ ကျွန်တော်တို့ ပန်းချီပြပွဲတွေ လုပ် လာတာ ၇ ကြိမ်ပြီးစီးသွားခဲ့ပါပြီ။ ဒီပွဲကတော့ Artistic Travellers အဖွဲ့ရဲ့ ၈ကြိမ်မြောက် ပန်းချီပြပွဲ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ ထူးခြား တာက ကျွန်တော်တို့ရဲ့ သင်ဆရာ၊ မြင်ဆရာဖြစ်တဲ့ ပန်းချီဆရာကြီး ၄ ဦးကိုလည်း ဧည့်သည်အနေနဲ့ ပါဝင် ပြသဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ပန်းချီ မောင်ညိုဝင်း၊ တင်လှဝင်းထင်၊ မောင်ကျော်ညွန့်၊ ကျော်သောင်းတို့ ဖြစ်ပါတယ်။ Artistic Travellers အဖွဲ့ဝင် ၇ယောက်နဲ့ဆို အားလုံး ပေါင်း ၁၁ ဦးပေါ့။ ကျွန်တော်တို့ရဲ့ Artistic Travellers အဖွဲ့က ခရီး တွေသွားမယ်။ ဓာတ်ပုံတွေရိုက်၊ ပန်းချီတွေဆွဲမယ်။ ပြန်လာရင် ပြပွဲ လုပ်တယ်ပေါ့။ ဒါ့ကြောင့် ပြပွဲကို Travelling လို့ အမည်ပေးထားတာ ပါ။ ခရီးသွားရှုခင်းတွေကို အဓိကထားပြီး ပြသတာပေါ့’ဟု Artistic Travellers အဖွဲ့မှ ပန်းချီ၊ ဒီဇိုင်း မောင်မြင့်လွင်က ပြောသည်။

ပန်းချီဆရာ၊ ဆရာမများဖြစ်ကြ သည့် ခိုင်တင်၊ နီတွတ်၊ မမွှေး၊ မောင်မြင့်လွင်၊ သန့်ဇင်၊ ဇော်ညွန့်ဖေ၊ ကိုကိုမြင့်တို့ဖြင့် ဖွဲ့စည်းထားသော Artistic Travellers အဖွဲ့၏ Travelling ပန်းချီပြပွဲကို နောင် နှစ်များတွင်လည်း ဆက်လက်ပြုလုပ် သွားမည်ဖြစ်ပြီးလာမည့် ဇန်နဝါရီလ အတွင်း ခရီးထွက်ရန်စီစဉ်နေ ကြောင်းလည်း သိရသည်။

စုမွန်


LEAVE A REPLY

Please enter your comment!
Please enter your name here