Y.M.A \ ‘ပြားကိုးဆယ်’ အမည်ရှိ ကိုယ်တိုင်ရေး/ဆို တေးစီးရီး DVDထွက်ရှိ

0
315

အဆိုတော် Y.M.A ၏ ”ပြားကိုးဆယ်” အမည်ရှိ တေးသီချင်း DVD ထွက်ရှိခြင်းအခမ်းအနားကို နိုဝင်ဘာလ ၂၃ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သီချင်းခွေနှင့်ပတ်သက်ပြီး အဆိုတော် Y.M.A က ”ကျွန်တော် သီဆိုထားတဲ့ တေးသီချင်း အပုဒ် ၃ဝ လောက်ထဲက အကြိုက်ဆုံးဖြစ်တဲ့ တေးသီချင်း ၁၂ ပုဒ်ကို ရွေးချယ်ပြီး သီချင်းခွေလုပ်ဖြစ်တာပါ။ တေးသီချင်း ၁၂ ပုဒ်လုံးကို သဘောကျလို့ ကျွန်တော် ရွေးချယ်ပြီး ထည့်ထားတာ။ Rock Music အမျိုးအစားတွေပါ။ ၂ဝ၁၅ ခုနှစ် တုန်းက ကျွန်တော် Audio ထွက်ရှိထားပါတယ်။ အမှတ်တရ တွေကတော့ ကျွန်တော့်ရဲ့ Title ဖြစ်တဲ့ ”ပြားကိုးဆယ်”ဆိုတဲ့ သီချင်းလေးကို လူရွှင်တော် ကိုကျော်ထူးနဲ့ MTV ရိုက်တယ်။ ရိုက်ပြီးသွားတဲ့အခါ အဲဒီသီချင်းလေးက ဆင်ဆာတင်တော့ ဆင်ဆာမရဘူး။ သူတို့ ပြန်ပြင်ခိုင်းတာက တစ်ပုဒ်လုံးဖြစ်နေတဲ့ အခါကျတော့ အစအဆုံး ပြန်ရိုက်ရတယ်။ အဲဒါကတော့ အမှတ်တရလေး ပါပဲ။ ဒီသီချင်းခွေကို ပရိသတ်တွေ သဘောကျကြိုက် နှစ်သက်ကျမှာပါ။ အားပေးကြပါ” ဟု ပြောသည်။

အဆိုပါအခွေတွင် တေးသီချင်း စုစုပေါင်း ၁၂ ပုဒ်ပါရှိပြီး ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆို၊ ကိုယ်တိုင် တီးခတ်ထားကာ The Sun Music က နိုဝင်ဘာလ ၂၃ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံးသို့ ဖြန့်ချိခဲ့သည်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here