ဗိုလ်မှူးကြီး ညွန့်ဆွေ (ငြိမ်း)နှင့် ဒေါ်သက်သက်ဆွေ မိသားစုတို့၏ ၂၁ ကြိမ်မြောက် ကထိန်အလှူတော်မင်္ဂလာ

0
283

ဗိုလ်မှူးကြီးညွန့်ဆွေ(ငြိမ်း) (စာရေးဆရာကြီး မောင်ဆွေသက်) နှင့် ဒေါ်သက်သက်ဆွေ (စာရေးဆရာမကြီး သရက်မသက်ဆွေ) မိသားစုတို့၏ ၂၁ ကြိမ်မြောက် ကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အောင်မြေရတနာ စာသင်တိုက် တွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ကထိန်အလှူတော်မင်္ဂလာတွင် ဗိုလ်မှူးကြီးညွန့်ဆွေ (ငြိမ်း)နှင့် ဒေါ်သက်သက်ဆွေ မိသားစုက သံဃာတော် ၈၇ ပါးကို လှူဖွယ်ဝတ္ထုများ လှူဒါန်းခဲ့ပြီး ငွေကျပ် သိန်း ၂ဝ ကို ငွေပဒေသာပင်အဖြစ် စိုက်ထူလှူဒါန်းခဲ့ သည်။

ကထိန်အလှူတော်သို့ မိသားစုဝင်များ၊ ဆွေမျိုးမိတ်သင်္ဂဟများ၊ စာပေ မိတ်ဆွေများ စုံစုံလင်လင် လာရောက်ကာ သာဓုအနုမောဒနာ အတူတကွ ခေါ်ဆိုခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here