အမြဲစိတ်ချမ်းသာအောင်ထားတဲ့ ခင်ပွန်းဖြစ်သူကို ပိုင်ဆိုင်ထားတဲ့ အိန္ဒြာကျော်ဇင်

0
639

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ အိမ်ထောင်ရေးကတော့ ပျော်ရွှင်မှုတွေနဲ့အတူ သာယာကြည်နူးဖို့ကောင်းလှပါတယ်။ အနုပညာသမားနှစ်ဦးလဲ ဖြစ်တဲ့အတွက် အပေးအယူအမျှမျှနဲ့ ခရီးဆက်နေကြတဲ့အတွက် ပြသနာဆိုတာလဲ မရှိသလောက်ပါပဲ။ ပြေတီဦးကတော့ ဇနီးဖြစ်သူအိန္ဒြာကျော်ဇင်ကို “မိန်းမစိတ်ချမ်းသာရင်ပြီးရင် မိန်းမကြိုက်တာလုပ်”ဆိုပြီး ဘာလုပ်လုပ်တားမြစ်ပိတ်ပင်တာမျိုးမရှိဘဲ ခွင့်ပြုပေးထားတယ်လို့ ပြောထားပါတယ်။ ဒီလိုကိုယ့်အပေါ်စိတ်ချမ်းသာအောင် ထားတဲ့ ခင်ပွန်းဖြစ်သူကို ပိုင်ဆိုင်ရတဲ့အပေါ် အိန္ဒြာကျော်ဇင်ကလည်း _

“သဘောအားဖြင့်ပြောရရင် အစ်မက အိမ်ရှင်မကောင်းပီသတဲ့ထဲမှာမပါဘူး။ ယောကျာ်းကို ချက်ပြုတ်ကျွေးမွေးတဲ့သူထဲမှာ အစ်မမပါဘူး။ ကိုယ်ကလည်း အလုပ်တဖက်က ရှိနေသေးတယ်။ တချို့ယောကျာ်းတွေဆိုရင် အိမ်ရှင်မပီပီသသဖြစ်စေချင်တဲ့သူတွေလဲ ရှိမှာပဲလေ။ မဖြစ်ခဲ့ရင်လဲ ပြောမယ့် ယောကျာ်းလဲ ရှိမှာပဲ။ ဒါကတော့အမျိုးမျိုးပေါ့။ ကိုပြေတီဦးက အဲဒီလိုမဟုတ်ဘူး။ သူ့အတွက်က ဘယ်လိုဖြစ်ဖြစ်အဆင်ပြေတယ်။ စားတာသောက်တာကအစ ဂျီးမများဘူး။ အိမ်မှာ ရှိတဲ့ ဟာနဲ့စားတယ်။ သူ့အတွက်က ဘာရီဟသိပ်မရှိဘူး။ သူက အစ်မကိုမှမဟုတ်ပါဘူး။ ဘယ်သူ့ကိုမဆို စိတ်ချမ်းသာစေချင်တယ်။ ဘယ်သူပဲဖြစ်ဖြစ်စိတ်ချမ်းသာအောင် သူဘာလုပ်ပေးရမလဲပေါ့။ အဲဒီလိုစိတ်မျိုး ရှိတယ်။ အစ်မအနေနဲ့ကလည်း သူပြောသလိုပဲပေါ့။ အပြန်အလှန်ပဲ။ သူ့ရဲ့စိတ်က ဘယ်လိုရှိလဲ။ အစ်မလဲသူ့စိတ်ကို နားလည်တယ်။ သိတယ်။ သူလဲ အဲဒီလိုမျိုးပဲ။ တစ်ယောက်နဲ့တစ်ယောက်က နားလည်မှုလေးနဲ့သွားနေတာဆိုတော့ သိပ်ပြသာနာမရှိဘူး။” လို့ပြောပါတယ်။  အိမ်ထောင်တစ်ခုမှာ သူစိမ်းနှစ်ယောက်ပေါင်းဖက်ရတာဖြစ်တဲ့အတွက် နားလည်မှုရှိဖို့ကလည်း အရေးကြီးလှပါတယ်။ စိတ်ထားတတ်ဖို့လဲ လိုတယ်လို့ ဆိုတဲ့ အိန္ဒြာကျော်ဇင်က…

“အချစ်ဆိုတာကတော့ ပြောရရင် ချစ်လို့ပဲ ယူခဲ့ကြတာပါပဲ။ အိမ်ထောင်သက်ကြာလာတဲ့အခါမှာ ဒီအချစ်ဆိုတာထက် တစ်ယောက်နဲ့တစ်ယောက်က နားလည်မှုတွေ၊ ပေးဆပ်မှုတွေနဲ့ သွားရတာပါပဲ။ ဘယ်အပေါ်မှာ အခြေခံလဲဆိုတော့ ကိုယ့်ရဲ့စိတ်ပေါ်မှာ အခြေခံတာပေါ့။ လူတစ်ယောက်က ကိုယ်စိတ်ဖြစ်ချင်တဲ့အတိုင်း ကိုယ်လုပ်ချင်တာလုပ်မယ်၊ ကိုယ်ပြောချင်တာပြောမယ်ဆိုတဲ့ အတ္တစိတ်ကိုတော့ ချိုးနှိမ်ရတာပေါ့။ ဘယ်နေရာမှမဆိုပေါ့။ အိမ်ထောင်ရေးမှာလဲ ဒီလိုပဲလိုအပ်တယ်။ ဘာမှမတူတဲ့သူစိမ်းနှစ်ယောက်ပေါင်းဖက်တဲ့အခါမှာ ပိုပြီးတော့ နားလည်မှုတွေ၊ ပေးဆပ်မှုတွေ၊ အချစ်တွေ၊ မေတ္တာတွေ ဒီအပေါ်မှာလဲ အခြေခံသွားတာပေါ့။ ဒါတွေကအဓိကလိုအပ်တာပေါ့။ စိတ်ကလေးတွေ ထားတတ်ဖို့က အလိုအပ်ဆုံးပါပဲ” လို့ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here