အခွေကိစ္စပြီးသွားရင် နေဝင်း(Snare)ရဲ့ မင်္ဂလာသတင်းကြားရ တော့မလား

0
808

၂ဝဝ၅ခုနှစ်မှာ Hip Hop Vibration ဆိုပြီးတော့ နေဝင်း၊ နိုင်အေး၊ မေမိုး၊ မိုးသဲဆိုပြီးတော့ အခွေထွက်ခဲ့တယ်။ ၂ဝ၁ဝခုနှစ်မှာ နေဝင်းနဲ့ ဖြိုးလေးတို့ Snare အဖွဲ့ဆိုပြီး ‘Rap Game’၊ ၂ဝ၁၃ ခုနှစ်မှာ Snare အဖွဲ့ရဲ့ ‘ဘကြီးဖြိုးနဲ့ ဦးနေဝင်း၊ ၂ဝ၁၈ခုနှစ်အစောပိုင်းမှာ Snare အဖွဲ့နဲ့ပဲ ‘ပူးတွဲချန်ပီယံ စသဖြင့် ထွက်ခဲ့တယ်။ ဒါဟာနေဝင်း(Snare)ရဲ့ လှုပ်ရှားမှုတွေပါ။

ဂီတလောကမှာ ဆယ်စုနှစ်တစ်ခုကြာ ဖြတ် သန်းခဲ့လို့ အောင်လည်းအောင်မြင်ခဲ့တဲ့ နေဝင်းက အခုဆိုတစ်ကိုယ်တော်အခွေထွက်လာခဲ့ပြီ။ အခွေ နာမည်က’ဆွေမျိုးပါမေ့တဲ့။ ‘အဆိုတော်တွေ အားလုံးအတွက် ကိုယ်ပိုင်တစ်ကိုယ် တော်အခွေဆိုတာ မှတ်တိုင်တစ်ခုပဲ။ အဲဒီအတွက်ကြောင့် ကျွန်တော်ဒီအခွေလေးကို အကောင်အထည်ဖော်ဖြစ်တာပါ’လို့ နေဝင်းက ပြောပါတယ်။ တစ်ကိုယ်တော်အခွေထွက်လာလို့ Snare အဖွဲ့ကွဲသွားပြီလားဆိုတော့လည်း မဟုတ်ပါဘူး။ နေဝင်းလိုပဲ ဖြိုးလေးလည်း နောက်ထပ် ၂လအကြာမှာ တစ်ကိုယ်တော်အခွေထွက်လာ ဦးမှာပါ။ တစ်ယောက်နဲ့တစ်ယောက် ငယ်ငယ်ကတည်းက ပေါင်းလာခဲ့တာဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘာမှမဖြစ်ပါဘူး’လို့လည်း နေဝင်းကပြောပါတယ်။

‘ဆွေမျိုးပါမေ့’ထဲမှာ နေဝင်းအနေနဲ့ ချစ်သူအကြောင်း ရေးစပ်သီဆိုထားတဲ့ သီချင်းကောပါဦးမလားလို့မေးတော့…

‘ပါတယ်။ နံပါတ် ၄ မှာ နေ့ကောင်းနေ့မြတ်ဆိုတဲ့ သီချင်းလေး။ အဲဒါကတော့ ကျွန်တော့်ကောင်မလေးနဲ့ ကျွန်တော်နဲ့အကြောင်းကို သေသေချာချာ သီးသန့်ရေးထားတာပေါ့နော်။ နောက်တစ်ပုဒ်က နံပါတ် ၇လားမသိဘူး။ သူ့အတွက် သီချင်း ၂ ပုဒ်လောက်တော့ပါတယ်’လို့ သူက ဆိုပါတယ်။Relationship က ၉ နှစ်သက်တမ်းရှိပြီဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ပရိသတ်တွေကလည်း နေဝင်းတို့အတွဲကို Idol Couple ဆိုပြီး သုံးနှုန်းကြတဲ့အပေါ် နေဝင်းက…

‘ပရိသတ်ကြီး သတ်မှတ်တဲ့ အတွက် ကျွန်တော်တို့ကလည်းကျေနပ်ပါတယ်။ ကျွန်တော်တို့အဲဒါကတော့ သတ်သတ်လုပ်ထား တာတော့မဟုတ်ဘူး။ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ ဒီအတိုင်းပဲဖြစ်နေတဲ့ဟာ ပေါ့လေ’လို့ သူကဆက်လက်ပြောပါတယ်။ နေဝင်းတို့ရဲ့ မင်္ဂလာသတင်းကော ဘယ်တော့လောက် ကြားရမလဲလို့ဆိုတော့..အဲဒါကတော့ နည်းနည်းလိုဦးမလား မသိဘူး။ အခုအချိန်မှာအခွေအတွက်ပဲ သေသေချာချာ လေးလုပ်နေတာဆိုတော့ အဲဒါကို ဘယ်လိုလုပ်ရမလဲမသိဘူးဖြစ်နေတယ်(ရယ်လျက်)’လို့ နေဝင်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here