ဂီတကို မသေမချင်းကြိုးစားလုပ်နေဦးမယ့် သာဒီးလူ

0
234

တောင်ငူပွဲမှာ တစ်ခါမှ ဗဟိုမဏ္ဍပ်ကနေ မဖျော်ဖြေဖူးသေးတဲ့ ရော့ခ်ကာ ကြီး သာဒီးလူက ဒီနှစ်တော့သူ့ပရိသတ်နဲ့ အတိုင်အဖောက်ညီညီ ဖျော်ဖြေ နိုင်ခဲ့ပါတယ်။ သာဒီးလူရဲ့ ‘ကျွန်တော်ရူးနေသည် အယ်လ်ဘမ်ကလည်း ထွက် ထားတာမကြာသေးဘူးဆိုတော့ သီချင်းသစ်တွေဆိုပြရတာလည်း သူ့အ တွက်ခံစားမှုတစ်ခု။ ‘ကျွန်တော်ရူးနေသည် တစ်ခွေလုံးမှာလည်း ပရိသတ် ကြိုက်သီချင်းတွေ တော်တော်များများပါနေတော့ ပေါက်တဲ့အခွေတစ်ခွေလို့ ဆိုနိုင်တာပေါ့။ သူလည်း တော်တော်ကြိုးစားထားတယ်လေ။

‘ပြောရရင်တော့ တစ်ခွေလုံးကိုအားရတယ်။ ဒါပေမဲ့ ကျွန်တော့်အကြိုက်ဆုံးကို ပြောပါဆိုရင် ‘စိတ်ကူးသင်္ချိုင်းကို ပိုကြိုက်တယ်’လို့ သာဒီးလူကသူ့ရဲ့ ‘ကျွန်တော်ရူးနေသည် ထဲက အကြိုက်ဆုံးသီချင်းကိုပြောပါတယ်။ သာဒီးလူရဲ့ လတ်တလော ဖန်တီးမှုတွေက …

‘အခုလောလောဆယ်တော့ အေးဆေးပဲ။ ရုပ်ရှင်သီချင်းလေးတွေ တီးပေး ဖြစ်တယ်။ နောက်ပြီးတော့ Theme Song လေးတွေလုပ်ပေးဖြစ်တယ်။ အခု လောလောဆယ်တော့ ခေါင်းထဲမှာအသစ်ဖြစ်အောင်လို့ ဘာမှမလုပ်ဘဲ အိပ်ရာပေါ်မှာ ပက်လက်လှန်နေတာပေါ့(ရယ်လျက်)’လို့ သာဒီးလူက ဆက် လက်ပြောပါတယ်။ ဒီဘက်နောက်ပိုင်း ရော့ခ်ပရိသတ်တွေ ပါးစပ်ဖျားမှာ သာဒီးလူဆိုတဲ့ နာမည်ကမပါမဖြစ်။ ‘ပြယုဂ္ဂ်မှာကတည်းက အောင်မြင်ပြီးသား။ အခု ‘ကျွန်တော်ရူးနေသည်မှာထပ် ဆင့်အောင်မြင်ခဲ့ပြီဆိုတော့ လက်ရှိ အခြေအနေကို ကျေနပ်မှုရှိပြီလားလို့မေးတော့ … ‘

ပြောရရင်တော့ မပြည့်သေးဘူးဗျ။ လူက လောဘကြီးတယ်။ ကျွန်တော့် အနေနဲ့ အမှန်အတိုင်းပြောရရင် ဘယ်တော့မှလည်း ပြည့်မှာမဟုတ်ဘူး။ အဲဒီတော့ အမြဲတမ်းဆက်လက်ပြီးတော့ မသေမချင်း ဒီအလုပ်ကိုပဲ အကောင်း ဆုံးဖြစ်အောင် ကြိုးစားပြီးလုပ်နေရဦးမှာပဲ’လို့ သာဒီးလူက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here