သာသနာကို ကြည်ညိုလို့ရဟန်းဝတ်ခဲ့တဲ့ကျော်ရဲအောင်

0
649

သရုပ်ဆောင် ကျော်ရဲအောင်က ပြေတီဦးနဲ့ အတူ နိုဝင်ဘာ ၃ဝ ရက် နေ့က ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒရာမကျောင်းတိုက်မှာ သာသနာ့ဘောင်ဝင်ဖြစ်ခဲ့ပါ တယ်။ ကျော်ရဲအောင်နဲ့အတူသားထူးမြတ်ကျော်ရဲ အောင်၊ သမီး မှုံနံ့သာကျော်ရဲအောင်တို့လည်း လိုက်ပါလာခဲ့ ပြီး ဖခင်ရဲ့ ဝေယျာဝစ္စတွေကို ကုသိုလ်ယူကာ လုပ်ဆောင်ပေးခဲ့ သလိုသိမ်ဆွမ်းလည်း လောင်းလှူခဲ့ကြပါတယ်။

သာသနာကိုကြည်ညိုတဲ့အတွက် သာသနာ့ဘောင်ဝင် ဖြစ်ခဲ့တာဖြစ်ပြီး ဘယ်နှရက်ဝတ်မယ်လို့ မသတ်မှတ် ထားဘဲပျော်သလောက်ဝတ်ဖြစ်မှာ ပါလို့ကျော်ရဲ အောင်က ဆိုပါတယ်။

”သာသနာကိုကြည်ညိုလို့ ဝတ်ဖြစ်တာပါ။ သာသနာ့ဘောင်ထဲဝင် ပါတော့မယ်။ အားလုံးလည်း လိမ်လိမ် မာမာနေကြ။ ပျော်သလောက်ဝတ်မှာ ပေါ့လေ။ ရာသက်ပန်လည်း ဖြစ် ကောင်းဖြစ်သွားနိုင်တယ်” လို့လည်း ဆိုပါတယ်။ ထူးမြတ်ကျော်ရဲအောင်နဲ့ မှုံနံ့သာ ကျော်ရဲအောင်တို့က ဖခင်လို ပဲအနုပညာဝါသနာပါသူတွေပါ။ သားနဲ့သမီးနှစ်ယောက်စလုံး ဇာတ် ကားတွေ ရိုက်ကူးခဲ့ဖူးပေမယ့် နောက် ပိုင်းမှာတော့ ကျောင်းတက် နေကြတဲ့ အတွက် အနုပညာအလုပ်တွေ လုပ်တာ သိပ်မတွေ့ရတော့ပါဘူး။ သားကိုလည်း အဖေတူသားလို့ ပရိသတ်တွေမှတ် ချက်ပြု သလိုသမီးချောဖြစ်တဲ့ မှုံနံ့ သာကိုလည်း ပရိသတ်တွေက ချစ်ခင်အားပေးကြပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here