ပြေတီဦးသာသာနာ့ဘောင် ဝင်ရခြင်းအကြောင်းအရင်း

0
335


အကယ်ဒမီပြေတီဦးရဲ့အသက် ၄ဝပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ရဟန်းခံရှင်ပြုအလှူမင်္ဂလာကို နိုဝင်ဘာလ ၃ဝရက်နေ့ မနက် ၈နာရီက မှော်ဘီမြို့ရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒရာမကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

 

ပြေတီဦးနဲ့အတူ ကျော်ရဲအောင်၊ ညီထွဋ်ခေါင်၊ ကျော်ကျော်၊ ဒါရိုက်တာကိုပေါက်၊ ဒါရိုက်တာ ကျော်သားကြီးနဲ့ နေလင်းတို့ကလည်း အတူသာ သနာ့ဘောင်ဝင်ရောက်ခဲ့ကြပါတယ်။ မွေးနေ့မှာသာသနာ့ ဘောင်ဝင်ဖြစ်ရတဲ့အကြောင်း ရင်းကိုတော့ ပြေတီဦးက…


”ထိပ်စီးပြောင်းပြီလေ။ ၄ဝ ပြည့်ဆိုတော့ အမှတ်တရလေး ဖြစ်ချင်တာရယ်။ သင်္ကန်းစည်းချင်တာလည်း တော်တော်ကြာပြီ။ အကျိုးအ ကြောင်းမတိုက်ဆိုင်တော့ တစ်နှစ်မှ မစည်းဖြစ်ဘူး။ ဒီနှစ် မှာတော့ မဖြစ်ဖြစ်အောင် သင်္ကန်းစည်းမယ်ဆိုပြီး စီးဖြစ်တာပါ” လို့ပြောပါတယ်။ ဇနီးဖြစ်သူအိန္ဓြာကျော်ဇင်က ခင်ပွန်းဖြစ် သူရဲ့မွေးနေ့အထိမ်းအ မှတ်အဖြစ် သံဃာတော်များ ကိုနေ့ဆွမ်းဆက်ကပ်ခဲ့သလို နဝကမ္မ အလှူငွေ ၄၅သိန်းကျပ်ကိုလည်း မွေးနေ့လက်ဆောင်အနေနဲ့လှူဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင် ခင်ပွန်းဖြစ် သူသာသနာဘောင်ဝင်တဲ့ ၅ရက် အတွင်းမှာလည်း ရဟန်းအမ အနေနဲ့နေ့စဉ်ဆွမ်း၊ အအေးများဆက်ကပ်ပြီး ပါရမီဖြည့် သွားဦးမှာပါ။ အခုလို သူ့ရဲ့ဆန္ဒတွေကို လိုက်လျော ပေးပြီး ပါရမီဖြည့်ပေးတဲ့ ဇနီးဖြစ်သူကိုလည်း ကျေးဇူးတင် မိတယ် လို့ ဆိုတဲ့ပြေတီဦးက…


”သူကကျွန်တော်လုပ်ချင်တာကို ဘယ်တော့မှ ငြင်းတယ်လို့ မရှိဘူး။ ကိုယ်ဖြစ် ချင်တဲ့ဆန္ဒကို အမြဲ တမ်းသူကလိုက်လျောပေး တယ်။ သူ့ကိုလည်း တအား ကျေးဇူးတင်တယ်။ ကျွန်တော်တို့ကျတော့ အလုပ် တွေများတယ်။ ကိုယ်ကကိုယ့်ရဲ့ဇောနဲ့ ဦးတည်ချက်တွေနဲ့ သွားတဲ့ အခါမှာ နောက်က မိန်းမက ဇက်ကြိုးကိုဆွဲနေ လို့ရှိရင် ကျွန်တော်တို့က ပြေးချင်သလောက်ပြေးလို့ မရဘူး။ သူက အဲဒီလိုမျိုး တွေမလုပ်ဘဲ ဘေးက အားပေး တယ်။ ကူညီတယ်။ ပံ့ပိုးပေးတယ်ဆိုတော့ ကျွန်တော် ပြေးချင်သလောက် ပြေးလို့ရတယ်။ နောက်ဆံ တင်းစရာမလိုဘူး။ ကျွန်တော့်မှာ မိန်းမနဲ့ ပတ်သက်လို့ စိတ်ညစ်နေရတာ မရှိဘူး။ စိတ်ရှုပ် နေရတာမရှိဘူး” လို့ ရဟန်း မဝတ် ခင်က ပြောပြခဲ့ ဖူးပါတယ်။ ပြေတီဦးရဲ့ ရဟန်းခံရှင်ပြု မင်္ဂလာ အလှူမှာ မိသားစုများနဲ့အတူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်တို့ ဇနီးမောင်နှံလည်း သိမ်ဆွမ်းလာရောက် လောင်းလှူခဲ့ပါ တယ်။ ပြေတီဦးကအနုပညာအလုပ်တွေမလုပ် ခင်က သင်္ကြန်တိုင်းမှာ ရဟန်းဝတ်လေ့ရှိပြီး မွေးနေ့မှာ ရဟန်း ဝတ်ဖြစ်တာကတော့ အခုနှစ် က ပထမဦးဆုံးပဲဖြစ်ပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here