မိန်းမလျာလို့  နာမည်ကြီးနေတာကြောင့် စိတ်ရှုပ်နေတဲ့ ရှောင်း မန်းဒက်စ်

0
204

လတ်တလော လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝ ရှိထားတဲ့ လူငယ်အဆိုတော် ရှောင်းမန်းဒက်စ် တစ်ယောက် စိတ်ရှုပ်ထွေးစရာတွေ ကြုံတွေ့နေရပါတယ်။ ဒါကတော့ သူ့ကို ပရိသတ် တော်တော်များများက မိန်းမလျာလို့ထင်နေတဲ့ ကိစ္စပါ။ ဒီလို အထင်ခံနေရတဲ့ ရှောင်း မန်းဒက်စ်က တော်တော်လေး စိတ်မသက်မသာ ဖြစ်နေရပါတယ်။

ဒီရက်ပိုင်းထဲမှာပဲ ရိုးလင်းစတုန်း မဂ္ဂဇင်းနဲ့ တွေ့ဆုံပြီး အင်တာဗျူးခဲ့ရာမှာ သူ့ကို မိန်းမလျာလို့ အထင်လွဲနေတာကို ချေပတဲ့အနေနဲ့ မိန်းကလေးတစ်ယောက်နဲ့ ချိန်းတွေပြီး ဓာတ်ပုံရိုက်ပြီး သူ့ပရိသတ်တွေဆီကို ဖြန့်ရရင် ကောင်းမလားလို့  စဉ်းစားနေတယ်ဆိုတဲ့ အကြောင်း ထည့်ပြောသွားတယ်လို့ ဆိုပါတယ်။

ရှောင်းကိုယ်တိုင်ကလည်း သူ့ကိုယ်သူပြန်သုံးသပ်နေတယ်လို့ ပြောပါတယ်။ သူကိုယ်တိုင်ရဲ့ ထင်မြင်ချက်ကို ပြောပြရာမှာတော့ . . .

”ကျွန်တော် အင်တာဗျူးတွေ ဗီဒီယိုတွေ ပြန်ရှာကြည့်နေတယ်။ အဲဒီမှာ ကျွန်တော့်ရဲ့ စကားပြောတဲ့ လေသံတွေ၊ ကိုယ်အမူအရာတွေကို သုံးသပ်ပြီးတော့ ပရိသတ်က အထင်လွဲတာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီဇာတ်လမ်းက ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ပရိသတ်ကတော့ မျက်စေ့ဒေါက်ထောက်ကြည့်တာကို ခံနေရတဲ့ ရှောင်းအဖို့ အင်မတန် စိတ်ရှုပ်ထွေးစရာ ဖြစ်နေရပြီလို့ သိရပါတယ်။

ရှောင်းမန်းဒက်စ်ရဲ့  ၂ဝ၁၄ ခုနှစ်က ဖြန့်ချိခဲ့တဲ့ “Stitches” သီချင်းဟာ ယူကေ၊ ယူအက်စ်အေ နဲ့  ကနေဒါ နိုင်ငံတွေရဲ့ ထိပ်တန်း တေးစာရင်း၁ဝပုဒ်မှာ နံပါတ်တစ်နေရာ ချိတ်ခဲ့ပါတယ်။

Ref: BBC


LEAVE A REPLY

Please enter your comment!
Please enter your name here