ဆောင်းရာသီမှာ ခရီးတွေထွက်​ဖြစ်​နေတဲ့ဇွန်​သံစဉ်

0
426

Miss Universe Myanmar 2017 ဆုရှင်​ ဇွန်​သံစဉ်​ကတော့ အနုပညာ အလုပ်​တွေ သိပ်​မလုပ်​ဖြစ်​တော့ဘဲ ဆောင်းရာသီရောက်​လာပြီဖြစ်​တဲ့အတွက်​ ခရီးတွေ ဆက်​တိုက်​ထွက်​ဖြစ်​နေတယ်​လို့ ပြောပြပါတယ်။ ခရီးတွေထွက်​ဖြစ်​နေတာနဲ့ပတ်​သက်​ပြီး ဇွန်​သံစဉ်​က . . .

”အခုဆောင်းရာသီ ရောက်​လာပြီဖြစ်​တော့ ခရီးတွေ ထွက်​ဖြစ်​နေတယ်။ ခရီးတွေက ပြည်​တွင်းတွေ အများဆုံးထွက်​ဖြစ်​နေတယ်​။ ညီမ မာမီရဲ့အလုပ်​တွေက နယ်​မှာရှိတဲ့အတွက်​ မာမီ့အလုပ်​တွေ ကူလုပ်​ပေးရင်းနဲ့ အမျိုးတွေကို လည်း တွေ့၊ သွားချင်​တဲ့နေရာတွေကိုလည်း လျှောက်​သွား​ဖြစ်​နေပါတယ်​။ အရမ်းအေးတဲ့နေရာတွေတော့ အဆင်မပြေဘူး။ ပုံမှန်​အေးတဲ့နေရာမျိုးလေး တွေကို သဘောကျပြီး ခရီးတွေဆက်​တိုက်​ထွက်​ဖြစ်​နေပါတယ်”လို့ ပြောပြပါ တယ်​။ အမေ့အလုပ်​တွေကူလုပ်​ပေးနေတာဆိုတော့ စီးပွားရေးဘက်​ကို ဦး တည်​ပြီးလုပ်​သွားတော့မှာလား ဆိုတာကို ”အမေကတော့ ညီမကို လောလော ဆယ်​ ဘာမှတော့ခိုင်းတာ မရှိဘူး။ ညီမကသာ အဖော်​အဖြစ်​နဲ့လိုက်​ပြီး ဝိုင်း လုပ်​ပေးဖြစ်​နေတာ။ အသက်​ကြီးလာရင်​တော့ လုပ်​ရမယ်​ဆိုရင်​တော့ လုပ်​ဖြစ်​မှာပါ”လို့ ဇွန်​သံစဉ်​က ပြောပြပါတယ်​။ သီချင်းလုပ်​ဖို့ စီစဉ်​ဖြစ်​နေတာနဲ့ ပတ်​သက်ပြီး ဇွန်​သံစဉ်​က….

” အခုသီချင်းလေးတစ်​ပုဒ်​ထွက်​ဖို့ စီစဉ်​နေတယ်​။ ၂ဝ၁၉ ထဲမှာ ပရိသတ်တွေ တွေ့ရမှာပါ။ ဆိုထားတာကလည်း တစ်​ယောက်​တည်း။ ညီမအသံပုံစံနဲ့ လိုက်​ဖက်​မယ့်​သီချင်း ပုံစံမျိုးလေးကို ဆရာရွှေဂျော်​ဂျော်​ဆီမှာ သီချင်းအပ်​ပြီးတော့ ဆိုမှာပါ။ ဆိုပြီးသွားရင်​လည်း Facebook ပေါ်တင်​ပေးမှာပါ”လို့ ပြောပြပါတယ်​။

ခိုင်​ဝါဝင်း၊

ဓာတ်​ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here