ကိုယ်​စင်​တင်​ပေးတဲ့ မင်းသားဖြစ်​တဲ့ မိုးအောင်​ရင်​အတွက်​စိတ်​မကောင်းဖြစ်​နေသူလပ်​ကီးဆဲဗင်း ထုတ်​လုပ်​ရေးပိုင်​ရှင်​ကိုအုန်းဝင်း

0
393

လပ်ကီးဆဲဗင်းရုပ်ရှင်နှင့် ဗီဒီ ယိုထုတ်လုပ် ရေးကနေ စင်တင်မင်းသားအဖြစ် မွေးထုတ်ပေး လိုက်တဲ့ အနုပညာရှင်ကတော့ သရုပ်ဆောင် မိုး အောင်ရင်ပဲဖြစ်ပါတယ်။ သရုပ်ဆောင် မိုး အောင်ရင်က မူးယစ်ဆေးဝါးပြစ်မှုနဲ့ ထောင်ဒဏ် ငါးနှစ်ကျခံရတယ်ဆိုတာနဲ့ပတ်သက်ပြီး စိတ်မ ကောင်းဖြစ်ရတဲ့အကြောင်းရင်းကိုလည်း ထုတ် လုပ်ရေးပိုင်ရှင် ကိုအုန်းဝင်းက…

”သူက ကျွန်တော် တို့ရဲ့ တူလို၊ သားလို ဖြစ်နေတယ်။ သူအနုပညာ လောကကို စဝင်လာကတည်းက သူ သရုပ် ဆောင်ချင်တာပဲသိတယ်။ သူ ဘာမှမသိဘူး။ အနုပညာလောကထဲရောက်ပြီး ရုပ်ရှင်ရိုက်နေ ရင်နဲ့ သူ မရိုက်ချင်ဘူး။ ဘာဖြစ်တယ်။ ညာဖြစ် တယ်ဆိုပြီး ထွက်သွားတယ်ဆိုတာလည်းမရှိဘူး။ အနုပညာအသိုင်းအဝိုင်းကလည်း သူ့ကို တအား ချစ်ကြတယ်။ အခုလိုမျိုးဖြစ်သွားတဲ့အတွက် လည်း အားလုံးက စိတ်မကောင်းဖြစ်နေကြ တယ်။ သူအခုလိုဖြစ်သွားတာ အပေါင်းအသင်း မှားတာကြောင့်ထင်ပါတယ်။ အခုလိုဖြစ်သွား တဲ့အတွက်လည်း ကျွန်တော်လည်း တအားကို စိတ်မကောင်းဖြစ်ရတယ်”လို့ ပြောပြခဲ့ပါတယ်။

မိုးအောင်ရင်ကို ထောင်ဝင်စာသွားတွေ့ဖြစ်တာနဲ့ ပတ်သက်ပြီးတော့လည်း…

”ကျွန်တော် သူ့ကို ထောင်ဝင်စာသွားတွေ့ဖြစ်ပါတယ်။ သွားတွေ့ တိုင်းလည်း စိတ်မကောင်းဖြစ်ရတယ်။ သူက အစ်ကိုတို့ ဆုံးမတာကို ကျွန်တော်နားမထောင်ဖြစ် တာ။ နောင်တရတယ်လို့ပြောတယ်။ သူ့ဘက်က အဲဒီလိုစကားတွေပြောရင် ကျွန်တော်မခံစားနိုင် ဘူး။ ကျွန်တော် နောင်တရတယ်။ နောင်တရ တယ်ဆိုတာတော့ အမြဲတမ်းပြောတယ်။ သူ့ စိတ် ကိုအလိုလိုက်မိတာပါ။ သူ ထောင်ကထွက်လာ ရင်လည်း ကျွန်တော်တို့ ထုတ်လုပ်ရေးအနေနဲ့ သူနဲ့ လက်တွဲပြီး အနုပညာအလုပ်တွေ အများ ကြီး ဆက်လုပ်သွားဦးမှာပါ” လို့လည်း ကိုအုန်း ဝင်းက ပြောပြခဲ့ပါတယ်။

အဓိကတော့ ကိုယ်ဖြစ် ရင် ကိုယ်ခံရမှာပဲ။ ကိုယ်အားပေးတဲ့ အနုပညာ ရှင်တစ်ယောက်ဖြစ်သွားတယ်ဆိုတော့ စိတ် မကောင်းတဲ့ ပရိသတ်တွေလည်း ရှိတယ်။ အနုပညာသမားက စံပြဖြစ်ရမယ်ဆိုပြီး မချိ တင်ကဲလူတွေလည်း ရှိကြတယ်။ အပြစ်တင် မယ့်အစား သူ့ကို သင်ခန်းစာယူစေချင်တယ်။ နိုင်ငံခြားက မင်းသား၊ မင်းသမီးတွေလည်း ဒီလို မျိုးတွေရှိကြတယ်။ သူက မနူးမနပ်အရွယ် သူ့စိတ်ကို သူမထိန်းနိုင်ဖြစ်သွားတာကြောင့် လည်း အခုလိုမျိုး သူပြန်ပြီး ပေးဆပ်နေရတယ် လို့လည်း ကိုအုန်းဝင်းက ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း၊

ဓာတ်​ပုံ-အောင်​ဇောင်​မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here