သရုပ်ဆောင် သက်တမ်း ၃၅ နှစ် အတွင်း ဇာတ်ညွှန်းတွေကို တစ်ခါမှ မဖတ်ခဲ့ဘူးလို့ မင်းသားကြီး ဆန်နီ ဒီအိုးလ် ဝန်ခံပြောဆို

0
127

မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဘောလိဝုဒ် မင်းသားကြီး ဆန်နီ ဒီအိုးလ်က သူ့ရဲ့ရုပ်ရှင်သက်တမ်း ၃၅နှစ် အတွင်းမှာ ဘယ်တော့မှ ဇာတ်ညွှန်းကို ဖတ်မကြည့်ခဲ့ဘူးလို့  ဝန်ခံပြောဆိုလိုက်ပါတယ်။

‘ဇာတ်ကားတစ်ကားကို သရုပ်ဆောင်ရတော့မယ်ဆိုရင် မူရင်း ဇာတ်လမ်းရေးတဲ့သူနဲ့  အရင်ဆုံးတွေ့ပါတယ်။ သူနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီး သူနှုတ်နဲ့ ပြောပြတဲ့ ဇာတ်လမ်းကို သေသေချာချာ နားထောင်ပါတယ်။ ပြီးတော့ ဇာတ်လမ်းသဘာဝကို အပြန်အလှန် ဆွေးနွေးတယ်။ အဲဒီအချိန်မှာ ကျွန်တော့်ရဲ့ စိတ်ကို အကုန်ဖွင့်ချထားတယ်လို့ ဆိုပါတယ်။ ဒါဆိုရင် ဇာတ်လမ်းကို ထိထိမိမိ ခံစားလို့ရသွားပြီလေ’လို့  ပြောပြပါတယ်။

‘နောက်တစ်ဆင့်ကတော့ ဒါရိုက်တာဆီကို သွားတွေ့တယ်။ ဒီဇာတ်ကား အပေါ်သူ့ရဲ့အတွေးအခေါ်၊ အယူအဆနဲ့ သူ့စိတ်ကူးတွေကို သေသေချာချာ လိုက်မှတ်သားတယ်။ ဘာကြောင့် ဘယ်လိုဖြစ်ရတယ်ဆိုတာမျိုး ပိတ်ကားပေါ်မှာ ပေါ်လာမယ့် အဆင့်အထိ ကြိုပြီး ဆွေးနွေးတယ်။ ကျန်တာတွေကတော့ ရိုက်ကွင်းပေါ်ကျမှ ဆက်လုပ်တယ်’ လို့ သူယုံကြည်ချက်ကို ရှင်းပြပါတယ်။

ဆန်နီ ဒီအိုးလ်ကို ၁၉၅၆ခုနှစ်က အိန္ဒိယနိုင်ငံမှာမွေးဖွားခဲ့ပါတယ်။ “Dhoom Dhoom Luck Luck” (၁၉၉၉) နဲ့  “The Hero” (၂ဝဝ၃) စတဲ့ဇာတ်ကားတွေနဲ့အောင်မြင်ခဲ့ပြီး သူ့ ရဲ့ “Yaara O Yaara” (၁၉၉၆) သီချင်းကလည်း ဒီနေ့တိုင်လူကြိုက်များဆဲ ဖြစ်ပါတယ်။

Ref: Indian Express


LEAVE A REPLY

Please enter your comment!
Please enter your name here