နှင်းဆီပဝါ ခြုံတဲ့လက် အငြိမ့်ကို အခုလအတွင်း ပြုလုပ်မည်

0
400

နှင်းဆီရင်ခွင်လူမူကူညီရေး ဖောင်ဒေးရှင်းမှ စီစဉ်တင်ဆက်သော ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)၏ နှင်းဆီပဝါခြုံတဲ့လက် အငြိမ့် ကို ဒီဇင်ဘာလ ၂၈ရက်နေ့နဲ့ ၂၉ ရက်နေ့ ည ၇ နာရီတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ တော်ဝင်ဂါးဒင်း ဟိုတယ်တွင် ပြုလုပ်မှာဖြစ်ပါတယ်။ လူရွှင်တော်တွေကတော့ နှင်းဆီအဖွဲ့သားတွေဖြစ်တဲ့ မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေး၊ ဖူးစုံ၊ မေကဗျာ၊ မိုးပြည့်ပြည့်မောင်၊ မိုးယုစံတို့က ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေကြဦးမှာဖြစ်ပါတယ်။ အထူးအစီအစဉ် အနေနဲ့ Media Launching ပြုလုပ်သောနေ့တွင် Fan Meeting ပြုလုပ်ပြီး အနုပညာရှင်များ ကိုယ်တိုင်လက်မှတ်ရေးထိုးကာ လက်မှတ်များကို ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ နှင်းဆီကိုမျှော်နေကြတဲ့ ပရိသတ်တွေအတွက်လည်း အားလုံးပျှော်ရွှင်ကြရမယ့် ပွဲလေးတစ်ပွဲ ဖြစ်မှာမလွဲပါပဲ။


LEAVE A REPLY

Please enter your comment!
Please enter your name here