ကျွန်တော်ရေးခဲ့သောစာအုပ်များ(၁၃)

0
212

ကျွန်တော်ရေးခဲ့သော စာအုပ် တစ်အုပ်၏ ခေါင်းစဉ်ကို ‘အထိတ်တလန့် ဖြစ်စရာခေါင်းစဉ် ပဲ’ဟု မိတ်ဆွေတွေက ပြောကြသည်။ ခေါင်းစဉ်က ‘ချစ်သူများကို အဆုံး စီရင်ခြင်း’ ဖြစ်သည်။

စာအုပ်ခေါင်းစဉ်မှာ စာအုပ်ထဲ က ဆောင်းပါးတစ်ပုဒ်၏ နာမည်ကို ယူထားခြင်းဖြစ်သည်။ ခေါင်းစဉ် ကြည့်လိုက်တော့ သည်းထိတ်ရင်ဖို ဇာတ်လမ်းလိုလို ဘာလိုလိုဖြစ်နေ သော်လည်း တကယ်ကတော့ သုတေ သနအကြောင်းပါ။ သုတေသနပြုရာ တွင် ထားရှိအပ်သော သဘောထား တစ်ခုနှင့် ပတ်သက်၍ ပညာရှင်တစ် ဦးက မိန့်ဆိုဖူးသည်။ သုတေသနပြု ရာတွင် မိမိအလွန်နှစ်သက်မြတ်နိုးခဲ့ သော အယူအဆတစ်ခုမှာ မှားယွင်း နေကြောင်း အထောက်အထား ခိုင် ခိုင်လုံလုံထပ်တွေ့ပါက မိမိနှစ်သက် မြတ်နိုးခဲ့သော ထိုအယူအဆကလေး မှာ မည်မျှနှစ်သက်စရာကောင်းသည် ဖြစ်စေ၊ မည်မျှလှပသည်ဖြစ်စေ၊ ငဲ့ ကွက်နေစရာမလိုတော့ပါ။ ထို ‘ချစ် သူ’ကလေးကို အဆုံးသာစီရင်လိုက် ပါ။ (Kill Your Darling) ဟု မိန့်ဆို ထားခြင်းဖြစ်သည်။

ကျွန်တော်သည် ၂ဝဝ၈ ခုနှစ် ဇူလိုင်လထုတ် မဟေသီမဂ္ဂဇင်းတွင် ထိုခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါသည်။ တစ်ချိန်က မှန်သည် ဟု ယူဆထားသော အယူအဆကို နောက်ပညာရှင်များက ထပ်မံသုတေ သနပြုပြီး ယခင်အယူအဆမှားယွင်း ကြောင်း သက်သေခိုင်လုံပါက ယခင် အယူအဆကို စွန့်ပယ်ရန် လိုအပ် ကြောင်း သာဓကဆောင်ခဲ့ပါသည်။ ပဓာနတင်ပြသော သာဓကမှာ ပါဠိ ပညာရှင် ဆရာကြီး ဦးကျော်ရှိန် (မ ကြာမီက ကွယ်လွန်)၏ ရာဇကုမာရ် ပြဿနာ ဆောင်းပါးဖြစ်သည်။ ရာဇ ကုမာရ်သည် ကျန်စစ်သားနှင့် သမ္ဘူ လတို့၏ သား ဇေယျခေတ္တရာပင်ဖြစ် သည်ဟု အစဉ်အဆက် လက်ခံခဲ့ သော အယူအဆတစ်ရပ်ရှိသည်။ ဆရာကြီးက ရာဇကုမာရ်ကျောက်စာ နှင့် အခြားအထောက်အထားများကို လေ့လာပြီး (၁) ရာဇကုမာရ်သည် ဇေယျခေတ္တရာမဟုတ်။ တစ်ဦးစီသာ ဖြစ်သည်။ (၂) ရာဇကုမာရ်ကျောက် စာတွင် ရာဇကုမာရ်သည် တြိလော ကဝဋံသကာဒေဝီမိဖုရား၏ သားဖြစ် ကြောင်း အတိအလင်းဖော်ပြထား သော်လည်း ရာဇကုမာရ်သည် ကျန် စစ်သား၏ သားဖြစ်သည်ဟူ၍လည်း ကောင်း၊ ကျန်စစ်သားသည် ရာဇ ကုမာရ်၏ ဖခင်ဖြစ်သည်ဟူ၍လည်း ကောင်း တိုက်ရိုက်အတိအလင်း ဖော်ပြချက်ကိုမူ ရာဇကုမာရ်ကျောက် စာတွင် မတွေ့ရပါဟူသောအချက် ၂ ချက်ကို အထောက်အထားများဖြင့် အခိုင်အမာသက်သေပြခဲ့သည်။ သို့ သော်လေ့လာသူအများစုက ထိုအ ချက်ကို လက်မခံချင်ကြပါ။

ရာဇကု မာရ်သည် ကျန်စစ်သား၏သားလိမ္မာ ကလေးဖြစ်သည်ဟူသော ဇာတ်လမ်း ကို အစဉ်အဆက်နှစ်သက်စွဲလမ်းခဲ့ ကြသည့်အလျောက် ထိုအယူအဆကို မစွန့်ပယ်လိုကြပါ။ ဆရာကြီးဦးကျော် ရှိန်၏ အဆိုအမိန့်ကို ကြားရသော အခါ ထိုပုဂ္ဂိုလ်များက ‘မဖြစ်နိုင်ဘူး’၊ ‘မဟုတ်ဘူး’ဟူသော စကားများဖြင့် တွင်တွင်ငြင်းဆိုကြပါသည်။ သို့သော် ထိုငြင်းဆိုချက်အားလုံးသည် သုတေ သနအမြင်ဖြင့် အထောက်အထား ခိုင်ခိုင်မာမာပြပြီး ငြင်းဆိုသောအ ချက် တစ်ချက်မှ မပါပါ။ ရာဇကုမာရ် သားလိမ္မာဇာတ်လမ်းကလေးကို နှစ် သက်တွယ်တာသော ခံစားချက်ဖြင့် ခံစားမှုကို ရှေ့တန်းတင်၍ ငြင်းဆိုကြ ခြင်းများသာဖြစ်နေပါသည်။ ယနေ့ အထိ ဆရာကြီးဦးကျော်ရှိန်၏ အဆို ကို အခိုင်အမာ ငြင်းပယ်နိုင်သူ တစ် ဦးမျှမပေါ်ပေါက်သေးပါ။ တက္ကသိုလ် ပညာပဒေသာဘက်တွင် ၁၉၇ဝ က ရေးခဲ့သော ရာဇကုမာရ် ပြဿနာ ဆောင်းပါးကို သေသေချာချာလေ့ လာကြည့်လျှင် သိနိုင်ပါသည်။ ကျွန် တော်က ထိုအကြောင်းကိုသာဓက ဆောင်ပြီး မိမိနှစ်သက်စွဲလမ်းခဲ့သော အယူအဆဟူသော ချစ်သူကလေးကို အထောက်အထားမခိုင်လုံလျှင် အ ဆုံးစီရင်ရပါလိမ့်မည်ဟူ၍ ဆွေးနွေး ထားခြင်းဖြစ်ပါသည်။

မှတ်မိပါသေးသည်။ ထိုဆောင်း ပါးထွက်ပြီး မရှေးမနှောင်းမှာ နီလာ ဆွေဆိုသော ကလောင်နာမည်ဖြင့် အမျိုးသမီးတစ်ယောက်က ရာဇကု မာရ်ကို အဆုံးစီရင်ခွင့် မပေးနိုင်ပါ ဟူသော ဆောင်းပါးဖြင့် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလထုတ် ပန်းအလင်္ကာ မဂ္ဂဇင်းတွင် ပြန်လည်ချေပထားပါ သည်။ ထိုဆောင်းပါးမှ သိလိုက်ရ သော အချက် ၂ ချက်ရှိသည်။ တစ် ရွက်မှာ ဆောင်းပါးရေးသူသည် ‘က လောင်နာမည်ဝှက်’ကိုသုံးပြီး လက် သီးပုန်းထိုးခြင်းဖြစ်သည်ဟူသော အချက်ဖြစ်သည်။ မည်သူဖြစ်နိုင် သည်ကိုလည်း ခန့်မှန်း၍ ရပါသည်။ ဒုတိယအချက်မှာ သူချေပထားသော အချက်ဆယ်ချက်ပါရှိရာ ဆယ်ချက် စလုံး တလွဲတချော်တွေချည်းဖြစ်နေ ပြီး ကျွန်တော့်ဆောင်းပါးကို ချေပ ချင်သည့် ဇောဖြင့်သာ ရေးလိုက်ရ ခြင်းဖြစ်ကြောင်း၊ ‘တတ်ယောင်ကား’ လုပ်ပြီး ချေပခြင်းဖြစ်၍ ဆရာကြီး ဦးကျော်ရှိန်၏ အယူအဆကို လုံးဝ ချေဖျက်နိုင်ခြင်း မရှိကြောင်း တွေ့ရ ခြင်းပင်ဖြစ်သည်။ ကျွန်တော်က ‘ရာ ဇကုမာရ်ပြဿနာတစ်ကျော့ပြန်’ ခေါင်းစဉ်ဖြင့် နီလာဆွေကို တုံ့ပြန်ခဲ့ သည်။ နောက်ထပ် ဤသို့တုံ့ပြန်သည့် စာမျိုး မရေးတော့ပါဟုလည်း ရေးခဲ့ သည်။ နီလာဆွေဆိုသော ကလောင် နာမည်ကို နောက်ထပ်မတွေ့ရတော့ ပါ။

‘ချစ်သူများကို အဆုံးစီရင်ခြင်း’ ဆောင်းပါးတွင် ‘ရာဇကုမာရ်ပြဿ နာ’ကဲ့သို့ပင် ရှေ့ပညာရှင်တို့၏ တွေ့ ရှိချက်များကို နောက်ပညာရှင်များက နောက်တွေ့အထောက်အထားများ ဖြင့် ပြန်လည်စိစစ်ကာ ချစ်သူအ တော်များများကို အဆုံးစီရင်ပြီး’ ဖြစ် ကြောင်းကိုလည်း သာဓကဆောင်ခဲ့ ပါသည်။ ယခင်က လက်ဝဲသုန္ဒရ တစ်ယောက်တည်းရှိသည်ဟု ယူဆ ခဲ့ရာမှ လက်ဝဲသုဒ္ဓရ ၂ ယောက်ရှိ ကြောင်း တွေ့ရှိဖော်ထုတ်ကြပုံ၊ သာ ချင်းကဗျာကို တောင်ငူခေတ်က ဇေ ယျရန္တမိတ်ရေးခြင်းမဟုတ်ဘဲ ကုန်း ဘောင်ခေတ်က ဇေယျရန္တမိတ်ရေး ခြင်းဖြစ်ကြောင်း၊ ဇေယျရန္တမိတ် ၂ ယောက်ရှိကြောင်း ဖော်ထုတ်ပုံ၊ ရွှေ ဘုံနိဒါန်းကျမ်းကို မြဝတီမင်းကြီး ဦးစရေးသည်ဟူသော အယူအဆမှာ မှားယွင်းကြောင်း၊ အိမ်ရှေ့အတွင်း ဝန် ဇေယသင်္ခယာရေးခြင်းသာဖြစ် ကြောင်း ဖော်ထုတ်ပုံ၊ အရေးတော်ပုံ ငါးစောင်တွဲတွင် ပါဝင်သော ညောင် ရမ်းမင်းတရားအရေးတော်ပုံမှာ ဦး ကုလားရာဇဝင်နှင့် မင်းရဲဒိဗ္ဗ ဧချင်း တို့ ပေါင်းစပ်ထားသော အရေးတော် ပုံအတုကြီးဖြစ်ကြောင်း ဖော်ထုတ်ပုံ၊ ထူးမခြားနား သီချင်းခံကြီးကို မြဝတီ မင်းကြီး ဦးစရေးသည်ဟူသော အယူ အဆတွင် သံသယဖြစ်စရာများ ပါဝင်နေပုံတို့ကို သာဓကဆောင်ထား ခြင်းဖြစ်သည်။

အလားတူ စာပေပြဿနာတစ် ခုအကြောင်းလည်း ကျွန်တော့်စာအုပ် တွင် တင်ပြထားပါသည်။ ‘သူတည်း တစ်ယောက်၊ ကောင်းဖို့ ရောက်မူ’ အစချီကဗျာသည် ပုဂံခေတ်က အနန္တသူရိယရေးဖွဲ့သော ကဗျာဖြစ် ကြောင်း၊ စာဆိုသည် အသတ်ခံရခါ နီးဆဲဆဲတွင် ဤကဗျာကို ရေးဖွဲ့ခဲ့ ခြင်းဖြစ်၍ ထူးခြားကြောင်း အစဉ် အဆက်မှတ်သားခဲ့ကြသည်။ ဆရာ ကြီးဒေါက်တာလှဘေသည် ထိုကဗျာ ကို ပြန်လည်စိစစ်ပြီး ပုဂံခေတ်မှာ ပေါ်သော ကဗျာမဖြစ်နိုင်ပုံ၊ အင်းဝ ခေတ်လောက်မှ ပေါ်သောကဗျာဖြစ် နိုင်ပုံတို့ကို ဖော်ထုတ်ထားသည်။ ပဓာနအချက်မှာ ထိုကဗျာတွင် ပါ ဝင်သော ‘ရွှေအိမ်နန်းနှင့်၊ ကြဋ္ဌာန်း လည်းခံ’ဟူသော အဖွဲ့မှ ‘နန်း’ဆို သော စကားဖြစ်သည်။ ‘နန်း’ဆိုသော စကားကို ပုဂံခေတ်တစ်ခေတ်လုံးမှာ လုံးဝမတွေ့ရကြောင်း၊ ကျောက်စာ များတွင် ဘုရင်နန်းတက်သည်ကို ‘ရွှေတောင်တက်၏’ဟူသာ သုံး ကြောင်း၊ ပုဂံခေတ်ကုန် ပင်းယခေတ် တွင်မှ ‘နန်း’ဟူသောအသုံးကို စတွေ့ ရသည့်အတွက် ပုဂံခေတ်မှာ မပေါ် သေးသော စကားလုံးပါဝင်နေသော ထိုကဗျာသည် ပုဂံခေတ်မှာပေါ်သော ကဗျာမဖြစ်နိုင်ကြောင်း ဆရာကြီးက အခိုင်အမာသက်သေပြထားခြင်းဖြစ် သည်။

သို့သော် အနန္တသူရိယ၏ ဇာတ်လမ်းကို နှစ်သက်စွဲကပ်သူများ က ထိုအယူအဆကို လက်မခံနိုင် သဖြင့် လက်မခံနိုင်ကြောင်း အမျိုး မျိုးငြင်းပယ်ကြသည်။ သို့သော်ငြင်း ပယ်သူတို့ ပြသောအကြောင်းပြချက် များမှာ ဆရာကြီးဒေါက်တာလှဘေ ပြသော အထောက်အထားကို မချေ ဖျက်နိုင်ကြပါ။ ထိုပြဿနာကို စိတ် ဝင်စားသည့်အတွက် သူလည်း တစ် ယောက်လင်္ကာကို တစ်ကြိမ်ပြန် ကြည့်ခြင်းခေါင်းစဉ်ဖြင့် ၂ဝဝ၈ ခုနှစ် အောက်တိုဘာလထုတ် မဂ္ဂဇင်းမှာ ကျွန်တော်ရေးခဲ့ပါသည်။ ဆရာကြီး ၏အဆိုအမိန့်ကို ထောက်ခံသော မွန်ကျောက်စာ၊ မင်စာအထောက် အထားများကိုပါ ထည့်သွင်းဆွေးနွေး ခဲ့ပါသည်။

အလားတူပင် သုတေသနသ ဘော သက်ရောက်သော ဆောင်းပါး များနှင့် စာပေသဘောတရားနည်းနာ များအကြောင်း ဆွေးနွေးသော ဆောင်းပါးများကို စုစည်းပြီး ‘ချစ်သူ များကို အဆုံးစီရင်ခြင်း’ခေါင်းစဉ်ဖြင့် ကံ့ကော်ဝတ်ရည်စာပေက ၂ဝ၁ဝ ပြည့်နှစ်တွင် ထုတ်ဝေခဲ့ပါသည်။ စာ အုပ်တွင် စာပေသုတေသန၊ စာပေ သဘောတရားနည်းနာ စာပေအစဉ် အလာ၊ စာဆိုနှင့်စာ ဟူ၍ ကဏ္ဍ ၄ ခုခွဲပြီး ဆောင်းပါး ၆၈ ပုဒ်ထည့်သွင်း ထားပါသည်။ အထူးသဖြင့် မြန်မာ စာပေလေ့လာနေသော လူငယ်များ အတွက် အတွေ့အကြုံဝေမျှခြင်းဖြစ် ပါသည်။

စာအုပ်နာမည်က ထူးခြားနေ သောကြောင့်လား မသိပါ။ ထိုစာအုပ် ကို မိတ်ဆွေများ၊ တပည့်များက စိတ် ဝင်စားကြောင်း ပြောကြပါသည်။ ကျွန်တော်ကတော့ သုတေသနကိစ္စ နှင့် ကြုံတိုင်း Killing your Darling ဟူ သော စကားကို ကိုးကားပြောနေဆဲ ပါ။

မောင်ခင်မင် (ဓနုဖြူ)


LEAVE A REPLY

Please enter your comment!
Please enter your name here