ကျွန်ုပ်၏ နာမည်ပြောင်မှာ ဦးထုပ်ဖြစ်ပါသည်..

0
127

(၁)
ခဲ့သော အနှစ် ၃ဝ ကျော်က ကျွန်တော်၏နာမည်ပြောင်မှာ ဦး ထုပ်ဖြစ်ပါသည်။

ထိုစဉ်က မန္တလေးညဈေးတန်း တွင် ကျွန်တော်စာအုပ်ဟောင်းရောင်း ပါသည်။ ရှားပါးစာအုပ်ကောင်းများရောင်းခြင်းဖြစ်သည်။ ကျွန်တော့် စာအုပ် ဟောင်းရောင်းသူအားလုံး၏ အမြဲတမ်းဖောက်သည်မှာ အမျိုးသမီး တစ်ဦးဖြစ်သည်။ သူမသည်စာအုပ် ဟောင်း၊ စာအုပ်ကောင်းများကိုသာ ရွေးချယ်ဝယ်ယူတတ်သူဖြစ်သည်။ အားလုံး၏ ဖောက်သည်လည်းဖြစ် သည်။

ထူးခြားလှသည်မှာ ထိုဈေး ဝယ်အမျိုးသမီး၏နာမည်ကို ကျွန် တော်တို့ဘယ်သူမှမသိကြ။ သူမက တော့ ကျွန်တော်တို့အားလုံး၏ နာ မည်များကိုသိသည်။ သိမှာပေါ့ သူမ သိသည့်နာမည်များကလည်း ကျွန် တော်တို့ ကွယ်ရာ၌ သူမသဘောဖြင့် သူမပေးထားသော နာမည်ပြောင် များဖြစ်သည်။ ဒီနေ့၌ တခြားသူ များ၏နာမည်ပြောင်ကို မပြောလို သောကြောင့် ကျွန်တော်၏နာမည် ပြောင်ကိုသာ ဖော်ပြလိုပါသည်။ ဆို ခဲ့သည့်အတိုင်း ကျွန်တော်၏ နာမည် ပြောင်မှာ”ဦးထုပ်”ဟူ၍ဖြစ်ပါသည်။

ထူးခြားသည်မှာ ကျွန်တော်နာ မည်ပြောင် ဦးထုပ်..ဟုသိရ သည့်အချိန်မှ စ၍ကျွန်တော်သည် စာဖတ်သောအခါတိုင်း… ဦးထုပ် ပါသော စာပိုဒ်များကို အလိုလို သတိထားလာမိပါတော့သည်။ ကျွန် တော်ဦးထုပ်ကို ဘယ်လောက် သတိ ထားမိသလဲဆိုရင်…။

(၂)
ကျွန်ုပ်၏နာမည်ပြောင်မှာ ဦးထုပ်ဖြစ်ပါသည်။အိမ်သို့အလည် ရောက်လာသော ဧည့်သည်ကပြော လိုက်သည်။
”ခင်ဗျားမိန်းမကြည့်ရတာ၊ သိပ်အလုပ်များနေပုံရတယ်နော် …”

”ဟုတ်တယ်ဗျ လာမယ့်သော ကြာနေ့မှာ သူတို့ အမျိုးသမီးက လပ်မှာ ဆင်ယင်ထုံးဖွဲ့မှုအကြောင်း ဟောပြောရမှာလေ..”

”သြော်..ဒါကြောင့် ဟော ပြောဖို့ ပြင်ဆင်နေတာနေမှာပေါ့”

”ဒါဖြင့်..အဲဒီနေ့မှာ ဝတ်ဖို့ အဝတ်အစားပြင်ဆင်နေတာလား”

”မဟုတ်ပါဘူးဗျာ..အဝတ် အစားကပြင်ဆင်ပြီးပါပြီ။

အခုဟာက အဲဒီနေ့ဆောင်းမယ့် ဦးထုပ်အရောင်ရွေးနေတာသုံးရက်ရှိ ပြီခင်ဗျ..”

ကျွန်ုပ်၏နာမည်ပြောင်မှာ ဦးထုပ်ဖြစ်ပါသည်။

တစ်ခါ မြို့လေးတစ်မြို့၏ စက်ရုံသို့ လာရောက်ကြည့်ရှုကြသော အမျိုးသမီးအများစုမှာ ဦးထုပ်များ ဆောင်းထားကြသည်။ ထို့ကြောင့် သူတို့နောက် ဘယ်မှကြည့်သူများ၊ ကောင်းကောင်းမမြင်ရသဖြင့် စိတ် အနှောင့်အယှက်ပြင်ကြရသည်။ ထို့ကြောင့် စက်ရုံမန်နေဂျာက ဦး ထုပ်ချွတ်ကြရန် မေတ္တာရပ်ခံသည်။ အမျိုးသမီးငယ်များ ဦးထုပ်ချွတ် သော်လည်း အသက်ကြီးကြီးတွေက ဦးထုပ်မချွတ်။ ထိုအခါ မန်နေဂျာက သူ့ကြေညာချက်ကို ဆက်၍ကြေ ညာသည်။

”ခုနက မေတ္တာရပ်ခံတဲ့အထဲမှာ ..အသက်အရွယ်ကြီးရင့်တဲ့ အမျိုး သမီးကြီးများ မပါပါဘူးခင်ဗျ..” ထိုအခါကျမှ ဦးထုပ်ဆောင်း ထားကြသော အမျိုးသမီးအပေါင်း အားလုံးဦးထုပ်ချွတ်လိုက်ကြတော့ ၏။

ကျွန်ုပ်၏နာမည်ပြောင်မှာ ဦး ထုပ်ဖြစ်ပါသည်။

စိတ်ကုဆရာဝန်။ ။ မနေ့က ခင်ဗျားမက်တဲ့ အိပ်မက်အကြောင်း ပြောပြပါဦး

လူနာမိန်းမ။ ။ ကျွန်မအိမ်မက် ထဲမှာ လမ်းမကြီးပေါ် ဝတ်လစ်စ လစ်နဲ့လမ်းလျှောက်နေတယ် ခေါင်းပေါ် မှာ ဦးထုပ်အနီကြီးနဲ့ရှက်လိုက်တာ”

စိတ်ကုဆရာဝန်။ ။ ”သြော်ခင် ဗျားက ဝတ်လစ်စလစ်မို့ ရှက်နေ တာကိုး အိမ်မက်ထဲပဲ.. ဘယ်သူ မြင်တာမှတ်လို့”

လူနာမိန်းမ။ ။ ဝတ်လစ်စလစ်ကို ရှက်တာမဟုတ်ဘူး ဆရာရေ ဦးထုပ် အနီကိုရှက်တာ။ အနီရောင်ဖြစ်တဲ့ အထဲဒီဇိုင်းကလည်း အောက်သေး.”

ဒီလိုနဲ့ ကျွန်တော်မှာ ဦးထုပ် တွေများများလာပါတော့သည်။ ရ ထားသော နာမည်ပြောင်ကိုလည်း ဆက်၍ ကျေနပ်လျှက်ပင်..လျက်။

စောဘရန်ငြိမ်း


LEAVE A REPLY

Please enter your comment!
Please enter your name here