ဟာသတွေနဲ့ တစ်မူဆန်းစေမယ့်’မင်္ဂလာရက်မြတ်’ဇာတ်ကား

0
219

ပြေတီဦး၊ ထွန်းထွန်း၊ မိုးဟေကို၊ မိုးပြည့်ပြည့်မောင်၊ ယွန်းရွှေရည်နဲ့ ဟာသသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘မင်္ဂ လာရက်မြတ်’ ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့က JCGV မှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။ ဇာတ်လမ်းဂေါ်စိန်နဲ့ ဇာတ်ညွှန်း ကိုကျော်က အကောင်း ဆုံးရေးသားပြီး ဒါရိုက်တာကျော် ဇောလင်း(အတွေးပုံရိပ်)က ဖန်တီး ရိုက်ကူးထားကာ ရွှေစည်တော် ရုပ် ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထား တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ် ပါတယ်။ အဆိုပါဇာတ်ကားမှာပါ ဝင်ထားတဲ့ သရုပ်ဆောင်မိုးပြည့်ပြည့် မောင်က . . .

‘အစ်မတို့ ဒီဇာတ်ကားက ဝါရင့် အနုပညာရှင်တွေ၊ ဇာတ်ပို့ဇာတ်ရံ တွေ အများကြီးနဲ့ ပုံဖော်ရိုက်ကူးထား တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ရိုက်ထားတာနည်းနည်းကြာပေမယ့် ဇာတ်ကားကြည့်နေရင်းနဲ့ ပြီးသွား လို့ပြီးသွား မှန်းမသိအောင် စိတ်ဝင် စားဖို့ကောင်းတဲ့ ဇာတ်ကားလေးပါ။ အခုမြန်မာ့ရုပ်ရှင်မှာက ဇာတ်ကား ကောင်းတွေ တအားပေါက်နေတဲ့အ ချိန်မှာ ဒီဇာတ်ကားကလည်း ပရိ သတ်ကြီးအတွက် မတူတဲ့ရသတွေကို ခံစားရစေမယ့် ဇာတ်ကားတစ်ကား ပါ။ ဟာသအဆန်းလေးတွေနဲ့ မရိုး စေတဲ့ ဇာတ်ကားပါ’လို့လည်း ပြော ပြခဲ့ပါတယ်။

အဆိုပါ ‘မင်္ဂလာရက်မြတ်’ ရုပ် ရှင်ဇာတ်ကားကို နိုဝင်ဘာ ၂၃ ရက် နေ့မှ စတင်ကာ တစ်နိုင်ငံလုံးရှိ ရုပ် ရှင်ရုံကြီးများမှာ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here