အိပ်မက်တစ်ခုကို အကောင်အထည်ဖော်လိုက်တဲ့ အဆိုတော် တိုးခိုင်

0
246

အဆိုတော်​ တိုးခိုင်ရဲ့ တရေးနိုးဆိုတဲ့ တေးအယ်လ်ဘမ်သစ် မိတ်ဆက်ပွဲကို နိုဝင်ဘာလ ၂၉ ရက်နေ့က My Garden မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခွေထွက်​ဖြစ်တာနဲ့ ပတ်သက်ပြီး တိုးခိုင်က…

”ကျွန်တော့်ရဲ့ အိမ်မက်​တစ်ခုပါ။ ကျွန်တော်​ကြိုက်တဲ့ သီချင်းလေးတွေ တစ်ချိန်ချိန်မှာ ပြန်ဆိုမယ်​ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအခွေလေးကို လုပ်ဖြစ်တာပါ။ ကျွန်တော့်​ဘဝရဲ့ အမှတ်တရအနေနဲ့ လုပ်ဖြစ်​သွားတာပါ။ ဂျူဝယ်နဲ့ ပန်းချစ်သူဆိုတဲ့ တစ်ပုဒ်ကို နှစ်ယောက်တွဲပြီး သီဆိုထားပါတယ်။ ဒီအခွေ လေးကို ကျွန်တော် ၆လ၊ ၇လလောက် အချိန်ယူပြီး လုပ်ထားတာပါ။ သီချင်း စုစုပေါင်း ၁၄ ပုဒ်​ပါတယ်။ တေးရေးတွေက မောင်မောင် (မဇ္ဇျိမလှိုင်း)၊ ခင်ဝမ်း၊ မိုးကျော်​၊ ရာပြည့်​၊ တိုနီတင်​၊ နိုင်မင်း၊ မိုးကောင်း၊ ခင်မောင်ပါ၊ စီယံ၊ ဝင်းကိုခိုင်​၊ စိုးတင့်တို့ရဲ့ သီချင်းကောင်းတွေပါ။ လူသိများတဲ့ နာမည်ကြီး သီချင်းတွေကို ကျွန်တော်​တအားကြိုက်လို့ ပြန်ဆိုဖြစ်တာပါ။ နားထောင်ပြီး ဝေဖန်ကြပါ” လို့ ပြောပြခဲ့ပါတယ်။ အဆိုပါ တေးသီချင်းအခွေသစ်​မိတ်ဆက်ပွဲကို အဆိုတော် ဟေမာနေဝင်း၊ မီမီဝင်းဖေ၊ ပြေတီဦးသို့ တက်ရောက်​ဂုဏ်ပြုပေးခဲ့ကြပါတယ်။

ခိုင်ဝါဝင်း၊ ဓာတ်ပုံ – မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here