သင်ဇာဝင့်ကျော်ရဲ့ဟော့ဖက်ရှင်အကြောင်း

0
1592

သရုပ်ဆောင် သင်ဇာဝင့်ကျော် ကတော့ လတ်တလောမှာ ဇာတ်ကား ရိုက်ကူးမှုတွေ၊ ကြောငြာရိုက်ကူး မှုတွေနဲ့ ပြည့်နှက်နေတယ်လို့ဆိုပါ တယ်။ Midnight ရုပ်ရှင်ဇာတ်ကား ကြီး ရိုက်ကူးနေရပုံနဲ့ ပတ်သက်ပြီး တော့လည်း သင်ဇာဝင့်ကျော်က…

”ဒီကားက ရိုက်ရတာညပိုင်းတွေ ရိုက်ရတာ။ နေ့ခင်းပိုင်းတွေ နားရ တယ်ဆိုတော့ လူလည်း တစ်မျိုးဖြစ် နေတယ်။ (ရယ်လျက်)။ ဝိတ်လျှော့ မယ်ဆိုပြီး ပြောထားတာလည်း မက စားဖြစ် အရင်ကမှ မနက်ပိုင်း ရှုတင် တွေဘာတွေပြီးရင် ညနေပိုင်း သွား ကစားလို့ ရသေးတယ်လေ။ အခုဟာ ကကျ ရှုတင်ညပိုင်းဆိုတော့ နေ့ခင်း လည်း သွားမကစားဖြစ်နဲ့ ဝိတ်တွေ တောင်တက်လာပြီလား မသိဘူး။(ရယ်လျက်)။ ဒီ Midnight ရုပ်ရှင် ဇာတ်ကားကြီးမှာ အကောင်းဆုံးကြိုး စားထားပါတယ်။ အားပေးကြပါဦး” လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။ ဖက်ရှင်နဲ့ပတ်သက်ပြီး အမြဲတမ်း ပရိ သတ်တွေရဲ့အာရုံစိုက်ခြင်းခံနေရတဲ့သင်ဇာဝင့်ကျော်ကတော့ ဖက်ရှင်နဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးလေ့လာ ဖြစ်လဲလို့ မေးကြည့်တဲ့အခါမှာတော့ သင်ဇာဝင့်ကျော်က….

”ဖက်ရှင်နဲ့ ပတ် သက်ပြီးတော့ကသင်ဇာ Instagram တွေကြည့်တယ်။ လေ့လာတယ်။ အဲဒီလောက်ပါပဲ။ ကျန်တာထွေထွေ ထူးထူးလေ့လာစရာတော့ အဲဒီ လောက် မရှိပါဘူး။ ကိုယ်ကလည်း အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အတွက် ဖက်ရှင်က အမြဲကျဖို့လိုတယ် လို့ ထင်တယ်။ အဲဒါကြောင့် ကိုယ့် ကိုယ်ကိုယ်လည်း အမြဲသုံးသပ်တယ်။ဖက်ရှင်နဲ့ပတ်သက်ပြီး ဘယ်လိုဝတ် သင့်လဲဆိုတာကိုပေါ့”လို့ ပြောပါ တယ်။ အသက် ၃၁ နှစ်ပြည့် မွေးနေ့ ရောက်တော့မှာဖြစ်တဲ့အတွက် မွေး နေ့မှာ ဘာတွေလုပ်ဖြစ်မလဲလို့ မေး ကြည့်တဲ့အခါမှာတော့ သင်ဇာဝင့် ကျော်က…

”မွေးနေ့မှာအောင်ဇမ္ဗူတော ရကျောင်း မှော်ဘီမှာ သံဃာတော် တွေကို ဆွမ်းကပ်မယ်။ အဲဒီမှာ သင် ဇာ့ရဲ့ Fan လေးတွေလည်း လာမယ်။ပြီးရင် ရိုက်ကွင်းသွားမယ်။ ရှုတင်က လူတွေကိုလည်း မုန့်တွေ ဝယ်ကျွေးရင်း နဲ့ မွေးနေ့ကို ဖြတ်သန်းမယ်လို့ ရည် ရွယ်ထားပါတယ်”ဆိုတဲ့ အကြောင်း မွေးနေ့အလှူနဲ့ပတ်သက်ပြီး ပြောပြခဲ့ ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here