ဝပေမယ့်လဲ သူ့အလှတရားနဲ့သူရှိတယ်ဆိုတာ ပြသသွားမယ့် Miss Plus Size Beauty Queen 2018 အလှမယ်ရွေးပွဲ

0
222

ခန္ဒာကိုယ် ၀ဖြိုးနေလို့ အားငယ်စရာမရှိပါဘူး။ ၀တဲ့သူတွေမှာလဲ သူ့အလှတရားနဲ့ သူရှိတယ်ဆိုတာကို Miss Plus Size Beauty Queen ပြိုင်ပွဲက သတ်သေပြနေပါတယ်။ ဒီပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ပြုလုပ်နေတာ တတိယအကြိမ်မြောက်ရှိသွားပါပြီ။ ပြိုင်ပွဲပြုလုပ်ရတဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး National Director ဖြစ်သူ မခင်စုစုစံက…. “ဘယ် sizeပဲဖြစ်ဖြစ် ၀တာပဲဖြစ်ဖြစ်၊ ပိန်တာပဲဖြစ်ဖြစ် any size is beauty ဆိုတာကို ပြည်သူတွေကို ချပြချင်တာပါ။ ပိန်မှလှတာမဟုတ်ဘူး။ ၀ရင်လဲ လှနိုင်တယ်။ ပိန်မှ ယုံကြည်မှုရှိရှိနေနိုင်တာ မဟုတ်ဘူး။ ၀ရင်လဲ ယုံကြည်မှုရှိရှိနဲ့ သူ့ဟာနဲ့သူနေတတ်မယ်ဆိုရင် ကျော့ကျော့ရှင်းရှင်းလေးနဲ့နေနိုင်တယ်။ အဓိကတော့ စိတ်ဓာတ်မြှင့်တင်ပေးချင်တာပါ။” လို့ပြောပါတယ်။ Miss Plus Size Beauty Queen အနေနဲ့ ပထမဦးဆုံးရွေးချယ်ခံရသူကတော့ မစန္ဒီမင်းအောင်ပါ။ သူက စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ Mrs./ Ms. Top of the world Plus Size 2017 ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတွေလဲ ရရှိခဲ့သူပါ။ အခုနှစ်Miss Plus Size Beauty Queen ပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်တစ်ဦးအဖြစ်လဲ ပါဝင်ဆောင်ရွက်နေပါတယ်။ ၀တဲ့ကောင်မလေးတွေ အိမ်ထဲမှာပဲ မနေဘဲ ပြိုင်ပွဲလာရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်စကားပြောတဲ့ မစန္ဒီမင်းအောင်က . . .

“အရင်တုန်းကဆိုရင် ၀တဲ့လူတွေက အပြင်မထွက်ရဲကြဘူး။ ရှက်ကြတယ်။ အခုကျတော့ ဒီလိုပြိုင်ပွဲလေးတွေလုပ်ပေးတဲ့အတွက် ၀လဲ လှတယ်။ အ၀တ်အစားဝတ်တက်ရင် ပြင်တတ်ဆင်တတ်ရင်လှတယ်။ smart ကျတယ်။ ဒီပြိုင်ပွဲတွေကြောင့် ၀တ်ရဲစားရဲလာကြတယ်။ အဲဒီအတွက် ၀မ်းသာပါတယ်။ ၀တဲ့ကောင်မလေးတွေကိုပြောချင်တာက အိမ်ထဲမှာပဲနေမနေပါနဲ့။ စခံရရင်လဲ ဂရုမစိုက်ပါနဲ့။ အပြင်ထွက်ခဲ့ပါ။ ဒီစင်ပေါ်ကို အရောက်လှမ်းလာပြီး ၀င်ရောက်ယှဉ်ပြိုင်ကြပါ။ ၀တဲ့လူတွေလဲ လှတယ်ဆိုတာ ကိုယ့်ရဲ့အလှတရားကို စင်ပေါ်မှာပြလိုက်ရအောင်”လို့ပြောပါတယ်။ Miss Plus Size Beauty Queen  2018 ပြိုင်ပွဲ မီဒီယာအသိပေးမိတ်ဆက်ပွဲ နဲ့ ပြိုင်ပွဲဝင်များရဲ့  Talent Show ပြိုင်ပွဲကို နိုဝင်ဘာ ၂၇ရက်နေ့ နေ့လည် ၁နာရီက Gandamar Grand Ballroom မှာ ပြုလုပ်ခဲ့ပါတယ်။ ဖိုင်နယ်ပြိုင်ပွဲကိုတော့ ဒီဇင်ဘာ ၉ရက်နေ့ City Channel မှာ ပြုလုပ်မှာဖြစ်ပြီး ဈေးရောင်းပွဲကိုလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here