Winner ရအောင် ကြိုးစားခဲ့မယ့်Miss Universe Myanmar 2018 နှင်းသွေးယုအောင်

0
294

 

မြန်​မာနိုင်​ငံကိုယ်​စားပြုအဖြစ်​ ထိုင်းနိုင်​ငံကို သွားရောက်​ယှဉ်​ပြိုင် နေသူကတော့ Miss Universe Myanmar 2018 နှင်းသွေးယု အောင်​ပဲဖြစ်​ပါတယ်​။ နိုဝင်​ဘာလ ၂၉ ရက်​နေ့မှာတော့ သူဟာ ရန်​ကုန်​အပြည်​ပြည်​ဆိုင်ရာ လေဆိပ်​ကနေ ထိုင်းနိုင်ငံ၊ ဘန်​ကောက်​​မြို့ကို ထွက်​ခွာသွားပြီဖြစ်​ပါတယ်​။ ရန်​ကုန်​အပြည်​ပြည်​ဆိုင်​ရာလေဆိပ်​ကို သူ့ကိုချစ်​ကြသော Fan များ၊ အလှ မယ်​များက လိုက်​ပါပို့ဆောင်​ခဲ့ကြပါတယ်။ ထိုင်းနိုင်​ငံကို သွားရောက်​ယှဉ်​ပြိုင်​တော့မှာဖြစ်​တဲ့အတွက်​ စိတ်​လှုပ်​ရှားနေတာနဲ့ပတ်​သက်​ပြီး နှင်းသွေးယုအောင်​က…

”အရမ်းတွေ စိတ်လှုပ်ရှားနေတယ်။ လေဆိပ်ကို ဝင်လာကတည်းက လေဆိပ်ကြီးကိုတွေ့လိုက်ရတော့ ရင်ထဲမှာ ဒိန်းကနဲ ဖြစ်သွားတယ်။ ဟိုဘက်လေဆိပ်ကို ရောက်လို့ လာ ကြိုတဲ့သူတွေကို တွေ့ရင် ဘယ် လောက်ထိတောင်များ စိတ်လှုပ်ရှား နေမလဲလို့ တွေးမိတယ်။ ပြိုင်​ပွဲပြိုင်​ရတော့မှာဆိုတော့ ရင်​တွေလည်း တအားခုန်​နေပါတယ်​”ဆိုပြီး ပြောပြ ပါတယ်​။ ပြိုင်ပွဲမှာ ဝတ်​မယ့်​ အဝတ်​အစားပိုင်းနဲ့ပတ်​သက်​ပြီးတော့လည်း နှင်းသွေးယုအောင်​က ပြိုင်​ပွဲမှာ Evening Grown က ဒီဇိုင်​နာဖြိုးကို ရဲ့ ကြက်​သွေးရောင်​နဲ့ မိန်းမဆန်​ဆန်​ပုံစံလေးဝတ်​ဖြစ်​မယ်​။ National Custume ကတော့ သနပ်​ခါးနဲ့ပတ်​သက်​ပြီး နှင်းသွေးက ပြမှာ ဆိုတော့ ရိုးရိုးယဉ်​ယဉ်​ပုံစံလေးပဲဝတ်​ဖြစ်​မယ်။ သနပ်​ခါးဆိုတာ ကိုယ့်​မြန်​မာနိုင်​ငံမှာ ပဲရှိတဲ့ အရာတစ်​ခုဖြစ်​တဲ့ အတွက်​ ကမ္ဘာ့အလယ်​မှာ မြန်​မာမှာ ဒီလိုတန်​ဖိုးရှိတာတွေ အမျာကြီးရှိပါလားဆို တာကို သိစေချင်​လို့ နှင်းသွေးချပြ သွားမှာပါ”လို့ ပြောပြခဲ့ပါတယ်​။

နှင်း သွေးက ထိုင်းနိုင်​ငံမှာ သွားရောက်ယှဉ်​ ပြိုင်​မှာဖြစ်​ပါတယ်​။ နှင်းသွေးကိုယ်​တိုင်​ကလည်း ထိုင်းစကားတတ်​တဲ့ အတွက်​ ပြိုင်​ပွဲဝင်​တွေကြားထဲမှာ ပိုပြီးတော့ ထင်​ပေါ်မယ်​ထင်​ပါတယ်​လို့ နှင်းသွေးယုအောင်​က​ ပြောပြခဲ့ပါ တယ်​။

ခိုင်​ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here