ပြန်လည် ဆန်းသစ် ရိုက်ကူးထားတဲ့ Lion King ဇာတ်ကား ၂ဝ၁၉ နွေမှာ ရုံတင်ပြသမည်

0
159

ဒစ္စနေးကုမ္ပဏီက ရိုက်ကူး ထုတ်လုပ်လိုက်တဲ့ “Lion King” ဇာတ်ကား ကို လာမယ့် ၂ဝ၁၉ ခုနှစ် နွေရာသီမှာ ကမ္ဘာတစ်ဝန်း ရုံတင်ပြသတော့မယ် လို့  သိရပါ တယ်။ ၁၉၉၄ ခုနှစ်က ရုံတင်ပြသခဲ့ဖူးတဲ့ “Lion King” အန်နီမေးရှင်း ကာတွန်းဇာတ်ကားကိုတိုးတက်ပြောင်းလဲလာတဲ့ နည်းပညာ တွေသုံးပြီး သဘာဝနဲ့ အနီးစပ်ဆုံးတူအောင် ပြန်လည်ရိုက်ကူးထား တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၂၃ရက်နေ့က ထုတ်လွှင့်ပြသသွားတဲ့ နောက်ဆုံး အပြီးသတ် နမူနာအပိုင်းလေးကို ကြည့်မိတဲ့သူတိုင်း ဇာတ်ကားထဲက ခြင်္သေ့လေး ‘ဇင်ဘာ’ ကို ပြန်ပြီး အမှတ်ရကြမှာပါ။

ဒီဇာတ်ကားမှာ မိဘမေတ္တာရဲ့ အင်အားဆိုတာကို တွေ့ရမှာ ဖြစ်သလို သတ္တလောကကြီးမှာ တွေ့မြင်နေကျ ဖြစ်တဲ့လောဘ၊ မောဟနဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို ထိထိ မိမိဖော်ကျူးထားတာကို ကြည့်ရှု ခံစားကြရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဒါရိုက်တာ ဂျွန်ဖဲဘရိုက ရိုက်ကူးထားတာဖြစ်ပြီး ဂီတဖွဲ့ စည်းမှုကိုတော့ ဟန့်ဇင်မာက တာဝန်ယူထားတာပါ။ ဒီဇာတ်ကားမှာ လှပတဲ့ တောတောင်ရှုခင်းတွေ၊ ချစ်စရာ တိရစ္ဆာန်လေးတွေရဲ့ သဘာဝတွေအပြင် လွန်စွာမှ သပ်ရပ်တိကျတဲ့ နောက်ခံ တေးဂီတသံတွေရယ်၊ ထူးခြားတဲ့ ပျော်ရွှင်ဖွယ်၊ လွမ်းမောဖွယ် ဇာတ်ဝင်တေးသီချင်း ကောင်းတွေကိုပါ အပြည့်အဝခံစား ကြည့်ရှုကြရတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

Ref: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here