Myanmar Distillery Co.,Ltd ၏ထုတ်ကုန်အသစ် မိတ်ဆက်

0
167


မြန်မာဖျော်ယမကာ ကုမ္ပဏီ လီမိတက် (MDC) အနေဖြင့် မြန်မာ နိုင်ငံတွင် ပထမဆုံးအနေဖြင့် အထူး ရောစပ်ထားသည့် Mac Arthur’s Blended Scotch Whisky ကို စတင်ဖြန့်ဖြူးလိုက်သည့် အကြောင်း မိတ်ဆက်ပွဲကို နိုဝင်ဘာလ ၂၈ ရက် နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊Novotal Hotel တွင် ကျင်းပပြုလုပ် ခဲ့သည်။

” MDC မှာ ကျွန်တော်တို့အနေ နဲ့ ကိုယ့်ရဲ့ဆန်းသစ်တီထွင်မှုတွေနဲ့ ပတ်သက်လို့ အမြဲတမ်း ဂုဏ်ယူလေ့ ရှိပြီး ဈေးကွက်ထိုးဖောက်ချဉ်းကပ်မှု တွေလည်း ဖန်တီးလေ့ရှိပါတယ်။ ကျွန်တော်တို့အနေဖြင့် သက်ဆိုင်ရာ အစိုးရအာဏာပိုင် အဖွဲ့အစည်းများ နဲ့ လက်တွဲလုပ်ဆောင်လျက်ရှိပြီး ကျွန်တော်တို့ရဲ့ ပြည်ပသွင်းကုန် Scotch Whisky ဟာဆိုရင် မြန်မာ အစိုးရအဖွဲ့မှ ထုတ်ပြန်ထားတဲ့ အ ခွန်အခနှုန်းထားများကိုလည်း တရား ဝင် ပေးဆောင်ထားပါတယ်။ ကျွန် တော်တို့နိုင်ငံတွင်းမှာ လာရောက် ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်ဖြစ်စေ၊ ပြည်တွင်းလုပ် လုပ်ငန်းရှင်ဖြစ်စေ၊ နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း တွေကို မည်သည့်ရင်းနှီးမြှုပ်နှံသူမဆို လိုက်နာရမယ်လို့လည်း ယုံကြည်ထား ပါတယ်။ ထပ်ပြီးပြောချင်တာက ကျွန်တော်တို့ရဲ့ Scotch Whisky ကို မြန်မာနိုင်ငံထဲမှာရှိတဲ့ စားသုံးသူ စိတ်ကြိုက် ရွေးချယ်နိုင်ရေးအတွက် မြန်မာနိုင်ငံ ဈေးကွက်ထဲ တင်သွင်း တာဖြစ်ပါတယ်”ဟု MDC ၏ ပူးတွဲ ဥက္ကဋ္ဌဦးအောင်မိုးကျော်က ရှင်းလင်း ပြောကြားခဲ့သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here