နဂါးစာပေဆိုင်ခွဲ ဖွင့်ပွဲတွင် စာပေလူမှု ကူညီရေးအစီအစဉ်အတွက် အလှူငွေလှူဒါန်း

0
345


နဂါးစာပေဆိုင်ခွဲသစ်ကို မန္တ လေးမြို့ ၆၈လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားတွင် နိုဝင်ဘာလ ၂၈ ရက် နံနက်က စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

နဂါးစာပေဆိုင်ခွဲသစ် ဖွင့်ပွဲကို မန္တလေး စာပေအနုပညာ ရပ်ဝန်းမှ အနုပညာရှင်များ၊ စာရေး ဆရာများ၊ စာပေချစ်သူများတက် ရောက်ကြပြီး နဂါးစာပေမိသားစု မှ ဆိုင်ဖွင့်ပွဲ အမှတ်တရစာပေလူမှု ကူညီရေးအစီအစဉ်အတွက် အလှူ ငွေကျပ် ၁ဝ သိန်း ပေးအပ် လှူဒါန်း ခဲ့ပါသည်။

ဆိုင်ဖွင့်ပွဲအမှတ်တရအဖြစ် ဒီဇင်ဘာလ ၄ရက်နေ့အထိ ၇ ရက် တိုင်တိုင်စာအုပ်တိုက် ပေါင်းစုံက စာအုပ်အားလုံးကို ၁၅% လျှော့ ဈေး ဖြင့်ရောင်းချပေးသွားမှာဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here